What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 November 2019 16:06

ဖိလစ္ပိုင္မွ တရားမဝင္ ေက်ာက္ကပ္အေရာင္းအဝယ္ ေဈးကြက္အေၾကာင္း

အဆင္ရဲဆုံး လူတန္းစားေတြရွိရာ ေနရာေတြမွာ ေက်ာက္ကပ္ထုတ္ေရာင္းမယ့္သူကို ရွာေဖြေလ့ရွိပါတယ္။

ဖိလစ္ပိုင္ အေထြေထြေဆး႐ုံႀကီးမွာ တစ္ေနကုန္ခဲ့တဲ့ ေရနာတစ္ေယာက္ ေျခကုန္လက္ပန္းက်ၿပီး အိမ္ကိုျပန္ေရာက္လာပါတယ္။ သူမဟာ တစ္စုံတစ္ေယာက္ကို အသက္ကယ္ႏိုင္တဲ့ ေက်ာက္ကပ္အလႉရွင္ ျဖစ္လာဖြယ္ရွိသူႏွစ္ေယာက္နဲ႔အတူ ေဆး႐ုံမွာ အခ်ိန္ကုန္ခဲ့ပါတယ္။

 

တစ္ကယ္ေတာ့ သူတို႔ေတြက ေရနာအတြက္လည္း အပိုဝင္ေငြ ၿမိဳးၿမိဳးျမက္ျမက္ ရေစႏိုင္သူေတြပါ။ ေရနာက ေက်ာက္ကပ္ရွာေဖြသူတစ္ဦးျဖစ္ၿပီး မနီလာၿမိဳ႕ရဲ႕ အဆင္ရဲဆုံး လူတန္းစားေတြရွိရာ ေနရာေတြမွာ လွည့္ပတ္သြားလာရင္း ေက်ာက္ကပ္ထုတ္ေရာင္းမယ့္သူကို ရွာေဖြေလ့ရွိပါတယ္။ တစ္ကယ္တမ္းမွာ သူမရဲ႕ အလုပ္က တရားမဝင္ပါဘူး။

Related image

ဖိလစ္ပိုင္ ဥပေဒအရ သူမ လုပ္ေနတာက ကိုယ္တြင္းအဂၤါအတြက္ လူကုန္ကူးမႈေျမာက္ပါတယ္။ ဒီျပစ္မႈက သူမကို ေထာင္ဒဏ္ ႏွစ္ ၂၀ နဲ႔ ႀကီးမားတဲ့ ေငြဒဏ္က်ခံရေစႏိုင္ပါတယ္။ ဒါေပမဲ့လည္း ဆင္းရဲမြဲေတမႈက ေရနာရဲ႕ဘဝကို ေထာင္ထဲမွာ ဆယ္စုႏွစ္နဲ႔ခ်ီေအာင္ ေနရႏိုင္တဲ့ အႏၲရာယ္ကို စိန္ေခၚလႈပ္ရွားေနရသူ ျဖစ္ေစခဲ့ပါတယ္။

 

ေရနာက ေကာ္မရွင္ခယူၿပီး ေက်ာက္ကပ္ရွာေဖြေရးလုပ္ပါတယ္။ သူမက ေက်ာက္ကပ္ေပးႏိုင္ဖြယ္ရွိသူေတြကို ရွာေဖြၿပီး ေက်ာက္ကပ္ယူမယ့္သူရွိလာပါက သူတို႔ကို ေဆးစစ္မႈေတြမွာ လိုက္ပါေဆာင္႐ြက္ေပးပါတယ္။ ေက်ာက္ကပ္ေပးမယ့္သူတစ္ေယာက္ကို ေဆးစစ္ရန္အတြက္ ေခၚေဆာင္လာမႈအတြက္ ေရနာက ဖိလစ္ပိုင္ပီဆိုေငြ ၅၀၀ (ျမန္မာက်ပ္ေငြ ၁၅,၀၀၀ ဝန္းက်င္) ရရွိပါတယ္။

 

