What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 December 2019 11:40

UHC Day လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ (၁၂ ) ရက်နေ့ကို (၂၀၁၇)တွင် " International Universal Health Coverage Day (UHC Day) လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့" အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းလုံးမှာ UHC Day အခမ်းအနားများကိုကျင်းပခဲ့သည်။ 

ယခု (၂၀၁၉)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တို့၏ ဦးဆောင်မှုဖြင့်၊ World Health Organization (WHO)၊ မြန်မာကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (Myanmar Health CSOs Network )၊ ပြည်ကြီးခင် (PYI GYI KHIN) ၊ Community Partners International (CPI)၊ Population Service International (PSI) တို့ပူးပေါင်းပြီး UHC Day ကိုပထမဆုံးအကြိမ်အဖြစ် လူထုအသိပေး အထိမ်းအမှတ်ပွဲအနေဖြင့် ကျင်းပသွားပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ " Health for All : Keep the Promise" ဖြစ်ပါသည်။

 

အခမ်းအနား ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ "အစိုးရတွေကို သူတို့နိုင်ငံသားတွေအတွက် လုပ်ဆောင်ပေးရမဲ့ ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်တွေကိုမမေ့မလျော့ ဆောင်ရွက်နိုင်အောင် ပြည်သူလူထုက တိုက်တွန်းပေးစေလိုသည့် ရည်ရွယ်လိုရင်း" ဖြစ်ပါသည်။" လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု UHC " အရေးကြီးပုံကို လူမှုကွန်ရက် မီဒီယာများ အပါအဝင် မီဒီယာများမှ တစ်ဆင့် ပြည်သူများနှင့် ကဏ္ဍစုံမှ သိရှိလာပြီး ပိုမို အသိအမှတ်ပြုလာစေရန်လည်းရည်ရွယ်ပါသည်။

 

UHC Day နေ့ အခမ်းအနားပွဲများကို (၂၀၁၉) ဒီဇင်ဘာ(၁၂) ရက်နေ့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် လည်းကောင်း ၊ ဒီဇင်ဘာ(၁၄) ရက်နေ့တွင် ပုသိမ်မြို့ တွင်လည်းကောင်း ၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင် ခန်းမရှေ့တွင်လည်းကောင်း အသီးသီး ကျင်းပါမည်။

 

ရောဂါ ဝေဒနာ စွဲကပ်ပြီး မကျန်းမမာ ဖြစ်လျှင် ကုသမူကို ခံယူရမည်ဖြစ်ပါသည်။သို့သော် လူအများစုမှာ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် အဆိုပါ ကုသမှုများကို မခံယူနိုင်ပါ။ အချို့သော သူများသည် ဆေးကုသရန်အတွက် ငွေကြေး ချေးငှား ရမှုများ မိမိတို့ ပိုင်ဆိုင်မှုများကို ပေါင်နှံ ရောင်းချရခြင်းများ ပြုလုပ်ရပါသည်။ အချို့သော သူများသည် ဆေးရုံ ၊ ဆေးခန်း သို့သွားသော်လည်း အဆိုပါ ဆေးရုံ ၊ ဆေးခန်းများတွင် ဝေဒနာရှင်များ၏ လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကိုတွေ့ရပါသည်။

 

UHC သည်ပုဂ္ဂလိက ကျန်းမာရေး အာမခံစနစ်မဟုတ်ပါ။အကယ်လို့သာ တိုင်းပြည်တစ်ပြည်တွင် UHC ရရှိနိုင်မည့် စနစ်ရှိခဲ့သော် အထက်ပါအခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပင်လျှင် လူနာတိုင်းကို အခမဲ့ ကုသပေးသော စနစ်ကို ကျင့်သုံး နိုင်ခြင်းမရှိပါ။

 

UHC သည် လူတန်းစားမရွေး အရည်အသွေးပြည့်ဝပြီး လွယ်ကူလျင်မြန်စွာ ရရှိနိုင်အောင် အစိုးရက စီမံထားသော ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုဖြစ်သည်။ လူတိုင်းလက်လှမ်းမီ ကျန်းမာရေး လွှမ်းခြုံမှုအတွက် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍရေးမဟာဗျူဟာကို ရေးဆွဲပြုစုပြီး လူတန်းစား အလွှာအသီးသီးကြား စီမံကျန်းမာရေးစောင့်ရှောက်မှုကို ရယူသုံးစွဲနိုင်ရေးအတွက် အားစိုက်ဆောင်ရွက်လျက်ရှိသည်။

 

HUC ပန်းတိုင်သို့သွားရာလမ်းကြောင်းတွင် ကျန်းမာရေးစနစ် အပြောင်းအလဲအတွက် အဓိကကျလိုလျက်ရှိသော လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေတစ်ရပ် (HUC Law) တစ်ရပ် ကို ပြည်သူများအကြား ပိုမို သိရှိနားလည်းပြီး ခိုင်မာသော ကတိကဝတ်များ ရရှိလာစေရန် UHC Day အထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါသည်။ ယခုကျင်းပသော UHC Day အခမ်းအနားကို မြန်မာကျန်းမာရေး အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် မှလည်း ပူးပေါင်း ပါဝင်ကြမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက 

ဒေါ်နွယ်ဇင်ဝင်း 095031246

ဒေါက်တာ နေညီညီလွင် 09785503506

ဒေါက်တာ စိုးနေလင်း 09420027155

Read times
Rate this item
(1 Vote)