What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 June 2019 11:33

ဘီတာဒင်းက မိတ်ဆက်လိုက်သည့် အမျိုးသမီးသုံး သန့်စင်ဆေးရည်များဖြင့် အမျိုးသမီးများ တစ်နေ့တာလုံး ယုံကြည်မှု အပြည့်အဝရှိစေရန် အားပေးကူညီမည်

မိန်းမကိုယ်နေရာတစ်ဝိုက်ကို နေ့စဉ် သဘာဝအတိုင်း နူးညံ့စွာ ကာကွယ်ပေးနိုင်ရန် အထူး ဖော်မြူလာဖြင့် ထုတ်လုပ်ထားသော ဈေးကွက်အတွင်း ထိပ်တန်း အမျိုးသမီးသုံး သန့်စင်ဆေးရည်များကို နိုင်ငံတစ်ဝန်း စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

ဇွန်လ ၁၆ ရက်နေ့တွင်း ကျင်းပခဲ့တဲ့ ဘီတာဒင်းက မြန်မာနိုင်ငံရှိအမျိုးသမီးများအကြား မိန်းမကိုယ်ကျန်းမာရေးနှင့် ပတ်သက် သည့် အသိပညာ၊ ဗဟုသုတများမျှဝေရန်နှင့် ဖွင့်ဟဆွေးနွေးမှုများ ပိုမိုများပြားလာရန်အတွက် အသိပညာပေး အခမ်းအနားတစ်ခုကို ယနေ့ Junction City တွင် ကျင်းပပြုလုပ်ခဲ့ပြီး စိတ်ဝင်တစား တက်ရောက်ခဲ့သူ ထောင်ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို “ကိုယ့်ရဲ့ ယုံကြည်မှု အပြည့်အဝကို ဘီတာဒင်းနဲ့ ရယူလိုက်ပါ” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မိန်းမကိုယ်ကျန်းမာရေးနှင့် ပတ်သက်သည့် လွဲမှားနေသည့် အယူအဆ များစွာကို ဖြေရှင်းပေးရန်နှင့် အမျိုးသမီးများ ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည် အသုံးပြုခြင်းဖြင့် တစ်နေ့တာလုံး သက်သောင့်သက်သာရှိစွာဖြင့် ယုံကြည်မှု အပြည့်အဝ ရယူနိုင်ကြောင်း မျှဝေပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုမှာ မိန်းမကိုယ်နေရာတွင် သန့်ရှင်းကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားသည့်အခါ အကူအညီတောင်းရန် ရှက်ရွံ့နေတတ်ကြပါတယ်။ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းလာပြီး စိုးရွံ့အားငယ်စိတ်များ ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးဆိုင်ရာ ပြဿနာများတွင် ယားယံခြင်း ၊ ဓမ္မတာချိန်တွင် အနံ့ဆိုးထွက်ခြင်းနှင့် သက်သောင့်သက်သာ မရှိခြင်း ၊ သွေးဆုံးချိန်တွင် မိန်းမကိုယ် အသားအရေ ခြောက်သွေ့ခြင်း ၊ အားကစားနှင့် နေ့စဉ် လှုပ်ရှားသွားလာမှုများကြောင့် ချွေးထွက်များခြင်း စသည်တို့ ပါဝင်ပါတယ်။ အဆိုပါ ပြဿနာများ ခံစား နေရချိန်တွင် မိမိတို့ မိန်းမကိုယ်နေရာအတွက် မည်ကဲ့သို့ ကာကွယ်ကုသနိုင်မည်ကို ထိရောက်မှန်ကန်စွာ လမ်းညွှန်ထားသည့် အကြံပြုချက်များ ရရှိနိုင်ရန် အခက်အခဲရှိကြောင်း အမျိုးသမီးများက ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဘီတာဒင်းက အမျိုးသမီးများအတွက် ၎င်း၏ တတ်ကျွမ်းနားလည်မှုများကို မျှဝေကာ မိန်းမကိုယ်သန့်ရှင်းကျန်းမာရေး၏အရေးကြီးပုံကို အသိပညာပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

