What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 October 2021 09:11

Hup Seng ခရက်ကာ ဘေးကင်းကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ဟောင်ကောင် စားသုံးသူ ကောင်စီက ကင်ဆာဖြစ်နိုင်ကြောင်း သတိပေးခဲ့သည့် ဘီစကွပ်များတွင် စာရင်းပါသည့်

မလေးရှား ကုမ္ပဏီ Hup Seng မှ ထုတ်လုပ်သည့် ခရက်ကာများတွင် ကင်ဆာဖြစ်စေတတ်သော ကာစီနိုဂျင်များ ပါဝင်မှုသည် ကျန်းမာရေးထိခိုက်စေအောင် မြင့်မားခြင်း မရှိကြောင်း မလေးရှား ကျန်းမာရေး ဋန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
Noor Hisham Abdullah က ပြောကြားသည်။

မလေးရှား ကုမ္ပဏီ Hup Seng မှ ထုတ်လုပ်သည့် ခရက်ကာများကို မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ စားသောက်ကုန် ဘေးကင်း‌မှုနှင့် အရည်အသွေးဌာနမှ ၂၀၁၅ ခုနှစ်မှ စ၍ အစဉ်စောင့်ကြည့်လျက် ရှိပြီး ဓာတ်ခွဲစစ်ဆေးမှုများအရ ပျမ်းမျှရေချိန်မှာ acrylamide သည် တစ်ကီလိုလျှင် ၂၄၆ မိုက်ခရိုဂရမ် ပါဝင်သည်။
European Union Commission Regulation မှ သတ်မှတ်ထားသောစံ ၃၅၀ မိုက်ခရီုဂရမ်ထက် နည်းပါးသည်ဟု အောက်တိုဘာလ ၂၇ ရက် တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

 ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ကင်ဆာဖြစ်စေတတ်သော ကာစီနိုဂျင်များ ပါဝင်သည့် ဘီစကွတ် အမျိုး(၆၀) ဟောင်ကောင်တွင် တွေ့ရှိ

ခရက်ကာများ စားသုံးရန် ဘေးကင်းကြောင်း Hup Seng ပြောကြား

Read times Last modified on Friday, 29 October 2021 09:12
Rate this item
(0 votes)