What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 October 2019 19:34

မီးတွင်းကာလ ရောဂါပိုးဝင်ခြင်း လက္ခဏာများ

ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းခံရတဲ့အခါ ဖျားခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် တစ်ကိုယ်လုံးနုံးပြီး နေလို့ထိုင်လို့မကောင်းခြင်း၊ မသက်မသာဖြစ်ခြင်း အစရှိတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဲဒီလက္ခဏာတွေအပြင် အောက်ဖော်ပြပါ လက္ခဏာတွေပါရှိနေသလားဆိုတာ အသေအချာသတိထားဖို့ လိုပါတယ်။

 

ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ အဖျားငွေ့ငွေ့ရှိခြင်း သို့မဟုတ် မိန်းမကိုယ်အနံ့ဆိုးထွက်နေခြင်း (ရောဂါပိုးကြောင့် သားအိမ်နံရံရောင်ရမ်းတဲ့ Endometritis ဖြစ်နိုင်) 

 

ရင်သားပေါ်မှာ (အများအားဖြင့် တစ်ဖက်တွင်သာ) နီရဲ နာကျင်ပြီး ခပ်မာမာဖြစ်နေတဲ့နေရာ၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း (ရင်သားရောင်ရမ်းတဲ့ Mastitis ဖြစ်နိုင်) 

 

ဗိုက်ခွဲထားတဲ့နေရာ သို့မဟုတ် မီးဖွားစဉ် မွေးလမ်းကြောင်းချဲ့ဒဏ်ရာမှာ နီရဲခြင်း၊ မန်းရည်/ပြည်ရည်ထွက်နေခြင်း၊ ဖောင်းခြင်း၊ နွေးခြင်း၊ တဖြည်းဖြည်း ပိုပိုပြီးနာလာခြင်း၊ ဒဏ်ရာ ဟပြဲဖြစ်လာခြင်း

 

ဆီးသွားရခက်ခဲခြင်း၊ ဆီးသွားရင် နာကျင်ခြင်း၊ ဆီးမကြာခဏသွားလိုခြင်း (ဒါပေမယ့် ဆီးနည်းနည်းသာထွက်ခြင်း သို့မဟုတ် လုံးဝမထွက်ခြင်း)၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးနောက်ခြင်း၊ ဆီးထဲမှာ သွေးပါခြင်း (ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်) ဒီလိုတွေခံစားနေရပြီဆိုရင် တတ်ကျွမ်းသူနဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်နေပါပြီ။

 

ဒေါက်တာချစ်ဆွေ M.B.,B.S (YGN) 

Read times Last modified on Tuesday, 09 June 2020 10:36
Rate this item
(1 Vote)