What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 May 2019 11:50

အရိုးက်ဳိး အရိုးကြဲ အရိုးအက္မ်ားကို ကုသႏိုင္တဲ့ အရိုးဆက္ပင္အေၾကာင္း

အရိုးဆက္ပင္ သည္အေမႊးမရွိ အနံ႔လည္းမရွိ အရြက္၏အထက္ မ်က္ႏွာျပင္ မွာလည္းအနည္းငယ္ၾကမ္တန္းတန္းရွိျပီး အရြက္စြန္းနားတြင္ ခြ်န္ထက္ေသာေခြးသြားစိတ္က်ဲက်ဲ ရွိပါတယ္။ 

အရြက္၏အနံမွာ ၁ လက္မခြဲမွ ၂လက္မခြဲထိရွိသည္ အလွ်ား မွာ ၂ လက္မခြဲမွ်ရွည္သည္ အရြက္ရိုးတန္မွာ ၁ လက္မသာသာရွည္သည္။ပင္ငယ္သက္ျပင္းမ်ဳိးျဖစ္ျပီး အနီးဆံုးႏွိဳင္းယွဥ္ၿပရလွ်င္ ကေလးမ်ားခြ်ဲၾကပ္ ရင္ၾကပ္ေသာ္ အရည္ညွစ္၍တိုက္ရေသာ ဇီယာပင္ႏွင့္ပံုသဏၭာန္ တူလွ၏သို႕ေသာ္ဇီယာပင္၏အနံ႔မွာ စမံုျဖဴ နံ႔မ်ဳိးျဖစ္၍ အရြက္မွာလည္း ေခြသြားစိတ္မရွိ အေမႊးႏုမ်ားရွိ၏ ။

 

ဤမွ်သာထူးျခားသည္ အရိုးဆက္ပင္ ကိုေတာင္ပြားျဖဴပင္ဟူ၍လည္းေခၚေသး၏။ ၄င္းအရိုးဆက္ပင္ ပဥၥငါးပါး ၅ က်ပ္သား ေကာက္ညွင္း ငခ်ိတ္ဆန္ ၂ က်ပ္ မိႆလင္အစို ၃၂ က်ပ္ ဖြဲႏု ၁ က်ပ္၄င္းေဆးစုကိုညက္ညက္ႀကိတ္ထားပါ ။

 

အရိုးကြဲ အရိုးက်ဳိး အရိုးအသားကြဲမ်ားကို ယင္းဒဏ္ရာေပၚ၌ အထက္ပါႀကိတ္ထားေသာ ေဆးကိုအံု၍ ပိတ္ပါးပါးျဖင့္အုပ္ၿပီးလွ်င္ ၄င္းပိတ္ေပၚတြင္ သနပ္ခါးေခါက္အခြန္ကိုပတ္၍စည္းေပးပါ။

Read More : ဗီတာမင္ နဲ႔ ဓာတ္စာ ေဆးလုံးေလးေတြအေၾကာင္း

ဗီတာမင္ နဲ႔ ဓာတ္စာ ေဆးလုံးေလးေတြအေၾကာင္း

 

၄င္းအေပၚမွတဖန္ဝါးျခမ္းက်ပ္သို႕မဟုတ္ပ်ဥ္ျပားအမာခံ၍စည္းထားပါ ။အရိုးက်ဳိးေသာေနရာ၌ဒဏ္ရာဒဏ္ခ်က္ေၾကာင့္ အလြန္ကိုက္ခဲျခင္း ငန္းမန္းလိုက္၍ေရာင္ရမ္းျခင္း ကိုက္ခဲနာက်င္ျခင္းတို႕မွာ၁၀ မိနစ္အခ်ိန္မွ်ျဖင့္ေပ်ာက္ကင္းသက္သာပါလိမ့္မည္။

 

အရိုးက်ဳိး အရိုးကြဲ အရိုးအက္မ်ားကား ၁၀ ရက္မွ ၁၅ ရက္ၾကာက ပကတိအတိုင္းျပန္ဆက္ကာခ်မ္းသာေပ်ာက္ကင္းပါလိမ့္မည္။ ရာသီဥတုပူေသာအခါတြင္ျဖစ္မူစည္းထား ေသာက်ပ္ေပၚသို႕ေရစက္မ်ားခ်ေပးပါ။ရာသီ ဥတုေအးလွ်င္မူအဆိုပါႀကိတ္ထား ေသာေဆးကို ႏွမ္းဆီျဖင့္နယ္၍ၾကပ္စည္းေပးပါက သာ၍ေကာင္းသည္။

 

အကယ္၍လက္ေတြ႕စမ္းသပ္လိုပါမူ ၾကက္ကေလးမ်ားမၾကာ မၾကာအရိုးက်ဳိးတတ္သည့္ အတိုင္း၄င္းတို႕အရိုးက်ဳိးေသာအခါစမ္းသပ္ၾကည့္ပါ။ ၾကက္ကေလးမ်ားကိုသာမက ကြ်ဲႏြား ျမင္းစေသာ တိရစၧာန္မ်ားအရိုးက်ဳိးတို႕၌လည္း အထက္ပါအတိုင္း စမ္းသပ္ကုေပး ႏိုင္သည္ အရိုးဆက္ပင္ဆိုသည့္အတိုင္း အရိုးမ်ားဆက္သြားသည္ကိုေတြ႕ရပါလိမ့္မည္။

