What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 16:58

နို့တိုက်မိခင်များ  သွေးအားနည်းရောဂါ တနင်္သာရီတိုင်းအတွင်း  အများဆုံးဖြစ်ပွား

နို့တိုက်မိခင်များတွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုမှာ တစ်နိုင်ငံလုံးတွင် တနင်္သာရီ တိုင်းကအများဆုံးဖြစ်နေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အများဆုံးဖြစ်
 
 
ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ် မတ်လအထိ ကောက်ယူ ခဲ့သည့် အဏုအာဟာရအခြေအနေနှင့် အစာစားသုံးမှုအခြေအနေစစ်တမ်းအရ တနင်္သာရီ တိုင်းရှိ နို့တိုက်မိခင်များတွင် သွေးအားနည်းရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေခြင်းဖြစ်သည်။  စစ်တမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကောက်ယူခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း မြို့နယ်အားလုံးတွင် ကျပန်းကောက်ယူခဲ့ကြောင်း အထက်ပါဌာနလက်အောက်ရှိမိခင်ကလေး၊ ကျောင်းကျန်းမာနှင့် အာဟာရဌာန တိုင်းတာဝန်ခံ ဒေါက်တာထွေးမြစိုးက ပြောဆိုသည်။
 
 
 
မြန်မာနိုင်ငံတွင် နို့တိုက်မိခင်သွေးအား နည်းရောဂါဖြစ်ပွားမှုမှာ တနင်္သာရီတိုင်းက ၅၄ ဒသမ ၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းတွင် ၄၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တွင် ၄၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း အထက်ပါစစ်တမ်း၌ ဖော်ပြထားသည်။ နို့တိုက်မိခင်များက အယူအဆအမှားများကြောင့် အာဟာရဓာတြွ်ကယ်ဝသည့် အစားအစာစားသုံးခြင်းကို ရှောင်လေ့ရှိသည့်အတွက် သွေးအားနည်းရောဂါဖြစ်ပွားမှုများ နေခြင်းဖြစ်ကြောင်း ဒေါက်တာထွေးမြစိုးက ပြောဆိုသည်။
 
 
"ကလေးအတွက်လည်း နို့တိုက်ပြီး အာဟာရမျှဝေနေရလို့ အာဟာရပြည့်ဝတဲ့အစာ တွေကို စားသင့်တယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
 
 
စစ်တမ်းကောက်
 
အဆိုပါစစ်တမ်းကို တနင်္သာရီတိုင်း အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၀ တွင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းတွင် နို့တိုက်မိခင်များအပြင် အသက်ခြောက်လမှ ၅၉ လအတွင်း(ငါးနှစ် အောက်)ရှိ ကလေးများ၊ (၁၅)နှစ်မှ (၄၉)နှစ်ကြား အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များကို လည်း သွေးအားနည်းရောဂါဖြစ်ပွားမှုအခြေအနေကိုလည်းဖော်ပြထားသည်။
 
 
Source : myanmar.mmtimes
 
Health Products Directory
Read times
Rate this item
(0 votes)