What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 April 2018 14:58

နှလုံးကျန်းမာရေးအတွက်အစားအစာ ( ၁၅ ) မျိုး

နှလုံးကျန်းမာရေးအတွက်အစားအစာ ( ၁၅ ) မျိုး google.com

နှလုံးရောဂါကြောင့်သေဆုံးမှုနှုန်းသည်တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာတယ်လို့ဆိုရပါမယ်။ ဒါကြောင့် နှလုံးရောဂါ မဖြစ်အောင် ဆင်ခြင်နေထိုင်နိုင်အောင်လို့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသော အစားအစာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထို့ပြင်အစားအသောက်စားသုံးရာတွင်လည်းအချိုးကျကျစားသုံးရန်နှင့်သင့်တော်သောအစားအစာများစားသုံးရန်လိုအပ်ပါသည်။

(၁) ဆော်လမွန်

ဆော်လမွန်နှင့်အခြားအဆီငါးများသည် ငါးသေတ္တာများနှင့်ပင်လယ်ငါးများကဲ့သို့နှလုံးကျန်းမာရေး အတွက်အထူးကောင်းမွန်သောအစားအစာဖြစ်သည်။၎င်းတို့တွင် omega-3 fatty acids ပမာဏပါဝင်ခြင်း၊ကြောင့်ပုံမှန်မဟုတ်သောနှလုံးခုန်ခြင်းအန္တရာယ်ကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမူတွေမှာပြသထားပါတယ်။အမေရိကန်နိုင်ငံနှလုံးအဖွဲ့အစည်းမှလည်းတစ်ပါတ်ကိုနှစ်ကြိမ်ငါးစားသုံးရန်ညွှန်ကြားထားပြီး Omega-3 fatty acid မှလည်းဖြည့်စွက်အက်စစ်ဓါတ်ကိုရရှိနိုင်ပါတယ်။

(၂) ဘလူးဘယ်ရီ

ဘလူးဘယ်ရီမှမဟုတ်ပါဘူး။စတော်ဘယ်ရီနှင့်အခြားဘယ်ရီသီးများလည်းအတူတူပါပဲ၊၂၀၁၃ ခုနှစ်တွင်လေ့လာမှုအရအမျိုးသမီးတစ်ဦးဟာအသက် ၂၅ မှ ၄၅ နှစ်အတွင်း ၁ပတ်ကို ဘလူးဘယ်ရီနှင့်စတော်ဘယ်ရီကို ၃လုံး ထက်ပိုစားသုံးခြင်းသည်နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချစေပါတယ်။

(၃) အနက်ရောင်ချောကလက်

လေ့လာမှုများအရအနက်ရောင်ချော့ကလက်သည်နှလုံးကိုအကျိုးပြုကြောင်းပြသနေပါသည်၊၂၀၁၂ ခုနှစ်တွင်တွေ့ရှိချက်အရနေ့စဉ်ချော့ကလက်စားသုံးခြင်းသည်နှလုံးရောဂါကြောင့်သေဆုံးမှုနှင့်လေဖြတ်ခြင်းကိုလျှော့ချပေးပါတယ်။အဆိုပါတွေ့ရှိချက်သည်ချော့ကလက်အနက်ရောင်တစ်ခုထဲသာဖြစ်ပြီးချော့ကလက်အနက်တွင် ကိုကိုးအနည်းဆုံး ၆၀-၇၀%ဖြင့်ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ ချော့ကလက်အနက်ရောင်တွင် polyphenols ဟုခေါ်သော flavonoids ပါဝင်ပြီးသွေးခဲခြင်းနှင့်ရောင်ရမ်းခြင်းများကိုကူညီပေးပါသည်။

