What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 February 2019 11:30

သင့်ရဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အလေ့အကျင့် ၅ မျိုး

သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေဟာ အင်မတန်မှ အရေးပါလှပါတယ်။ 

သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးခြင်း၊ သွေးပေါင်ချိန်ကို မျှတစေခြင်းနဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို အဆိပ်အတောက် ဖယ်ရှားပေးခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ နေ့စဉ် ပြုလုပ်မိနေကျ အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဆီးချုပ်ထားခြင်း

ဆီးသွားချင်ပြီး ဆီးချုပ်ထားတဲ့အခါ ဆီးအိမ်ထဲမှာ ဆီးတွေကို အချိန်ကြာကြာ သိုလှောင်ထားသလို ဖြစ်ပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ ဒီဘက်တီးရီးယားတွေဟာ ဆီးပြွန်နဲ့ ကျောက်ကပ်အထိ ပျံ့နှံ့သွားပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကနေ ကျောက်ကပ် ပျက်စီးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

 

(၂) အထိုင်များခြင်း

တနေ့တာလုံးမှာ အချိန်ကြာကြာ မလှုပ်မယှက် ထိုင်ခြင်းဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့် ရှိတာကြောင့် နာရီဝက် တကြိမ်ဆိုသလို ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ မမေ့လျော့သင့်ပါဘူး။

 

(၃) ရေသောက်နည်းခြင်း

ရေများများသောက်ပေးခြင်းဟာ ကျောက်ကပ်ကနေ ဆိုဒီယမ်နဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ထုတ်ပေးဖို့ အကူအညီ ဖြစ်စေပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် တနေ့ကို ရေတလီတာခွဲကနေ ၂ လီတာအထိ သောက်သုံးပေးသင့်ပြီး ရေသောက်နည်းခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို များစေပါတယ်။

 

(၄) ဆားနဲ့ သကြား အစားများခြင်း

ဆားစားသုံးမှုများခြင်းဟာ ကျောက်ကပ်ကနေ ဆိုဒီယမ်စွန့်ထုတ်ဖို့အတွက် ပိုမိုအလုပ်လုပ်ရတာကြောင့် ကျောက်ကပ်ကို ပျက်စီးနိုင်ခြေများစေပါတယ်။ ဒါ့အပြင် သကြားစားသုံးမှုများခြင်းဟာဆိုရင်လည်း သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ဆီးချိုဖြစ်နိုင်ခြေကို များစေတာကြောင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးနိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။

 

(၅) အကိုက်အခဲပျောက်ဆေးတွေ မကြာခဏ သောက်သုံးခြင်း

အကိုက်အခဲပျောက်ဆေးတွေ မကြာခဏဆိုသလို သောက်သုံးခြင်းဟာ ကျောက်ကပ်ဆီသွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတာကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေကို မြင့်တက်စေပါတယ်။

Irrawaddy

Read times Last modified on Monday, 01 June 2020 18:00
Rate this item
(1 Vote)