What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 October 2017 14:21

ဆားရေရဲ့ ကောင်းကျိုး (၅) ချက်

ဆားရေရဲ့ ကောင်းကျိုး (၅) ချက် google.com

ပင်လယ်ရေပဲဖြစ်ဖြစ် အိမ်ကဆားနဲ့ ထည့်ဖျော်ထားတဲ့ ဆားရေပဲဖြစ်ဖြစ် အလှအပ ရေးရာ အတွက်ဆိုရင်တော့ တကယ်ပဲ အရေးကြီးပါတယ်။

အရေပြား ရောင်ရမ်းတာကစလို့ ချောမွေ့နူးညံ့တဲ့ အရေပြားလေးတွေရဖို့ အထိ ကောင်းကျိုးတွေ အများကြီးကို ဆားရေက ယူဆောင်ပေးနိုင်ပါတယ်။

၁. ဆားရေထဲမှာ အရေပြားကျန်းမာရေးအတွက်ကောင်းတဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လဆီယမ် (Calcium)၊  မဂ္ဂနီဆီယမ် (Magnesium)နဲ့ ပိုတက်စီယမ်(Potassium) တို့ ပါဝင်တာကြောင့် အရေပြားအတွက် အရမ်းကို အကျိုးရှိစေပါတယ်။

ဆားရည်က အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယား အပါအဝင် အဆိပ် အတောက်တွေ ကိုဖယ်ရှားပြီး ရောဂါပိုးကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးပြီး အနာကျက်လည်း မြန်စေပါတယ်။

မဂ္ဂနီဆီယမ်က ယားယံခြင်းကို ပျောက်ကင်းစေရုံသာမက မှိုနဲ့ ဘက်တီးရီးယားတွေပေါက်ပွားမှုကိုလည်း တားဆီးပေးပါတယ်။

၂. ဆားမှာ သဘာဝ အစိုဓါတ်လျော့ချခြင်း အာနိသင်ရှိတာကြောင့် အရေပြားရဲ့ ပုံမှန်ထက်ပိုနေတဲ့ အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။

၃. ဆားက ဘတ်တီးရီးယားကို နိုင်တဲ့အတွက် ပလုတ်ကျင်းရည်အဖြစ်သုံးနိုင်ပါတယ်။ သွားဖုံးတွေကို သန့်စင်ပေးပြီးတော့ ခံတွင်း အနံ့ဆိုးတာကိုလည်း သက်သာစေပါတယ်။ ဒါတင်မကဘူး သွားဖုံးရောင်တာနဲ့ ခံတွင်းထဲမှာ နာတာ၊ ယားတာစတဲ့ အခြားခံတွင်း ပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရေနွေးထဲကို ဆားနည်းနည်းထည့်ပြီး သုံးဆယ်စက္ကန့်ကနေ ခြောက်ဆယ် စက္ကန့်လောက် ပလုတ်ကျင်းပေးပါ။

၎. ဆားမှာ သန့်စင်ပေးတဲ့ အစွမ်းရှိပါတယ်။ ဆားရည်ထဲမှာပါတဲ့ သတ္တုဓါတ်တွေဟာ ချွေးပေါက်တွေကို ပွင့်စေတဲ့ အတွက် ပိုပြီးနက်နက်ရှိုင်းရှိုင်းဆေးကြောနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပြီး အရေပြားက Moisturizer ကိုလည်း စုပ်ယူတာကိုလည်း အားပေးပါတယ်။

၅. ဆားရည်က ကြွက်သားနာကျင်ခြင်းအတွက် သဘာဝနဲ့ အကုန်အကျနည်းတဲ့ ဆေးနည်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်းပါးများကို စိတ်ဝင်စားသူများသည် ဒီ Link ကို နှိပ်၍ ဖတ်ရှုနိုင်ပါတယ်နော်။

Source : akhayar

Read times
Rate this item
(1 Vote)