 

ပံုျပေဆးအဘိဓာန္

{Unicode}

=======

အရိုးကျိုး အရိုးကွဲ အရိုးအက်များကို ကုသနိုင်တဲ့ အရိုးဆက်ပင်အကြောင်း

 

အရိုးဆက်ပင် သည်အမွှေးမရှိ အနံ့လည်းမရှိ အရွက်၏အထက် မျက်နှာပြင် မှာလည်းအနည်းငယ်ကြမ်တန်းတန်းရှိပြီး အရွက်စွန်းနားတွင် ချွန်ထက်သောခွေးသွားစိတ်ကျဲကျဲ ရှိပါတယ်။ 

 

အရွက်၏အနံမှာ ၁ လက်မခွဲမှ ၂လက်မခွဲထိရှိသည် အလျှား မှာ ၂ လက်မခွဲမျှရှည်သည် အရွက်ရိုးတန်မှာ ၁ လက်မသာသာရှည်သည်။ ပင်ငယ်သက်ပြင်းမျိုးဖြစ်ပြီး အနီးဆုံးနှိုင်းယှဉ်ပြရလျှင် ကလေးများချွဲကြပ် ရင်ကြပ်သော် အရည်ညှစ်၍တိုက်ရသော ဇီယာပင်နှင့်ပုံသဏ္ဌာန် တူလှ၏သို့သော်ဇီယာပင်၏အနံ့မှာ စမုံဖြူ နံ့မျိုးဖြစ်၍ အရွက်မှာလည်း ခွေသွားစိတ်မရှိ အမွှေးနုများရှိ၏ ။

 

ဤမျှသာထူးခြားသည် အရိုးဆက်ပင် ကိုတောင်ပွားဖြူပင်ဟူ၍လည်းခေါ်သေး၏။ ၎င်းအရိုးဆက်ပင် ပဉ္စငါးပါး ၅ ကျပ်သား ကောက်ညှင်း ငချိတ်ဆန် ၂ ကျပ် မိဿလင်အစို ၃၂ ကျပ် ဖွဲနု ၁ ကျပ်၎င်းဆေးစုကိုညက်ညက်ကြိတ်ထားပါ ။

 

အရိုးကွဲ အရိုးကျိုး အရိုးအသားကွဲများကို ယင်းဒဏ်ရာပေါ်၌ အထက်ပါကြိတ်ထားသော ဆေးကိုအုံ၍ ပိတ်ပါးပါးဖြင့်အုပ်ပြီးလျှင် ၎င်းပိတ်ပေါ်တွင် သနပ်ခါးခေါက်အခွန်ကိုပတ်၍စည်းပေးပါ။

 

၎င်းအပေါ်မှတဖန်ဝါးခြမ်းကျပ်သို့မဟုတ်ပျဉ်ပြားအမာခံ၍စည်းထားပါ ။အရိုးကျိုးသောနေရာ၌ဒဏ်ရာဒဏ်ချက်ကြောင့် အလွန်ကိုက်ခဲခြင်း ငန်းမန်းလိုက်၍ရောင်ရမ်းခြင်း ကိုက်ခဲနာကျင်ခြင်းတို့မှာ၁၀ မိနစ်အချိန်မျှဖြင့်ပျောက်ကင်းသက်သာပါလိမ့်မည်။

 

အရိုးကျိုး အရိုးကွဲ အရိုးအက်များကား ၁၀ ရက်မှ ၁၅ ရက်ကြာ ပကတိအတိုင်းပြန်ဆက်ကာချမ်းသာပျောက်ကင်းပါလိမ့်မည်။ ရာသီဥတုပူသောအခါတွင်ဖြစ်မူစည်းထား သောကျပ်ပေါ်သို့ရေစက်များချပေးပါ။ရာသီ ဥတုအေးလျှင်မူအဆိုပါကြိတ်ထား သောဆေးကို နှမ်းဆီဖြင့်နယ်၍ကြပ်စည်းပေးပါက သာ၍ကောင်းသည်။

 

အကယ်၍လက်တွေ့စမ်းသပ်လိုပါမူ ကြက်ကလေးများမကြာ မကြာအရိုးကျိုးတတ်သည့် အတိုင်း၎င်းတို့အရိုးကျိုးသောအခါစမ်းသပ်ကြည့်ပါ။ ကြက်ကလေးများကိုသာမက ကျွဲနွား မြင်းစသော တိရစ္ဆာန်များအရိုးကျိုးတို့၌လည်း အထက်ပါအတိုင်း စမ်းသပ်ကုပေး နိုင်သည် အရိုးဆက်ပင်ဆိုသည့်အတိုင်း အရိုးများဆက်သွားသည်ကိုတွေ့ရပါလိမ့်မည်။

Read times Last modified on Wednesday, 25 December 2019 11:05
Rate this item
(2 votes)