(၄) ပဲနို့

ပဲပုပ်တို့ဟူးနှင့်ပဲနို့ကဲ့သို့ပဲထုတ်ကုန်များသည်ကျန်းမာရေးနှင့်မညီညွှတ်သောအဆီများနှင့်ကိုလက်စထရောများကိုဖယ်ရှားပေးပြီးအစားအသောက်များတွင် ပရိုတိန်းကိုဖြည့်တင်းပေးသောနည်းလမ်းကောင်းဖြစ်ပါတယ်။ ပဲထုတ်ကုန်များတွင် သတ္တုဓါတ်၊ဗီတာမင်နှင့်ဖိုင်ဘာများစွာပါဝင်ပါတယ်။ ပဲသည်သွေးအားကိုလည်းကောင်းစေပြီး နို့(သို့)အခြား ပရိုတင်းများနှင့် နှိုင်းယှဉ်လျှင် ပဲပရိုတိန်းသည် မကောင်းသောကိုလက်စထရောကိုလျှော့ချပေးပါတယ်။

(၅) အာလူး

အာလူးကိုရှောင်ရှားရန်အကြောင်းပြချက်မရှိပါအဘယ့်ကြောင့်ဆိုသော်၎င်းသည်အဖြူရောင်ဖြစ်ပြီးမကောင်းတဲ့ကစီဓါတ်ပါဝင်သောကြောင့်ဖြစ်သည်။အချိန်တော်တော်ကြာအာလူးကိုကြော်စားမှာမဟုတ်ပါဘူး၊အာလူးသည်သင့်ရဲ့နှလုံးကိုကောင်းမွန်စေပါတယ်။၎င်းမှာ ပိုတက်စီယံများစွာပါဝင်ပြီးသွေးအာကျစေရန်ကူညီပေးပါလိမ့်မည်။ထို့ပြင်၎င်းမှာဖိုင်ဘာများစွာပါဝင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။၎င်းဟာအသုံးမဝင်တဲ့အစားအစာမဟုတ်ပါဘူးကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်ဟု Graf ကပြောပါတယ်။

(၆) ခရမ်းချဉ်သီး

USတွင်ခရမ်းချဉ်သီးစားသုံးမှုမြင့်မားခဲ့ပြီးကောင်းမွန်သောအရာဖြစ်ပါတယ်။အာလူးကဲ့သို့ခရမ်းချဉ်သီးများလဲလည်း နှလုံးအတွက်ကောင်းမွန်သောပိုတက်စီယံအမြောက်အများပါဝင်ပါတယ်။Antioxidant lycopene အတွက်အဓိကအရင်းအမြစ်ဖြစ်ပါတယ်။မကောင်းသောကိုလက်စထရောကိုဖယ်ရှားပေးပါတယ်၊ သွေးလမ်းကြောင်းရှင်းလင်းစေခြင်း နှင့် နှလုံးရောဂါဖြစ်ပေါ်ခြင်းကိုလျှော့ချပေးပါတယ်။ ခရမ်းချဉ်သီးဟာကယ်လိုရီလျှော့နည်းခြင်းနှင့်သကြားလျှော့နည်းခြင်းတို့ကြောင့် ကျန်းမာရေးအတွက်ညီညွှတ်သောအစားအစာ ဖြစ်ပါတယ်။

(၇) အစေ့အဆန်များ

ဗန်ဒါသီး၊သစ်ကြားသီး၊မြေပဲစသည်တို့ပါဝင်ပြီး၎င်းတို့အားလုံးဟာ နှလုံးအတွက်ကောင်းမွန်သောဆေးများဖြစ်ပါတယ်။Vitamin E လဲပါဝင်ပြီးမကောင်းတဲ့ ကိုလက်စထရောကိုလျှော့ချပေးပါတယ်။

(၈) Legumes

Legumes သည်ပဲပင်တစ်မျိုးပင်ဖြစ်သည်၊ပဲစေ့များသည်ကျန်းမာရေးနှင့်မညီညွှတ်သောအဆီများမပါဝင်သည့် ပရိုတင်းဓါတ် အရင်းအမြစ်ဖြစ်သည်။၁ပတ်တွင်၎ကြိမ်စားသုံးလျှင် နှလုံးရောဂါကို ၂၂% လျှော့ချပေးပါတယ်။ထို့ပြင်သွေးအတွင်းရှိသကြားဓါတ်ကိုလဲထိန်းညှိပေးပါတယ်။

