What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 February 2018 16:55

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွင္မ်ား အတြက္ အစားအစာလမ္းညြန္

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွင္မ်ား အတြက္ အစားအစာလမ္းညြန္ google.com

ထမင္း

အဝမလြန္သူမ်ား စားေနက်အတုိင္း စားပါ။တင္းတိမ္ေအာင္ စားနိုင္ပါတယ္။

အဝလြန္သူမ်ား ေလွ်ာ့စားပါ။ (တစ္ေန႕လွ်င္ လက္ဖက္ရည္ပန္းကန္လံုး (၃) လံုးစာ စားနိုင္ပါတယ္။)

စားေနက်ဆန္အမ်ိဳးအစားကိုသာ စားသင့္ပါတယ္။(ဆန္ၾကမ္းျဖစ္ေစ၊ ဆန္ေခ်ာျဖစ္ေစ ေျပာင္း၍ စားရန္မလိုပါ။)

ခ်က္နည္းေျပာင္းရန္မလိုပါ။ (ေရခန္းျဖစ္ေစ၊ ေရငွဲ႔ ုျဖစ္ေစ၊ မိသားစုစားေနက် ထမင္းတစ္အိုးတည္း စားလည္းရပါတယ္။)

ဆန္ျဖင့္ျပဳလုပ္ေသာ အစားအစာမ်ား

မုန္႔ဟင္းခါး၊ ညွပ္ေခါက္ဆြဲ၊ မုန္႕တီ၊ ဆန္ျပဳတ္၊ နန္းႀကီးသုပ္၊ ေကာက္ညွင္း၊ ျမဴစြမ္စသည့္ အစားအစာမ်ား စားသံုးနိုင္ပါတယ္။

မွတ္ခ်က္။        ။ သၾကားနွင့္ အုန္းႏို႕ မပါသင့္ပါ။

ဂ်ံဳျဖင့္ျပဳလုပ္ထားေသာ အစားအစာမ်ား

ဂ်ံဳေခါက္ဆြဲ၊ ဂ်ံဳၾကာဇံ၊ ခ်ာပါတီ၊ နံျပား၊ ပလာတာ၊ စားသံုးနိုင္ပါတယ္။

မွတ္ခ်က္။        ။ သၾကားနွင့္ အုန္းသီးမပါသင့္ပါ။ (အုန္းႏို႕ေခါက္ဆြဲ မစားသင့္ပါ)

အသား၊ငါး၊ပုစြန္

မိမိစားေနက်အသား အမ်ိဳးမ်ိဳး (ၾကက္သား၊ ဘဲသား၊ ဝက္သား၊ ဆိတ္သား၊ အမဲသား) ၊ ငါးအမ်ိဳးမ်ိဳးႏွင့္ ပုစြန္တို႕ကို စားသံုးနိုင္ပါတယ္။

မွတ္ခ်က္။        ။အဆီမ်ား ဖယ္ထုတ္ၿပီး စားသံုးသင့္ပါတယ္။ အေရျပား၊ ကလီစာ၊ ပုစြန္ေခါင္မ်ားကို ဖယ္သင့္ပါတယ္။

ဟင္းသီးဟင္းရြက္မ်ား

ကန္စြန္းရြက္၊ ခ်ဥ္ေပါင္ရြက္၊ ဘူးရြက္၊ ဘူးသီး၊ ဗံုလံုသီး၊ ဟင္းႏုနယ္ရြက္၊ ကင္းပြန္းခ်ဥ္ရြက္၊ မုန္ညင္းရြက္၊ ပန္းေဂၚဖီ၊ မုန္လာဥအမ်ိဳးမ်ိဳး၊ ပဲသီး၊ ခရမ္းသီး၊ ခရမ္းခ်ဥ္သီး၊ ၾကက္ဟင္းခါးသီး၊ ပဲေစာင္းလ်ားသီး၊ စသည့္ ဟင္းသီးဟင္းရြက္မ်ား ႀကိဳက္သေလာက္စားသံုးနိုင္ပါတယ္။

မွတ္ခ်က္။        ။ ခ်က္ထားေသာ ဟင္းသီးဟင္းရြက္ကို တစ္ေန႕လွ်င္ ( ၉ ) ဇြန္းစာ အနည္းဆံုးစားသင့္တယ္။

ပဲအမ်ိဳးမ်ိဳး

ပဲအမ်ိဳးမ်ိဳး စားသံုးနိုင္ပါတယ္။

ဥမ်ား

ၾကက္ဥ၊ ဘဲဥမ်ားကို စားသံုးနိုင္ပါတယ္။ (တစ္ေန႕ကို (၁)လံုးစားသံုးေပးပါ)

