What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 May 2019 10:34

ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထု လမ်းလျှောက်ပွဲ

ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို လာမယ့် မေလ ၁၇ ရက်နေ့ (သောကြာ) နေ့တွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

အထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို လာရောက်သူများကို သွေးပေါင်ချိန်ပေးခြင်း ၊ သွေးအားနည်း - မနည်း စစ်ဆေးပေးခြင်း ၊ အဆီများ - မများစစ်ဆေးပေးခြင်း ၊ သွေးအတွင်းအချိုဓာတ် စစ်ဆေးပေးခြင်း ၊ အရိုးပါး - မပါးစစ်ဆေးပေးခြင်းများ အပြင် အခြားသော ကျန်းမာရေး စစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ စောစောရောက်ရှိတဲ့သူများကို ဦးရာလူစနစ်ဖြင့် တီရှက်များကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စုပေါင်းလမ်းလျှောက်ခြင်း ၊ မော်ဒယ်သန္တာလှိုင် နဲ့အတူ ကစားနိုင်မယ့် Functional Exercise ကိုယ်လက်လှုပ်ရှား အစီအစဉ်များ ၊ ကျန်းရေးပြခန်းများ နှင့် ဟောပြောပွဲများ ၊ ဥာဏ်စမ်း အစီအစဉ်များ စတာတွေကိုလည်း ပြုလုပ်သွားမယ် လို့ သိရပါတယ်။

 

စုပေါင်းလူထု လမ်းလျှောက်ပွဲမှာ ပါဝင်လမ်းလျှောက်မယ့်သူများ အနေဖြင့် မိုင်ဒါကွင်းဘေး ၊ စကားဝါလမ်း နှင့် မကျောင်းလမ်းထောင့် (မြို့မကျောင်းအနီး) ကို နံနက် ၅ နာရီ အရောက် ရှောက်ရှိဖို့ လိုပါတယ်။ မိုင်ဒါကွင်းဘေး မှစပြီး အမှတ် - ၈ ဘောလုံးကွင်းအထိကို စုပေါင်းလူထုများ ပျော်ပျော်ပါးပါး လမ်းလျှောက်သွားကြမှာ ဖြစ်ပါတယ်။

 

ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား နှင့် ဟောပြောပွဲ ၊ ပြပွဲတွေကို အမှတ် - ၈ ဘောလုံးကွင်း (M3 Food center အနီး) ၊ မဟန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

စတင်လမ်းလျှောက်မည့်အချိန် ။ ။ ၅ နာရီခွဲ မှ ၆ နာရီထိ။

စတင်လမ်းလျှောက်မည့် နေရာ။ ။ မိုင်ဒါကွင်းဘေး ၊ စကားဝါလမ်း နှင့် မကျောင်းလမ်းထောင့် (မြို့မကျောင်းအနီး)။

ခရီးအဆုံး ။ ။ အမှတ် - ၈ ဘောလုံးကွင်း (M3 Food center အနီး) ၊ မဟန်းမြို့နယ် ၊ ရန်ကုန်မြို့။

Read times
Rate this item
(0 votes)