What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 August 2018 16:26

ဆေးပတ်လည်အောင် သောက်သူများ ဆေးယဉ်ပါးလာနိုင်

ဆေးပတ်လည်အောင် သောက်သူများ ဆေးယဉ်ပါးလာနိုင် Google.com

ပဋိဇီဝဆေးများကို အမြဲတမ်းဆေးပတ်လည်အောင် သောက် ခိုင်းခြင်းမျိုးကို ရှောင်ရှားသင့်ကြောင်း ဗြိတိန်နိုင်ငံ ရောဂါဗေဒကျွမ်း ကျင်ပညာရှင်များက

ပြောကြားပြီး ယင်းသို့ ဆေးပတ်လည်အောင် သောက်ခြင်းက ဆေးယဉ်ပါးဖြစ်လာနိုင်ခြေများသည်ဟု ပြော သည်။

ပဋိဇီဝဆေးများ အသုံးပြုခြင်းကို စောလွန်းစွာ ရပ်လိုက်ခြင်း ထက် မလိုအပ်ဘဲ ဆေးဝါးသုံးစွဲမှုက ဆေးယဉ်ပါးဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်များက ဗြိတိန်ဆေးပညာဂျာနယ်၌ ရေးသားဖော် ပြသည်။

ဆရာဝန်များ၊ မူဝါဒရေးဆွဲသူများအနေဖြင့် အများပြည်သူနှင့် ဆက်သွယ်ချိန်တွင် ဆေးပတ်လည်အောင် သောက်ခိုင်းခြင်းမျိုး၊ အကြံပေးခြင်းမျိုးကို ရပ်တန့်သင့်ကြောင်း ကူးစက်ရောဂါဆိုင်ရာ ပညာရှင်မာတင်အယ်လီဝိန်း ဦးဆောင်သော သုတေသီများကပြော သည်။

သို့သော် အကောင်းဆုံးလမ်းညွှန်နိုင်ရေး နောက်ထပ်လေ့လာရ မည်ဟု သုတေသီများက ပြောသည်။

ယင်းကြောင့် လူနာများအနေဖြင့် ပဋိဇီဝဆေးဝါးများကို ဆေး ပတ်လည်အောင် သောက်ရမည်ဆိုသော သတ်မှတ်ချက်များသည် မှားယွင်းနေသည်ဟု ပညာရှင်များက ဆိုသည်။

လူနာများရောဂါသက်သာပျောက်ကင်းချိန်တွင် ပဋိဇီဝဆေး သောက်သုံးမှုကို ရပ်တန့်စေခြင်းသည် ပိုကောင်းသော အကြံဖြစ်နိုင် သည်ဟု ဗြိတိန်နိုင်ငံရှိ ရောဂါဗေဒပညာရှင်များက ပြောသည်။

ဆေးအနည်းငယ်သာ သောက်ပါက ရောဂါဖြစ်စေသော ဗက် တီးရီးယားများ မျိုးပြောင်းသွားကာ ယဉ်ပါးဖြစ်လာနိုင်သည်ဆိုသော အဆိုကို လူနာများအစဉ်အလာအားဖြင့် စွဲမက်ထားခြင်သည် မှား ယွင်းသည်။
သို့သော် ဆေးဝါးများလုံလောက်သော ပမာဏအထိ သောက်သုံးမှ ပျောက်ကင်းနိုင်သော ရောဂါအချို့လည်းရှိသည်။

source:7daydaily

Read: ဆေးဆိုင်မှာ ရောင်းနေကြတဲ့ အမူးပြေဆေး B6ရဲ့ကောင်းကျိုးဆိုးကျိုးများ

ဆေးဆိုင်မှာ ရောင်းနေကြတဲ့ အမူးပြေဆေး B6ရဲ့ကောင်းကျိုးဆိုးကျိုးများ

Read times Last modified on Monday, 06 August 2018 16:31
Rate this item
(1 Vote)