(၉) သံလွင်ဆီ

လေ့လာမှုတစ်ခုအရလူများသည်နှလုံးရောဂါလျှော့ချစေရန် အသီးအနှံ၊ဟင်းသီးဟင်းရွက်များနှင့်အခွံမာသီးများအပြင်သံလွင်ဆီ ၁နေ့ကိုအနည်းဆုံး ၄ ဇွန်းလောက်စားးသုံးခြင်းသည်လည်းနှလုံးရောဂါနှင့်လေဖြတ်ခြင်းများကို ၃၀% လျှော့နည်းစေပါတယ်။

(၁၀) Red wine

အနီရောင်ဝိုင်သည် alcohol အနည်းငယ်သာပါဝင်ပါတယ်၊၎င်းဟာလည်းနှလုံးရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ်။တစ်ရက်၁ခွက်ထက်ပိုသောက်ခြင်းသို့မဟုတ်၂ရက်ကို၁ကြိမ်သောက်သုံးလျှင်အမှန်တကယ်လျှော့ကျစေပါတယ်။

(၁၁) Green Tea

Asiaတွင်အကြိုက်ဆုံးအရာဖြစ်သည်၊အနောက်ပိုင်းတွင်ပို၍ကျော်ကြားလာပြီးကျန်းမာရေးအတွက်ဆေးဖက်ဝင်ကြောင်းမှတ်ချက်ပြုခဲ့သည်။၂၀၁၃ ခုနှစ်တွင်လေ့လာချက်များအရလူတစ်ယောက်သည်နေ့တိုင်း ၄ခွက်သို့မဟုတ် ပို၍သောက်ပါကနှလုံးသွေးကြောဆိုင်ရာရောဂါနှင့်လေဖြတ်ခြင်းများကို ၂၀% လျှော့ချပေးပါတယ်။

(၁၂) ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ်ရွက်နှင့်ကိုက်လန်

အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည်သင့်ရဲ့နှလုံးကို၂ဆကောင်းမွန်စေပါတယ်။၎င်းတွင် ဗိုက်တာမင်နှင့်သတ္တုများစွာပါဝင်သောကြောင့်သင့်ရဲ့နှလုံးကိုပိုမိုကောင်းမွန်စေပါတယ်။

(၁၃) Coffee

လေ့လာမှုတစ်ခုအရ ၁ နေ့လျှင်ကော်ဖီ၆ခွက်သို့မဟုတ်ပို၍သောက်သုံးလျှင်နှလုံးရောဂါအား ၁၀%မှ၁၅%အထိလျှော့ကျစေပါတယ်။အခြားလေ့လာမှုအရတစ်နေ့ကို ၂ခွက်သောက်သုံးလျှင်နှလုံးသွေးကြောဆိုင်ရာရောဂါနှင့်လေဖြတ်ခြင်းကို ၃၀% အထိလျှော့ချပေးပါတယ်။

(၁၄) ထောပတ်သီး

၎င်းသည်နူးညံ့ပြီးအရသာရှိသောအသီးဖြစ်ပြီးခန္ဓာကိုယ်နှင့်နှလုံးကျန်းမာရေးအတွက်ထောက်ပံ့ပေးပါတယ်။သံလွင်ဆီကဲ့သို့ပြည့်ဝသောအဆီအနှစ်များပါဝင်ပြီးနှလုံးရောဂါကိုလျှော့ချစေပါတယ်။

(၁၅) သလဲသီး

သလဲသီးတွင်မြောက်များစွာသောantioxidantsပါဝင်ပြီး polyphenols နှင့် anthocyanin သည်နှလုံးသွေးလွှတ်ကြောများအတွက်ကူညီပေးပါတယ်။လေ့လာမှုတစ်ခုအရနှလုံးရောဂါလူနာတစ်ယောက်သည်သလဲသီးဖျော်ရည်ကိုနေ့တိုင်းသောက်သုံးသင့်ပါတယ်။

Read: နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း

Read times
Rate this item
(2 votes)