What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 May 2018 12:01

မြွေဆိပ်ဖြေဆေးများ လုံလောက်စွာထုတ်လုပ်နိုင်သဖြင့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်

မြွေဆိပ်ဖြေဆေးများ လုံလောက်စွာထုတ်လုပ်နိုင်သဖြင့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင် google.com

မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ မြွေဆိပ်ဖြေဆေးများကို လုံလောက်စွာ ထုတ်လုပ်နိုင်ပြီဖြစ်သဖြင့် ပြည်ပနိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရောင်းချနေပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

2018-2019 ဘဏ္ဍရေးနှစ်တွင် မြွေဆိပ်ဖြေဆေး အနေဖြင့် မြွေဟောက်အဆိပ်ဖြေဆေး နှစ်သောင်း၊ မြွေပွေးအဆိပ်ဖြေဆေး တစ်သိန်းစုစုပေါင်း တစ်သိန်းနှစ်သောင်းထုတ်လုပ်ရန် လျာထားကြောင်းလည်းသိရတယ်။

မြွေဆိပ်ဖြေဆေးအား ဩစတေးလျနည်းပညာဖြင့် အေးခဲခြောက်စနစ်အတိုင်းဆောင်ရွက်လျက်ရှိရာ ပိုမိုတာရှည်ခံပြီး အရည်အသွေးပိုမိုမြင့်မားပါတယ်။ ယခင်က မြွေဆိပ်ဖြေဆေးကို သာမန်အပူချိန်တွင် ထားမရဘဲ အအေးခန်းထဲတွင်သာ ထားနိုင်ပါတယ်။ ယခုအခါ အေးခဲခြောက်စနစ်ဖြင့် ထားသိုနိုင်အောင် လုပ်ထားလို့ သာမာန်အခန်းအပူချိန်မှာလည်း ထားနိုင်ပြီး ကျေးလက်ဒေသများသို့ အလွယ်တကူပို့ဆောင်နိုင်မှာပါ။

Source: YCDC

 Read: ပဋိဇီဝသောက်ဆေးများကြောင့် ကျောက်ကပ်တွင်ကျောက်ပိုတည်နိုင်

ပဋိဇီဝသောက်ဆေးများကြောင့် ကျောက်ကပ်တွင်ကျောက်ပိုတည်နိုင်

 

Read times Last modified on Monday, 21 May 2018 16:53
Rate this item
(0 votes)