"အမျိုးသမီးတွေဟာ ဘဝအခြေအနေ အမျိုးမျိုးမှာ ကိုယ့်ရဲ့ ရွေးချယ်မှုအလိုက်၊ လူနေမှုဘဝ ပုံစံတွေအလိုက် လိုအပ်ချက်တွေကလည်း အမျိုးမျိုးရှိပါတယ်။ အမျိုးသမီးတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အဓိက အချက်တွေ ထဲမှာ မိန်းမကိုယ် ကျန်းမာသန့်ရှင်းရေး ပြဿနာကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ မိန်းမကိုယ်နေရာဟာ သူ့သဘာဝအတိုင်း အလိုအလျောက် ကာကွယ်ပေးနိုင်ပေမယ့် အမြဲ သန့်ရှင်းနေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အချိန်မှာ ဂရုစိုက်ပေးဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့အခမ်းအနားမှာ အမျိုးသမီးတွေကို အစွမ်းထက် ဘီတာဒင်းအမျိုးသမီးသုံးသန့်စင်ဆေးရည်နဲ့ မိန်းမကိုယ်နေရာတစ်ဝိုက်ကို မှန်မှန်ကန်ကန် အသုံးပြု ပေးမယ်ဆိုရင် တစ်နေ့တာလုံး သန့်ရှင်းလန်းဆန်းပြီး ကာကွယ်မှုရရှိနေမှာ သေချာတယ်ဆိုတဲ့အကြောင်း အသိ ပညာပေး တိုက်တွန်းသွားမှာ ဖြစ်ပါတယ်" ဟု Mundiphurma (မြန်မာ) ကုမ္ပဏီလီမိတက်၏ Country Manager ဖြစ်သူ ဒေါက်တာ စိုးစံသူက ပြောကြားခဲ့ပါတယ်။

ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်များကို အရည်၊ အမြုပ်နှင့် သန့်စင်တစ်ရှုး ပုံစံများဖြင့် ထုတ်လုပ်ထား ပြီး မိန်းမကိုယ်တွင်ရှိသင့်သော Ph ပမာဏ မညီမျှခြင်းကြောင့် ဖြစ်ပွားနိုင်သည့် မလိုလားအပ်သော လက္ခဏာ များဖြစ်သော အနံ့အသက်ဆိုးထွက်ခြင်းနှင့် နာကျင်ယားယံခြင်းများမှ ကာကွယ်ပေးနိုင်သည့် ထုတ်ကုန်ပစ္စည်း များ ဖြစ်ပါသည်။ သဘာဝပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး အထူး Tri-Care+™ ဖော်မြူလာအပြင် ပရီဘိုင်အိုးတစ် ပေါင်းစပ်ထည့်သွင်းထားသည့် ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်များသည် အမျိုးသမီး များအတွက် တစ်နေ့တာလုံး နူးညံ့စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

“မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးဆိုတာ နာကျင်ယားယံမှုတွေနဲ့ ရောဂါပိုး ကူးစက်ခံနေရတဲ့သူတွေပဲ ဂရုစိုက် သင့်တာမျိုး မဟုတ်ပါဘူး။ အမျိုးသမီးတိုင်းရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဘဝနေထိုင်မှု အခြေအနေတွေအတွက် အရေးကြီးတဲ့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို နေ့တိုင်း ဂရုစိုက်သင့်ပါတယ်။ ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်နဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးဖို့ အလေ့အကျင့်လုပ်ထားပြီး ကိုယ့်ရဲ့ မိန်းမကိုယ် ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။ အချိန်တော်တော်များများ အိမ်အပြင်ထွက် အလုပ်လုပ်နေတဲ့သူဆိုရင် အရည်ဖြစ်ဖြစ်၊ အမြုပ်ဖြစ်ဖြစ် ဗူးလေးတစ်ဗူးကို ဆောင်သွားလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း အမျိုးသမီးသုံး သန့်စင်တစ်ရှုး ထုပ်လေးကို အိတ်ထဲ ထည့်သယ်သွားလို့ ရပါတယ်” ဟု ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်၏ Brand Representative ဖြစ်သူ အဆိုတော် ပန်းရောင်ခြယ် က ပြောသည်။

စိတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများ ပြောကြားလေ့ရှိသူ နာမည်ကျော် ဘလော့ဂါ ဖြိုးဖြိုးအောင်က “ငယ်ရွယ်ချိန်ကနေစပြီး အလေ့အကျင့်ကောင်းတွေ ရှိထားမှသာ မိန်းမကိုယ်ကျန်းမာသန့်ရှင်းရေးနဲ့ ပတ်သက် တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ယုံကြည်မှု အပြည့်အဝနဲ့ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။ ဖြိုးအနေနဲ့ မိန်းကလေးတွေကို ကိုယ့်ရဲ့ မိန်းမကိုယ်မှာ ပြဿနာတစ်ခုခု ခံစားရတဲ့အခါ ထုတ်ပြောပြီး အကူအညီတောင်းဖို့ အားပေးချင်ပါတယ်။ ဒါမှ ဒီလိုမျိုး တွေ့ကြုံနေရတာ သူတို့ချည်းပဲ မဟုတ်ဘူးဆိုတာ သိမှာပါ။ အရေးကြီးတဲ့ အချက်ကတော့ မြန်မြန်သက်သာအောင်ဆိုပြီး ဆေးမြီးတိုတွေနဲ့ မစမ်းသပ်ကြဖို့ ပြောချင်ပါတယ်။ အဲဒီ့အစား ဆိုးဆေးမပါ၊ ဓာတ်မတည့်တာမရှိဘဲ၊ သားဖွားမီးယပ် ဆရာဝန်တွေရဲ့ ခွင့်ပြုချက် ရရှိထားပြီး နေ့စဉ်သုံးဖို့ စိတ်ချ ရတဲ့ အရည်အသွေးမြင့် ဘီတာဒင်းအမျိုးသမီးသုံးသန့်စင်ဆေးရည်ကို ရွေးချယ်သင့်ပါတယ်” ဟု ပြောသည်။

အမျိုးသမီးများ၏ မတူညီသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေး ရည်များကို အမျိုးအစား (၄) မျိုး ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စူပါမားကတ်များနှင့် ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ ထုတ်ကုန်တစ်မျိုးချင်းစီကို အရည် - ၅၀ မီလီလီတာ၊ ၁၅၀ မီလီလီတာနှင့် အမြုပ် - ၁၀၀ မီလီလီတာ အရွယ်အစားဖြင့် ထုတ်လုပ်ထားပါသည်။

Gentle Protection Immortelle (ခရမ်းရောင်) - မိန်းမကိုယ်ပေါ်ရှိ အကျိုးပြုဘက်တီးရီးယားများ ပုံမှန်အတိုင်း မရှိသည့်အခါ ခြောက်သွေ့ယားယံခြင်း၊ အနံ့အသက်ဆိုးထွက်ခြင်းနှင့် အဖြူဆင်းခြင်း စသည့် လက္ခဏာတွေ ဖြစ်စေနိုင်ပါသည်။ ထိခိုက်လွယ်သော မိန်းမကိုယ်အသားအရေနှင့် ပျိုဖော်ဝင်စ ဆယ်ကျော်သက် မိန်းကလေး များ ရွေးချယ်သုံးစွဲ သင့်ပါသည်။ မိန်းမကိုယ်တွင် အဖြစ်များသော ပြဿနာများမှာ သဘာဝအတိုင်း နူးညံ့စွာ ကာကွယ်ပေးနိုင်ပြီး မိန်းမကိုယ်ရှိ အကျိုးပြုဘက်တီးရီးယားများ ရှင်သန်ပေါက်ဖွားနိုင်ရန် အားဖြည့်ပေးပါသည်။

Fresh & Active Lemon Verbena (အစိမ်းရောင်) - ပူအိုက်သည့် ရာသီဥတုနှင့် အားကစားလုပ်သည့်အချိန်၊ အမြဲ လှုပ်ရှားသွားလာနေရသည့်အချိန်များတွင် ချွေးထွက်များသည့်အတွက် မိန်းမကိုယ်နေရာတွင် သက်သောင့် သက်သာ မရှိမှုများ ဖြစ်စေနိုင်ပါသည်။ မိန်းမကိုယ်တစ်ဝိုက်တွင် ကြာရှည် အေးမြလန်းဆန်းမှု ပေးစွမ်းနိုင်သည့် အပြင် မိန်းမကိုယ်တွင် ရှိသင့်သည့် သဘာဝ Ph ပမာဏကို ထိန်းသိမ်းပေးနိုင်ရန် ထုတ်လုပ်ထားပါသည်။

