What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 January 2017 11:38

ငှက်ပျောသီးစားရင် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၅) ခု

ငှက်ပျောသီးစားရင် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၅) ခု

နေ့စဉ် စားသောက်နေကြတဲ့ အစားအစာများထဲမှာ ငှက်ပျောသီးက လွယ်လွယ်ကူကူ ရယူစားသောက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

ငှက်ပျောသီး စားပေးခြင်းကြောင့် အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခုကို အလွယ်တကူ ရရှိနိုင်ပါတယ်။

၁. အင်အားရှိခြင်း

- ငှက်ပျောသီးနှစ်လုံး စားလိုက်ရင် တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်လိုက်တဲ့ စွမ်းအင်တွေကို ပြန်လည်ရရှိနိုင်ပါတယ်။

- ဗီတာမင်ဓာတ် မြင့်မားစွာ ပါဝင်ပြီး သတ္ထုဓာတ်လည်း ရရှိနိုင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၂. သွေးဖိအား ပုံမှန်ဖြစ်စေ

- လူကြီးတွေ သတိထားရမယ့် သွေးဖိအား မငြိမ်တဲ့ ပြဿနာကိုလည်း ငှက်ပျောသီးက ထိန်းညှိပေးပါတယ်။

- ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် ရတဲ့အတွက် အဲဒီလို သွေးဖိအားကို ထိန်းညှိပေးနိုင်တာပါ။

၃. ကိုယ်တွင်း လည်ပတ်မှု ကောင်းမွန်စေ

- ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 က သင်ရဲ့ခန္ဓာကိုယ် ဇီဝဖြစ်စဉ် တစ်ခုလုံး ကောင်းမွန်လာအောင် ထိန်းညှိပေးပါတယ်။

- နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

၎. ၀မ်းမှန်စေ

- ၀မ်းချုပ်နေသူတွေဟာ ငှက်ပျောသီး ပုံမှန်စားပေးသင့်ပါတယ်။

- ၀မ်းချုပ်နေမယ်ဆိုရင် အခြားဓာတုဆေးဝါးတွေ သောက်တာထက် ငှက်ပျောသီး စားတာက ပိုထိရောက်ပါတယ်။

၅. ၀ိတ်ကျစေ

- ဒါကလည်း ငှက်ပျောသီးက ပေးတဲ့သဘာဝလက်ဆောင်ပါ။

- ဗီတာမင် မြင့်မားစွာရခြင်း ၊ သတ္ထုဓာတ်တွေပါဝင်ခြင်းက သင့်ကိုယ်တွင်း အဆီတွေကို ဖယ်ရှားပေးပါတယ်။

- ၄ အောင်စကနေ ၆ အောင်စရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ ကယ်လိုရီ ၄၀ လောက်ပါဝင်ပြီး ကာဗွန်ဟိုက်ဒရိတ်ဓာတ် ၃၆ ဂရမ် ပါဝင်ပါတယ်။

Source: The voice

Read times Last modified on Monday, 02 January 2017 11:41
Rate this item
(1 Vote)