What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 August 2018 10:46

မျက်ကွင်းညိုမည်းခြင်း ပြဿနာ

မျက်ကွင်းညိုမည်းခြင်း ပြဿနာ Google.com

မျက်ကွင်းညိုတာတွေ၊ မျက်အိတ်ပေါ်တာတွေက လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေ ကြုံရတဲ့ လူလတ်ပိုင်းမှာ အဖြစ်များပါတယ်။

အဲဒီလို မဟုတ်ဘဲ ဆယ်ကျော်သက် အရွယ်ကတည်းက မျက်ကွင်းညိုပြီး မျက်အိတ်တွေပေါ်နေရင်တော့ စိတ်ညစ်ရမှာပါ။ ဒါကြောင့် အလှပျက်စေတဲ့ တရားခံဖြစ်တဲ့ မျက်ကွင်းညိုတဲ့ အကြောင်းကို သိရဖို့လိုပါတယ်။

(၁) စိတ်ဖိစီးခြင်း

Related image

စိတ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် ဖိစီးမှုဒဏ်တွေ များရင် အရေပြား မွဲခြောက်လာတတ်ပါတယ်။ ဖိစီးမှုများတဲ့ ဒဏ်တွေက ဆယ်ကျော်သက်တွေရဲ့ နူးညံ့တဲ့ အသားအရေကို တိုက်ရိုက် ဒုက္ခပေးနိုင်လို့ မျက်လုံးအောက်ဖက်တွေမှာ မျက်ကွင်းညိုမည်းတာတွေ ပေါ်လာပါတယ်။

(၂) အစာကောင်းကောင်း မစားခြင်း

Related image

ဒီနေ့ခေတ်မှာ ဆယ်ကျော်သက်တွေရဲ့ စားသောက်ပုံက အာဟာရ မပြည့်တာတွေနဲ့ မုန့်သရေစာတွေ၊ အဆင်သင့်အစာတွေ စားတာ များလာပါတယ်။ အဆီဓာတ် ပါဝင်မှုများတဲ့ အစားအစာကို စားရင် အသားအရေ ပျက်စီးပြီး မျက်ကွင်းညိုလာပါတယ်။ ဒါကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသင့်ပြီး ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။

(၃) မျိုးရိုးလိုက်ခြင်း

Image result for tooth pain

ရှားရှားပါးပါးအနေနဲ့ မျိုးရိုးလိုက်ပြီး မျက်ကွင်းညိုတတ်တဲ့ သူတွေ ရှိပါတယ်။ မျိုးရိုးကြောင့် ဖြစ်ရင် ငယ်ငယ်လေးကတည်းက မျက်ကွင်းညိုတာ သိသာပြီး ပျောက်ကင်းအောင် ကုသမှု ပေးနိုင်ဖို့ ခက်ပါတယ်။ မျက်ကွင်းညိုတာ အရောင်ဖျော့သွားအောင်၊ မသိသာအောင်ဘဲ ကုသလို့ရပါတယ်။

(၄) ဓာတ်မတည့်ခြင်း

Image result for I cann't like man

ဓာတ်မတည့်လို့ မျက်ကွင်း ညိုလာရတာကလည်း ဆယ်ကျော်သက်တွေမှာ အများဆုံးတွေ့ရတဲ့ ပြဿနာ တစ်ခုပါ။ ဓာတ်မတည့်လို့ နှာစေးရင် နှာခေါင်းနားတစ်ဝိုက်က သွေးကြောတွေ ကျယ်လာပြီး မျက်ကွင်းကို ပိုညိုသွားပုံ ပေါ်စေပါတယ်။ တချို့ ဓာတ်မတည့်တာက မျက်လုံးကို ယားယံစေလို့ မျက်လုံးကို ခပ်ပြင်းပြင်း ပွတ်မိရင်လည်း မျက်ကွင်း ညိုလာနိုင်ပါတယ်။ လေမှ တဆင့်ပျံ့နှံ့လာတဲ့ ပန်းဝတ်မှုန်တွေ၊ မသန့်ရှင်းတဲ့လေတွေ၊ ကောက်ရိုးမှုန်တွေကြောင့် ဓာတ်မတည့်ရင်လည်း မျက်ကွင်းညိုတတ်ပါတယ်။

(၅) အိပ်ရေး မဝခြင်း

Related image

အိပ်ရေးပျက်တာကလည်း မျက်ကွင်းညိုရတဲ့ တရားခံပါ။ ဆက်တိုက် ရက်ရှည် အိပ်ရေးပျက်ရင် မျက်နှာဖြူဖျော့လာပြီး အားမရှိတဲ့ပုံ ပေါ်စေသလို မျက်ကွင်းတဝိုက်လည်း ညိုမည်းလာပါတယ်။ လေ့လာတွေ့ရှိချက်အရ ဆယ်ကျော်သက်အရွယ်တွေက အိပ်ရေးပျက်တာများလို့ မျက်ကွင်းညိုတာကို ခံစားနေကြရပါတယ်။

(၆) နေရောင်ထိခြင်း

Image result for morning run

နေရောင်ကို အကြာကြီးထိတဲ့သူတွေမှာ နေရောင်ဒဏ်ကြောင့် မယ်လနင် (Melanin) ထုတ်လုပ်မှု များပြီး အသားအရေကို ထိခိုက်စေပါတယ်။ မယ်လနင် ထုတ်လုပ်မှုများရင် အသားအရေကို ညိုမည်းစေရုံသာမက မျက်လုံးတစ်ဝိုက်ကိုလည်း ညိုမည်းစေပါတယ်။

(၇) အပြင်းအထန် ရေဓာတ်ခမ်းခြောက်ခြင်း

Image result for body water pressure

ရေဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြုလုပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ ရေဓာတ်အရမ်းခမ်းခြောက်ရင် အသားအရေတွေ ပျော့တွဲလာပြီး မျက်ကွင်းညိုမည်းတာတွေ ဖြစ်တတ်ပါတယ်။

source:KKMM(ဒေါက်တာအိမ့်)

Read: တရုတ်သမ္မတ နှင့်တကွ ပြည်သူလူထု အမျက်ဒေါသဖြစ်ခဲ့ရတဲ့ တရုတ်ကာကွယ်ဆေး

တရုတ်သမ္မတ နှင့်တကွ ပြည်သူလူထု အမျက်ဒေါသဖြစ်ခဲ့ရတဲ့ တရုတ်ကာကွယ်ဆေး

Read times
Rate this item
(2 votes)