Moisturising Calendula (ပန်းရောင်) - ခြောက်သွေ့သည့် မိန်းမကိုယ်အသားအရေရှိသူများ၊ ကလေးမီးဖွား ပြီးခါစ မိခင်များ၊ သွေးဆုံးချိန်တွင် မိန်းမကိုယ်ယားယံခြောက်သွေ့မှု ခံစားနေရသော အမျိုးသမီးနှင့် သင့်တော် ပါသည်။ မိန်းမကိုယ် အသားအရေအတွက် လိုအပ်သည့်ရေဓာတ်ကို ဖြည့်ဆည်းပေးပြီး အစိုဓာတ် ထိန်းသိမ်းပေး နိုင်သည့်အပြင် မိန်းမကိုယ်တွင်ရှိသင့်သော သဘာဝ Ph ပမာဏကို ထိန်းသိမ်းပေးနိုင်ရန် ထုတ်လုပ်ထားသည်။

Odour Control Witch Hazel (အပြာရောင်) - နေ့စဉ် လှုပ်ရှားသွားလာမှုကြောင့် ချွေးထွက်ခြင်းနှင့် ဓမ္မတာချိန် များတွင် အနံ့အသက်ဆိုးများထွက်ခြင်းကြောင့် အမျိးသမီးများ စိတ်ကသိကအောက်ဖြစ်ကာ သွားလာရ အဆင် မပြေ ဖြစ်နိုင်ပါသည်။ မိန်းမကိုယ်ကို တစ်နေ့တာလုံး မွှေးပျံ့စေပြီး အနံ့ဆိုးထွက်ခြင်းက ကာကွယ်ပေးနိုင်သည့် အပြင် မိန်းမကိုယ်တွင် ရှိသင့်သည့် သဘာဝ Ph ပမာဏကို ထိန်းသိမ်းပေးနိုင်ရန် ထုတ်လုပ်ထားပါသည်။

အသုံးပြုရမည့် ပုံစံမှာ အလွန်ရိုးရှင်းလွယ်ကူပါသည်။ စိုစွတ်သည့် လက်ပေါ်တွင် သန့်စင်ဆေးရည်ကိုထည့်၍ မိန်းမကိုယ်နေရာတွင် ညင်သာစွာ အသုံးပြုပြီးနောက် ရေဖြင့် စင်ကြယ်စွာ ဆေးချလိုက်ရုံဖြင့် တစ်နေ့တာလုံး ယုံကြည်မှုအပြည့်ဖြင့် သွားလာနိုင်မည် ဖြစ်ပါသည်။

အမြဲ လှုပ်ရှားသွားလာနေရပြီး မကြာခဏ ခရီးသွားရသည့် အမျိုးသမီးများအတွက် အထူးအားဖြင့် အမျိုးသမီး လစဉ်သုံးပစ္စည်း လဲလှယ်သည့်အချိန်များတွင် မကြာခဏ သို့မဟုတ် အရေးပေါ် ဆေးကြောရန် လိုအပ်လာသည့် အခါ အသုံးပြုနိုင်ရန် သင့်တော်မှုရှိသည့် ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်တစ်ရှုးများကိုလည်း ရွေးချယ် အသုံးပြုနိုင်ပါသည်။ အထုတ်တစ်ထုတ်တွင် တစ်ရှုး ၁၀ ရွက်ပါဝင်ပြီး မိန်းမကိုယ်ရှိ အကျိုးပြု ဘက်တီးရီးယား များကို ထိန်းသိမ်းပေးနိုင်ကာ နာကျင်ယားယံခြင်းမရှိစေရန် သဘာဝအတိုင်း ကာကွယ်ပေးနိုင်ပါသည်။

Read times
Rate this item
(1 Vote)