ကစီဓါတ္မ်ားေသာ ဥမ်ား

အာလူး၊ ပိန္းဥ၊ ကန္စြန္းဥ၊ ပဲျမစ္၊ အာတာလြတ္ဥ၊ ပီေလာပီနံဥ တို႕ကို အသင့္အတင့္ ခ်င့္ခ်ိန္စားသံုးနိုင္ပါတယ္။

(ကစီဓါတ္မ်ားလို႕ ခ်င့္ခ်ိန္စားသံုးသင့္တာပါ)

Source: Myanmar Diabetes Association

 

Unicode

 

ထမင်း
အဝမလွန်သူများ စားနေကျအတိုင်း စားပါ။တင်းတိမ်အောင် စားနိုင်ပါတယ်။
အဝလွန်သူများ လျှော့စားပါ။ (တစ်နေ့လျှင် လက်ဖက်ရည်ပန်းကန်လုံး (၃) လုံးစာ စားနိုင်ပါတယ်။)
စားနေကျဆန်အမျိုးအစားကိုသာ စားသင့်ပါတယ်။(ဆန်ကြမ်းဖြစ်စေ၊ ဆန်ချောဖြစ်စေ ပြောင်း၍ စားရန်မလိုပါ။)
ချက်နည်းပြောင်းရန်မလိုပါ။ (ရေခန်းဖြစ်စေ၊ ရေငှဲ့ ုဖြစ်စေ၊ မိသားစုစားနေကျ ထမင်းတစ်အိုးတည်း စားလည်းရပါတယ်။)
ဆန်ဖြင့်ပြုလုပ်သော အစားအစာများ
မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မုန့်တီ၊ ဆန်ပြုတ်၊ နန်းကြီးသုပ်၊ ကောက်ညှင်း၊ မြူစွမ်စသည့် အစားအစာများ စားသုံးနိုင်ပါတယ်။
မှတ်ချက်။ ။ သကြားနှင့် အုန်းနို့ မပါသင့်ပါ။
ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ
ဂျံုခေါက်ဆွဲ၊ ဂျံုကြာဇံ၊ ချာပါတီ၊ နံပြား၊ ပလာတာ၊ စားသုံးနိုင်ပါတယ်။
မှတ်ချက်။ ။ သကြားနှင့် အုန်းသီးမပါသင့်ပါ။ (အုန်းနို့ခေါက်ဆွဲ မစားသင့်ပါ)
အသား၊ငါး၊ပုစွန်
မိမိစားနေကျအသား အမျိုးမျိုး (ကြက်သား၊ ဘဲသား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား) ၊ ငါးအမျိုးမျိုးနှင့် ပုစွန်တို့ကို စားသုံးနိုင်ပါတယ်။
မှတ်ချက်။ ။အဆီများ ဖယ်ထုတ်ပြီး စားသုံးသင့်ပါတယ်။ အရေပြား၊ ကလီစာ၊ ပုစွန်ခေါင်များကို ဖယ်သင့်ပါတယ်။
ဟင်းသီးဟင်းရွက်များ
ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဘူးရွက်၊ ဘူးသီး၊ ဗုံလုံသီး၊ ဟင်းနုနယ်ရွက်၊ ကင်းပွန်းချဉ်ရွက်၊ မုန်ညင်းရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥအမျိုးမျိုး၊ ပဲသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ စသည့် ဟင်းသီးဟင်းရွက်များ ကြိုက်သလောက်စားသုံးနိုင်ပါတယ်။
မှတ်ချက်။ ။ ချက်ထားသော ဟင်းသီးဟင်းရွက်ကို တစ်နေ့လျှင် ( ၉ ) ဇွန်းစာ အနည်းဆုံးစားသင့်တယ်။
ပဲအမျိုးမျိုး
ပဲအမျိုးမျိုး စားသုံးနိုင်ပါတယ်။
ဥများ
ကြက်ဥ၊ ဘဲဥများကို စားသုံးနိုင်ပါတယ်။ (တစ်နေ့ကို (၁)လုံးစားသုံးပေးပါ)
ကစီဓါတ်များသော ဥများ
အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပဲမြစ်၊ အာတာလွတ်ဥ၊ ပီလောပီနံဥ တို့ကို အသင့်အတင့် ချင့်ချိန်စားသုံးနိုင်ပါတယ်။
(ကစီဓါတ်များလို့ ချင့်ချိန်စားသုံးသင့်တာပါ)
Source: Myanmar Diabetes Association

Read times
Rate this item
(0 votes)