What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 September 2022 14:13

မနက်အိပ်ယာနိုးတာနဲ့ ရေဘာကြောင့် သောက်သင့်တာလဲ

မနက်အိပ်ရာထချိန်တွင် ရေသောက်ခြင်းအားဖြင့် အနာရောဂါကုသခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်သည့်အပြင် မကြာခဏပြန်လည် ဖြစ်ပေါ်တက်သော နာကျင်ကိုက်ခဲခြင်းများ၊ ပန်းနာရင်ကြပ်ရောဂါနှင့်တကွ ကင်ဆာရောဂါများကိုပါ သက်သာစေနိုင်ပါတယ်။ မနက်အိပ်ရာထထခြင်းတွင် ရေသောက်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများကိုလည်း ရရှိ နိုင်ပါတယ်။

 

အရေပြားကိုသန့်စင်စေခြင်း

ရေသည် သွေးများထဲမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်စွမ်း ရှိတာ ကြောင့် ရေသောက်သုံး ပေးခြင်းအားဖြင့် ကျန်းမာပြီး သန့်ရှင်းတောက်ပသော အရေပြားကို ပိုင်ဆိုင်နိုင်ပါတယ်။

 

သားငံရည်စနစ်အား ပိုမိုမျှတစေခြင်း

မနက်ခင်းအိပ်ရာထထခြင်းမှာ ရေကိုသောက်သုံးခြင်းအားဖြင့် သားငံရည် စနစ်အား မျှတစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ သားငံရည် စနစ်အတွင်းရှိ သားငံရည်များမှာ ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးသောလုပ်ငန်းကို လုပ်ဆောင်ပေးသောကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာများကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ခန္ခာကိုယ်အတွင်းရှိ အရည်များအားလုံးဟာ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

 

Sein-Gay-Har.jpg

 

ခန္ခာကိုယ်အလေးချိန်လျော့ကျစေခြင်း

အေးမြသော ရေ (၁၆) အောင်စခန့်ကို ပုံမှန်သောက်သုံးပေးပါက အစာခြေနှုန်းအား ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ချဖို့ရန် ရည်ရွယ်ချက် ရှိပါက မနက်အိပ်ရာနိုးထပြီးချိန်မှာ ရေသောက်သုံးပေးခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

 

အချို့သောဖျားနာခြင်းများကိုပျောက်ကင်းစေနိုင်ခြင်း

ရေဟာ ခန္ခာကိုယ်အတွင်း အပြင်သန့်ရှင်းစေရန် အတွက် သန့်ရှင်းရေးတာဝန်ကို ဆောင်ရွက်ပေးနိုင်တာကြောင့် အချို့သော ဖျားနာမှုများအား တိုက်ခိုက် ဖယ်ထုတ်ပေးနိုင်ပါတယ်။ ရေသောက်ခြင်းအားဖြင့် အော့အန်ခြင်း၊ ဓမ္မတာမူမမှန်ခြင်း၊ ကင်ဆာများ၊ မျက်စိနာခြင်း၊ ဆီးလမ်းကြောင်းနှင့်ဆိုင်သော ဝေဒနာများ၊ တီဘီ၊ အဆစ်အမြစ်ယောင်ရောဂါ၊ ဝမ်းလျော ဝမ်းပျက်ြ ခင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာများကို ကုသပေးနိုင်ပါတယ်။

Myanmar Health Products Guide

Read times
Rate this item
(1 Vote)