ေက်ာက္ကပ္ေပးမယ့္သူဟာ ေက်ာက္ကပ္အစားထိုးမႈ မတိုင္မီ က်န္းမာေရးစစ္ေဆးမႈေတြနဲ႔ ဓာတ္မွန္႐ိုက္စစ္ေဆးမႈေတြ တသီတသန္း လုပ္ေဆာင္ရပါတယ္။ ထိုလုပ္ငန္းစဥ္ဟာ တစ္ႏွစ္ၾကာႏိုင္ၿပီး ေရနာအတြက္ ေငြရွာႏိုင္တဲ့ အခြင့္အလမ္းေတြပဲ ျဖစ္ပါတယ္။ ဒီလို အက်ိဳးခံစားခြင့္ကပဲ ေရနာကို ဖိလစ္ပိုင္တစ္ဝွမ္း ဆင္းရဲသူေတြနဲ႔ ေငြလိုအပ္တဲ့ အားနည္းခ်က္ရွိေနသူေတြကို သားေကာင္အျဖစ္ ပစ္မွတ္ထားလႈပ္ရွားေနတဲ့ တရားမဝင္ ကိုယ္တြင္းအဂၤါေရာင္းဝယ္ေရး လုပ္ျဖစ္ေနေစခဲ့ပါတယ္။

 

“အစိုးရက ဒါကို အမွန္တစ္ကယ္ မရပ္တန႔္ႏိုင္ပါဘူး၊ လိုအပ္ေနသူေတြကို သူတို႔ မတားျမစ္ႏိုင္ပါဘူး၊ လိုအပ္တဲ့ေငြရဖို႔ ႀကိဳးပမ္းေနၾကသူေတြကိုေပါ့” လို႔ ေရနာက သူမရဲ႕ အိမ္စုတ္ေလးထဲမွာ ေျပာခဲ့ပါတယ္။ ေရနာရဲ႕အိမ္က မနီလာၿမိဳ႕ရွိ ဆင္းရဲသားရပ္ကြက္တစ္ခုအတြင္း ညစ္ပတ္ေနတဲ့ ေရေျမာင္းတစ္ခုနီးမွ အခန္းက်ဥ္းေလးမွ်သာ ျဖစ္ပါတယ္။

 

လတ္တေလာ ေရနာ ရရွိထားတဲ့ ေက်ာက္ကပ္အမွာစာကေတာ့ ေက်ာက္ကပ္ပ်က္စီးမႈေနသူ အၿငိမ္းစား အစိုးရဝန္ထမ္း အမ်ိဳးသားတစ္ေယာက္ထံမွ ျဖစ္တယ္လို႔ဆိုပါတယ္။ ထိုအမ်ိဳးသားက ေန႔စဥ္ ေက်ာက္ကပ္ ေဆးေၾကာသန႔္စင္ေနရသူျဖစ္ၿပီး က်န္းမာေရးသတ္မွတ္ခ်က္ျပည့္စုံတဲ့ ေက်ာက္ကပ္တစ္လုံးကို သက္ရွိထင္ရွား ေက်ာက္ကပ္ေပးသူထံမွ ပီဆိုေငြ ၁၂၀,၀၀၀ (ျမန္မာက်ပ္ေငြ ၃၅ သိန္း) ေပးၿပီး ရယူအစားထိုးကာ ကုသမႈခံယူလို‌ေနပါတယ္။

 

“တစ္ကယ္လို႔သာ ေက်ာက္ကပ္ေပးသူတစ္ေယာက္ အသည္းအသန္းလိုအပ္ေနတဲ့ တစ္ႏိုင္ငံတည္းသားကို ကြၽန္မ မကူညီႏိုင္ခဲ့ရင္ ဒါက မတရားရာက်ပါတယ္” လို႔ ေရနာကဆိုပါတယ္။ ေရနာရဲ႕ လည္ပင္းမွာဆြဲထားတဲ့ ဝန္ထမ္းကတ္ခ်ိတ္တဲ့ ႀကိဳးအရ သူမဟာလည္း အစိုးရဌာနတစ္ခုမွာ အလုပ္လုပ္ကိုင္သူလို႔ သိႏိုင္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံဟာ ကိုယ္တြင္းအဂၤါေရာင္းဝယ္ေရး တရားမဝင္ လုပ္ကိုင္မႈေတြရွိေနတဲ့ ေနရာတစ္ခုအျဖစ္ ႏိုင္ငံတကာမွာ နာမည္ႀကီးပါတယ္။

 

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organisation – WHO) ရဲ႕ ၂၀၀၇ ခုႏွစ္ အစီရင္ခံစာအရ ဖိလစ္ပိုင္ဟာ ပါကစၥတန္၊ အိႏၵိယ၊ တ႐ုတ္၊ အီဂ်စ္နဲ႔ ကိုလံဘီယာ ႏိုင္ငံေတြနည္းတူ ကိုယ္တြင္းအဂၤါတင္ပို႔ေနတဲ့ ႏိုင္ငံစာရင္းမွာ ပါဝင္ေနပါတယ္။ ထိုႏိုင္ငံေတြမွာ ႏိုင္ငံျခားသားေတြကလည္း ေက်ာက္ကပ္ဝယ္ယူမႈေတြလည္း ရွိေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဖိလစ္ပိုင္အစိုးရက ပိုမိုတင္းၾကပ္တဲ့ လူကုန္ကူးမႈဥပေဒတစ္ရပ္ကို ၂၀၀၉ ခုႏွစ္မွာ ျပဌာန္းခဲ့ပါတယ္။ အဆိုပါ ဥပေဒျပဌာန္းမႈက သက္ရွိထင္ရွား အလႉရွင္ရဲ႕ ကိုယ္တြင္းအဂၤါျဖင့္ အစားထိုးကုသမႈႏႈန္းကို ေလ်ာ့က်ေစခဲ့တယ္လို႔ WHO က ေျပာပါတယ္။

