What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 December 2020 17:26

ကျောက်ကပ်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးမယ့် နည်းလမ်း (၄) ခု

ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲမှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။

 

အောက်ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

 

၁. ရေလုံလုံလောက်လောက် သောက်ပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ပါက ကျောက်ကပ် ရောဂါဖြစ်ပွားနိုင်ခြေ ၂ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ရှစ်ဖန်ခွက် သောက်ပါ။ သင်နဲ့ အနီးဆုံးနေရာ၊ လက်လှမ်းမီတဲ့ နေရာ၊ အလုပ်စားပွဲ စတဲ့နေရာတွေမှာ အလွယ်တကူ ရေသောက်နိုင်အောင် ရေ ဘူး၊ ရေကရားတွေ ထားရှိပါ။

 

၂. ဒိန်ချဉ် သို့မဟုတ် နွားနို့သောက်ပါ။

တစ်နေ့ကို နွားနို့တစ်ခွက် သို့မဟုတ် ဒိန်ချဉ်နှစ်ခွက်သောက်တာက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်း သိမ်းနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ နွားနို့ထဲမှာ ပါရှိတဲ့ ကယ်လ်စီယမ်ဓာတ်က သွေးဖိ အားမြင့်မားနိုင်ခြေကို လျှော့ချပေးပြီး ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို ၂ဝ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။

 

၃. ဆားလျှော့စားပါ။

ဆားစားသုံးမှု များတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို မြင့်မား စေပါတယ်။ အစာတွေမှာ ဆားပိုထည့် စားတာကြောင့် ကျောက်ကပ်ကနေ ကယ်လ်စီယမ် စွန့်ထုတ်မှုကို များစေပြီး အရိုးသန်မာမှုကို လျော့နည်းစေ ပါတယ်။

 

၄. အရည်ရွှမ်းသော အသီးများများစားပါ။

ဖရဲသီး၊ သခွားမွှေးသီး၊ နာနတ်သီး စသည့် အရည်များသော အသီးများကို ရွေးချယ်စားသုံးပါ။

Read times
Rate this item
(0 votes)