What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 September 2022 14:05

အဖြစ်များသော ကျောက်ကပ်ရောဂါများ နှင့် ခံစားရသော ရောဂါ လက္ခဏာများ

အဖြစ်များသော ကျောက်ကပ်ရောဂါများ နှင့် ခံစားရသော ရောဂါ လက္ခဏာများ Medical News Today

နာတာရှည်ကျောက်ကပ်ရောဂါ (chronic kidney disease) ကျောက်ကပ်ရောဂါများထဲတွင် အဖြစ်များသော ရောဂါ ဖြစ်ပြီး သွေးတိုးနှင့်ဆီးချိုရောဂါ တို့ ၏ နောက်ဆက်တွဲ ဆိုးကျိုး ကြောင့် အဓိက ဖြစ်ပါတယ်။

 

အဓိက ကုသနိုင်တဲ့ နည်းကတော့ ကျောက်ကပ်ဆေးခြင်း ဖြစ်သော်လည်း ရောဂါ ကို အရှင်းမပျောက်ကင်းနိုင်ပါ။နောက်တနည်း အနေနဲ့ လူနာ အခြေအနေပေါ် မူတည်ပြီး ကျောက်ကပ် အစားထိုး ကုသနိုင်ပါတယ်။

 

၁) ကျောက်ကပ် ကျောက်တည်ခြင်း

၂) ကျောက်ကပ်ရောင်ခြင်း

၃) ရေအိတ်တည်ခြင်း

၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။

telegram1.jpg

ကျောက်ကပ်ရောဂါဖြစ်လျှင်ခံစားရသော ရောဂါ လက္ခဏာများ

ကျောက်ကပ်ရောဂါလက္ခဏာတွေဟာရောဂါ အခြေအနေ မဆိုးခင်အထိ မပေါ်လာတတ်ပဲအများအားဖြင့် ရောဂါအခြေအနေ ဆိုးဝါးမှသာ တွေ့ရတတ်ပါတယ်။  အောက်ပါလက္ခဏာတွေက ကျောက်ကပ်ရောဂါကောင့် တွေ့ရတတ်တဲ့ ယေဘုယျ လက္ခဏာများသာ ဖြစ်ပါတယ်။

 

မောပန်းလွယ်ခြင်း

အာရုံစူးစိုက်မှုအားနည်းလာခြင်း

အိပ်မပျော်ခြင်း

ကြွက်တက်ခြင်း

ခြေထောက်ဖောရောင်ခြင်း

မျက်လုံးတဝှိက် ဖောရောင်ခြင်း

ညဘက် ဆီးခဏခဏသွားခြင်း

ပျို့အန်ခြင်း

သွေးအားနည်းခြင်း

ဆီး သွားနည်းခြင်း

ဆီးမထွက်တော့ခြင်း

အသက်ရှူမဝဘဲ မောခြင်း တို့ဖြစ်ပါတယ်။

 

Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(1 Vote)