What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 February 2019 17:43

ဘာကြောင့် ဆီးမထိန်းနိုင်ရတာလဲ ( Urinary Incontinence )

ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ ရုတ်တရက် ချောင်းဆိုး၊ နှာချေခြင်းတို့ပြုလုပ်ချိန်တွင် ဆီးအိမ်ထိန်းချုပ်မှုအားနည်းသောကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။

ထိုသို့ရုတ်တရက် ဆီးထွက်ကျတတ်ခြင်းကြောင့် နေ့စဉ်ဘဝတွင် အရှက်ရခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းများ ကြုံတွေ့ရလေ့ရှိပါတယ်။

 

ဆီးမထိန်းနိုင်ခြင်းကို ချောင်းဆိုးရာ၊ နှာချေရာ၊ ရယ်မောရာ၊ လေ့ကျင့်ခန်းလုပ်ရာ၊ အလေးအပင်မရာတို့တွင် ဝမ်းဗိုက်ပေါ်ဖိအားများခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း (Stress Incontinence) ၊ ဆီးပိုးဝင်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါရှင်များတွင် အာရုံကြောအားနည်းခြင်းကြောင့် မကြာခဏဆီးသွားလိုခြင်း၊ ညဘက်များတွင်ပါ ဆီးခဏခဏသွားခြင်း (Urge Incontienece) ၊ ဆီးကုန်စင်အောင်မသွားခြင်းကြောင့် ဆီးတစ်စက်စက်ကျခြင်း (Overflow incontinence) ၊ ကိုယ်နှင့် စိတ်ချို့ယွင်းမှုတို့ကြောင့် ဆီးအချိန်မီမသွားနိုင်ခြင်း (ဥပမာ- အသက်ကြီးသူများတွင် ဆီးသွားလိုသောအချိန်၌ ဘောင်းဘီကို အချိန်မီမချွတ်နိုင်ခြင်း (Functional incontinenece) ၊အထက်တွင် ဖော်ပြထားသော အခြေအနေတစ်ခုထက်ပိုသော ဆီးမထိန်းနိုင်ခြင်း (Mixed Incontinenece) ဟူ၍ အမျိုးအစားများခွဲခြားထားပါတယ်။

 

ဖြစ်ပွားရသောအကြောင်းရင်းများကတော့ ဆီးမထိန်းနိုင်ခြင်းမှာ ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်ပါတယ်။ ခဏတာဆီးမထိန်းနိုင်ခြင်းကို အရက်၊ ကဖင်းဓာတ်များ ၊ လက်ဖက်ရည်နှင့် ကော်ဖီ ၊ Gas ပါသောအချိုရည်များ (Carbonated drinks) ၊ သကြားတုများ (Artificial sweeteners) ၊ အချဉ်ဓာတ်ပါသောအသီးများ ၊ နှလုံးနှင့် သွေးတိုးရောဂါအတွက် ဆေးသောက်သုံးနေရသူများ ၊ ဗီတာမင် ဘီနှင့်စီများစွာစားသုံးသူများတွင် ဆီးမထိန်းနိုင်ခြင်း ဖြစ်လေ့ရှိပါတယ်။ ဆီးပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့်လည်း ယာယီဆီးမထိန်းနိုင်ခြင်း ဖြစ်တတ်ပါတယ်။

 

နာတာရှည် ဆီးမထိန်းနိုင်ခြင်းကို ကိုယ်ဝန်ဆောင်ချိန် ၊ မွေးလမ်းကြောင်းမှ ကလေးမွေးထားသောမိခင်များ ၊ အသက်အရွယ်ကြီးခြင်းကြောင့် ဆီးအိတ်ကြွက်သား အားနည်းသွားသူများ ၊ သွေးဆုံးပြီး အမျိုးသမီးများ ၊ သားအိမ်ထုတ်ထားသူများ ၊ ဆီးကျိတ်ကြီးသော အမျိုးသားများ ၊ ဆီးကျိတ်ကင်ဆာရှိသူများ ၊ ဆီးလမ်းကြောင်းတစ်လျှောက် အလုံးအကျိတ်ရှိသူများ နှင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများတွင် တွေ့ရလေ့ရှိပါတယ်။

 

ဆီးမထိန်နိုင်ခြင်း၏ နောက်ဆက်တွဲပြဿနာများကတော့ စိုစွတ်မှုကြောင့် လိင်အင်္ဂါတဝိုက်တွင် ယားယံခြင်း၊ အရေပြားရောဂါပိုးများ ဝင်ခြင်းနှင့် ရောင်ရမ်းခြင်း ၊ ဆီးပိုးဝင်ခြင်း ၊ နေ့စဉ်ဘဝတွင် အဆင်မပြေခြင်းတို့ဖြစ်နိုင်ပါတယ်။

 

ကုသခြင်းများကတော့ ဆီးသွားချင်လာပါကချက်ချင်းမသွားဘဲ ၁ဝမိနစ်ခန့် နေပြီးမှသွားခြင်း ၊ ဆီးသွားပြီးပြီးချင်း ချက်ချင်းမထဘဲ ဆီးကျန် ကုန်စေရန် နောက်တကြိမ်သွားခြင်း ၊ နှစ်နာရီတစ်ကြိမ် သို့မဟုတ် လေးနာရီတစ်ကြိမ် အပေါ့သွားခြင်း ၊ အရက်၊ ကဖင်းနှင့် အက်ဆစ်ဓာတ်များသော အစာများကိုရှောင်ခြင်း၊ အရည်လျော့သောက်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

 


ဆီးထိန်းအားကောင်းစေသော လေ့ကျင့်ခန်းအနေဖြင့် ဆီးသွားစဉ် ၅စက္ကန့်ခန့် ဆီးကိုရပ်လိုက် ၅စက္ကန့်ခန့်ဆီးပြန်သွားလိုက် ပြုလုပ်ပါ။ ထို့နောက် ၁၀ စက္ကန့်သို့ တိုးလုပ်ပါ။ လေ့ကျင့်ခန်းကိုတစ်နေ့ အနည်းဆုံးသုံးကြိမ်ပြုလုပ်ပါ။

 

ဆီးတစက်စက်ကျခြင်းကြောင့် အရေပြားယားယံခြင်းကို သက်သာစေရန် ရေစိုဝတ်ဖြင့် အင်္ဂါကိုသန့်ရှင်းရေးလုပ်ခြင်း ၊ လေဝင်လေထွက်ကောင်း၍ ခြောက်သွေ့အောင်ထားခြင်း ၊ Petroleum Gel ကဲ့သို့သော Cream များလိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Source:healthcare.com.mm

Helath Products Directory

 

Read: ရန်ကုန်တိုင်းတွင် အသက်(၄၀)နှင့်အထက် လူနှစ်သန်းကျော်ကို ဆီးချိုနှင့် သွေးတိုးရောဂါ အခမဲ့စစ်ဆေးကုသမည်

ရန်ကုန်တိုင်းတွင် အသက်(၄၀)နှင့်အထက် လူနှစ်သန်းကျော်ကို ဆီးချိုနှင့် သွေးတိုးရောဂါ အခမဲ့စစ်ဆေးကုသမည်

Read times Last modified on Wednesday, 27 February 2019 13:53
Rate this item
(1 Vote)