What's New




Saturday, 15 July 2023 17:39

ကမ္ဘောဒီးယားတွင် ၂ နှစ်အရွယ် ကလေးငယ် အောင်ခန့်မိုး ၅ နာရီကြာ ခွဲစိတ်ကုသမှု အောင်မြင်

ကမ္ဘောဒီးယားတွင်  ၂ နှစ်အရွယ် ကလေးငယ် အောင်ခန့်မိုး ၅ နာရီကြာ  ခွဲစိတ်ကုသမှု အောင်မြင်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

 

ကမ္ဘောဒီးယားတွင် ခွဲစိတ်ကုသမှု ခံယူရန် ၂ နှစ်သားအရွယ် အောင်ခန့်မိုး၏ ခရီးစဉ်ကို Japan Heart - Myanmar ၏ Facebook စာမျက်နှာတွင် ယခုလို ဖော်ပြခဲ့ပါသည်။ 

 


.

၂ရက်ကြာ ခရီးတွင်ပြီးနောက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို ဆိုက်မြိုက်စွာ ရောက်ရှိလာခဲ့ပါပြီ။ 

မနေ့ညက ကမ္ဘောဒီးယားနိုင်ငံ ကန်ဒန်ပြည်နယ်ရှိ ကလေးအထူးကု ဆေးကုသမှုစင်တာတွင် မြန်မာမှ အသက်၂နှစ်အရွယ် ကလေးလူနာ အောင်ခန့်မိုးအား ကြိုဆိုခဲ့ကြပါသည်။ 

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသရှိ ၀ါးချက်ဆေးရုံမှထွက်ခွာလာကာ လမ်းခရီးများစွာ ဖြတ်သန်းပြီးနောက် ကမ္ဘောဒီးယားသို့ရောက်ရှိလာခြင်းဖြစ်ပြီး  မိခင်နှင့်အတူ သက်ဆိုင်ရာ၀န်ထမ်းများလဲပါရှိခဲ့သည်။ 

ယနေ့မှာတော့ Japan Heart ရဲ့လုပ်ငန်းများအား ကူညီပံ့ပိုးကာပါ၀င်လှူဒါန်းပေးကြသောသူ အယောက်စီတိုင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။  လွန်ခဲ့သောအပတ်က အောင်ခန့်မိုး နှင့်ပတ်သက်သော အကြောင်းအရာ တင်ဆက်ပြီးနောက် ၆ရက်အတွင်း ကမ္ဘောဒီးယား၊ မြန်မာ၊ ဂျပန်နိုင်ငံရှိ အလှူရှင် ၆၄၄ယောက်မှ လှူဒါန်း၀င်ငွေစုစုပေါင်း ၅၉၉၆ဒေါ်လာ လက်ခံရရှိခဲ့‌ကြောင်း တင်ပြအပ်ပါသည်။ 

ယခုလိုခက်ခဲနေသော အခြေအနေတွင် ပါ၀င်ပံ့ပိုးကူညီပေးကြသောကြောင့် စည်းလုံးညီညွတ်မှု နှင့် သနားကြင်နာမှုများကို မျက်မြင်ကိုယ်တွေ့ခံစားမိကာ အထူး၀မ်းမြောက်၀မ်းသာ 

ဖြစ်ရပါသည်။ ငွေကြေးပမာဏအနည်းအများ ခွဲခြားခြင်းမရှိ ပါ၀င်လှူဒါန်းမှု တစ်ခုစီတိုင်းသည် အောင်ခန့်မိုးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ၀န်ထမ်းများအတွက် များစွာ အထောက်အကူဖြစ်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ‌ထပ်မံဖော်ပြအပ်ပါသည်။

ယခုအခါ Japan Heart အဖွဲ့အသင်းသားများမှ ခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်လက်တင်ဆက်ပေးသွားပါဦးမည်။  


 

357788381_290333266888116_61512505914684360_n.jpg

 

 

 

အောင်ခန့်မိုးသည် ရှားရှားပါးပါး ဖြစ်ခဲလှသည့် ဝမ်းဗိုက်နံရံ ချို့ယွင်းချက် Omphalocele အတွက် ခွဲစိတ်မှု ခံယူခဲ့ပါသည်။ 

 

"ကျမ သားကို အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အိမ်နဲ့အဝေးကို လာရတာကို ကျွန်မတို့ အရမ်းစိုးရိမ်ခဲ့ကြပေမဲ့ ကမ္ဘောဒီးယားကို ရောက်ပြီးတဲ့ နောက်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားလူနာတွေက ကျွန်မတို့ကို အရမ်းဂရုစိုက်ဖို့ အမြဲရောက်ရောက်လာခဲ့ကြပါတယ်။  ကျမတို့တတွေ ဘာသာစကား ပြောဆိုတာ မတူကြပေမဲ့ ကမ္ဘောဒီးယားလူမျိုးတွေရဲ့ ပံ့ပိုးကူညီမှုကို အများကြီး ခံစားရပါတယ်" ဟု အောင်ခန့်မိုး၏ မိခင်က ပြောကြားသည်။ 

 

ခွဲစိတ်ကုသမှုကို ဇူလိုင်လ ၈ ရက်တွင် ဆောင်ရွက်ခဲ့ပါသည်။ ၅ နာရီကြာ ခွဲစိတ်ကုသပေးခဲ့ရပါသည်။ ကမ္ဘောဒီးယားနှင့် ဂျပန် ဆရာဝန်များ ပါဝင်သည့် အဖွဲ့မှ ခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးခဲ့ပါသည်။ 

 

ခန္ဓာကိုယ်သေးသေးလေးတွင်  ၅ နာရီကြာ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး  အထူးကြပ်မတ်ကုသဆောင် (ICU) တွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ သူ့အနီးတွင် မိခင်နှင့် ဆေးရုံမှ တာဝန်ရှိသူများ နေ့ညမပြတ် စောင့်ကြပ်ပေးလျက် ရှိပါသည်။ 

 

Source khmertimeskh

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Saturday, 15 July 2023 18:16
Rate this item
(0 votes)