 

ေဆး႐ုံေတြမွာ စည္မ်ဥ္းစည္းကမ္းမ်ား တိုးျမႇင့္ခဲ့ျခင္းကလည္း ထိုသို႔ အစားထိုးကုသမႈႏႈန္း ေလ်ာ့က်ေစရန္ အေထာက္အကူျပဳခဲ့ပါတယ္။ ဖိလစ္ပိုင္အစိုးရက ကိုယ္တြင္းအဂၤါေရာင္းဝယ္သူေတြအတြက္ ပိုမိုခက္ခဲေစရန္ ေဆာင္႐ြက္ခဲ့ေသာ္လည္း အက်ိဳးအျမတ္မ်ားတဲ့ ကိုယ္တြင္းအဂၤါေရာင္းဝယ္ေရး ေျမေအာက္ေဈးကြက္ကို ႏိုင္ငံမွာ အျမစ္ျပတ္ ရွင္းလင္းႏိုင္ခဲ့တာ မဟုတ္ပါဘူး။

“ကိုယ္တြင္းအဂၤါေရာင္းဝယ္တာကို တိုင္ၾကားမႈမရွိတဲ့အခ်က္က ဥပေဒစိုးမိုးေရး အရာရွိေတြအတြက္ စိန္ေခၚမႈျဖစ္ေနပါတယ္၊ ဒီလိုပဲ ကိုယ္တြင္းအဂၤါေရာင္းဝယ္ေရးမွာ ပစ္မွတ္ထားခံရသူေတြကလည္း သူတို႔အေၾကာင္းကို မေျပာၾကဘူးေလ” လို႔ အဆိုပါကိစၥကို တာဝန္ယူေဆာင္႐ြက္ေနတဲ့ Inter-Agency Council Against Trafficking (IACAT) မွ လက္ေထာက္အမႈေဆာင္ၫႊန္ၾကားေရးမႉး Yvette T Coronel က ေျပာပါတယ္။ ဖိလစ္ပိုင္မွာ ကိုယ္တြင္းအဂၤါလႉဒါန္းမႈဟာ လက္ခံသူနဲ႔ ေပးလႉသူတို႔ ေဆြမ်ိဳးေတာ္စပ္ပါက တရားဝင္ျဖစ္ပါတယ္။ ဥပေဒသတ္မွတ္ခ်က္အရ မိဘမ်ားနဲ႔ ကေလးမ်ား၊ ညီအစ္ကိုနဲ႔ ညီအစ္မမ်ား၊ အဖိုးအဖြားမ်ားနဲ႔ တူ၊ တူမမ်ားၾကား ကိုယ္တြင္းအဂၤါေပးလႉမႈဟာ တရားဝင္ပါတယ္။

ဖိလစ္ပိုင္မွာ ေဆြမ်ိဳးမေတာ္စပ္သူေတြ ကိုယ္တြင္းအဂၤါလႉဒါန္းမႈကိုလည္း ႏိုင္ငံသားနဲ႔ ႏိုင္ငံျခားသားေတြအတြက္ပါ ခြင့္ျပဳထားပါတယ္။ သို႔ေသာ္ ကိုယ္တြင္းအဂၤါေပးလႉသူေတြဟာ လက္ခံရယူမယ့္သူေတြနဲ႔ ဆက္ႏြယ္မႈရွိေၾကာင္းနဲ႔ ေပးလႉသူဟာ ပရဟိတစိတ္ျဖင့္ ကိုယ္က်ိဳးစြန႔္မႈျဖစ္ေၾကာင္း သက္ေသျပရတယ္လို႔ ဆိုပါတယ္။

 

