What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 May 2018 10:06

FDA မှတွေ့ရှိသော တားမြစ်အလှကုန်ပစ္စည်း (၃) မျိုး

FDA မှတွေ့ရှိသော တားမြစ်အလှကုန်ပစ္စည်း (၃) မျိုး google.com

Myanmar Sea Dragon Trading Co.,Ltd. သည် မလေးရှားနိုင်ငံ sky Resources Sdn.Bhd. နှင့် ထိုင်းနိုင်ငံ Cosmaprof Co.,Ltd မှထုတ်လုပ်၍ မလေးရှားနိုင်ငံ Yon Sing Trading (M) Sdn.Bhd. မှတင်ပို့သော ROBISIS အမှတ်တံဆိပ် အလှကုန်ပစ္စည်း (၃) မျိုးကို

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၌ မှတ်ပုံတင်ခွင့် လျှောက်ထားသဖြင့် သတ်မှတ်အထောက်အထားစာရွက်စာတမ်းများနှင့် ပြည့်စုံသော အလှကုန်ပစ္စည်း (၃) မျိုးအတွက် မှတ်ပုံတင်ခြင်းလက်မှတ်ကို ထုတ်ပေးခဲ့ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကလည်း ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျဖြင့် ပြည်တွင်းဈေးကွက်များနှင့် On Line ဈေးကွက်များ၌ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းနမူနာများကို ပုံမှန်ကောက်ယူစစ်ဆေးလျက် ရှိရာ ROBISIS အလှကုန်ပစ္စည်း(၃) မျိုးတွင် တားမြစ်ဓာတုပစ္စည်း (မာကျူရီ)များပါဝင်မှု ရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

31347754 1816911181665124 6685628710944505856 n

အဆိပ်သင့်ဓာတုပစ္စည်း(မာကျူရီ) သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ် ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ရိခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီး လာနိုင်ခြင်း၊ အခြား မြောက်များစွာသော ရောဂါများဖြစ်ပွားနိုင်ပါတယ်။

ထို့ကြောင့် ဒီ ROBISIS အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို တင်သွင်းရောင်းချနေ သည့် Myanmar Sea Dragon Trading Co.,Ltd. အား ROBISIS အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချမှု လုံးဝရပ်ဆိုင်း၍ ဖြန့်ဖြူးပြီးသော ပစ္စည်းများကိုလည်း ဈေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပြီး ROBISIS အမှတ်တံဆိပ် အလှကုန်ပစ္စည်း(၃) မျိုး၏ မှတ်တမ်းတင် လက်မှတ်မူရင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် အကြောင်းကြားပြီး လည်းဖြစ်တယ်လို့ သိရပါတယ်။

အများပြည်သူများကလည်း တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်များကို လုံးဝ (လုံးဝ) မသုံးသင့်ကြောင်း အသိပေးလိုက်ပါတယ်။

Source: FDA

Read: ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး

ဈေးကွက်အတွင်း FDA မှတွေ့ရှိသောအန္တရာယ်ရှိ အစားအသောက် (၇) မျိုး

Read times Last modified on Tuesday, 03 July 2018 15:16
Rate this item
(1 Vote)