မည္သို႔ပင္ျဖစ္ေစ ဖိလစ္ပိုင္မွာ လွ်ိဳ႕ဝွက္လုပ္ေဆာင္ေနၾကတဲ့ ေက်ာက္ကပ္အေရာင္းအဝယ္ေဈးကြက္က ျဖစ္ထြန္းေနပါတယ္။ အြန္လိုင္းေၾကာ္ျငာေတြအရ ေက်ာက္ကပ္တစ္လုံးရဲ႕ ေဈးႏႈန္းဟာ ညႇိႏႈိင္းမႈအေပၚမူတည္ၿပီး ပီဆိုေငြ ၅၀၀,၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၁၄၀) အထိ ရွိႏိုင္ပါတယ္။ ပုံမွန္ေဈးႏႈန္းေတြကေတာ့ ပီဆိုေငြ ၂၀၀,၀၀၀ မွ ၃၀၀,၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၆၀ နီးပါမွ ၈၉ သိန္းနီးပါး) ျဖစ္ပါတယ္။ ဖိလစ္ပိုင္မွာ ေက်ာက္ကပ္ေရာဂါျဖစ္ပြားတဲ့ လူနာအေရအတြက္ကလည္း ျမင့္တက္ေနခဲ့တယ္လို႔ ဆိုပါတယ္။

၂၀၁၀ ျပည့္ႏွစ္မွာ ေက်ာက္ကပ္ပ်က္စီးမႈေၾကာင့္ ေဆးေၾကာသန႔္စင္ရသူ လူနာအေရအတြက္ ၉,၇၁၆ ဦးရွိခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွာေတာ့ ၂၁,၅၃၅ ဦး ျဖစ္လာခဲ့ပါတယ္။ ေက်ာက္ကပ္ လုံးဝပ်က္စီးသြားသူေတြနဲ႔ ေက်ာက္ကပ္ ေကာင္းစြာအလုပ္မလုပ္ႏိုင္တာေၾကာင့္ ေဆးေၾကာသန႔္စင္ေနရသူဟာ ေက်ာက္ကပ္အစားထိုးကုသမႈ ခံယူရန္လိုအပ္ပါတယ္။

 

လက္ရွိမွာ ဖိလစ္ပိုင္ႏိုင္ငံတစ္ဝွမ္း ေက်ာက္ကပ္ေဆးေၾကာသန႔္စင္ေနရတဲ့ လူနာအေရအတြက္ ၄၀,၀၀၀ ခန႔္ရွိေပမဲ့ တစ္ႏွစ္လွ်င္ လူနာ ၅၀၀ မွ်သာ ၎တို႔နဲ႔ ကိုက္ညီတဲ့ ေက်ာက္ကပ္ေပးလႉသူေတြ႕ၿပီး ကုန္က်စရိတ္ႀကီးမားတဲ့ အစားထိုးကုသမႈ ျပလုပ္ႏိုင္တယ္လို႔ မနီလာၿမိဳ႕ရွိ National Kidney and Transplant Institute မွ ေဒါက္တာ ဘင္နီတာ ပတ္ဒီလာက ေျပာပါတယ္။

 

ဖိလစ္ပိုင္မွာ ေက်ာက္ကပ္အစားထိုးကုသမႈ ကုန္က်စရိတ္ဟာ ပီဆိုေငြ ၆၀၀,၀၀၀ မွ တစ္သန္းအထိ (ျမန္မာက်ပ္ေငြ ၁၇၈ သိန္းေက်ာ္မွ သိန္း ၃၀၀ နီပါးအထိ) ရွိႏိုင္တယ္လို႔ ဆိုပါတယ္။ ကမာၻတစ္ဝွမ္းမွာ ႏွစ္စဥ္ ေက်ာက္ကပ္အစားထိုးမႈ ၇၀,၀၀၀ ဝန္းက်င္ရွိၿပီး ၎အနက္ ၂၀,၀၀၀ ထက္မနည္းဟာ သက္ရွိအလႉရွင္မ်ားထံျဖစ္ၿပီး အနည္းဆုံး ေက်ာက္ကပ္ ၁၀,၀၀၀ ဟာ တရားမဝင္ ေက်ာက္ကပ္အေရာင္းအဝယ္ေဈးကြက္မွ ျဖစ္ပါတယ္။

 

Duwun

{Unicode}

======

ဖိလစ်ပိုင်မှ တရားမဝင် ကျောက်ကပ်အရောင်းအဝယ် ဈေးကွက်အကြောင်း

 

အဆင်ရဲဆုံး လူတန်းစားတွေရှိရာ နေရာတွေမှာ ကျောက်ကပ်ထုတ်ရောင်းမယ့်သူကို ရှာဖွေလေ့ရှိပါတယ်။ ဖိလစ်ပိုင် အထွေထွေဆေးရုံကြီးမှာ တစ်နေကုန်ခဲ့တဲ့ ရေနာတစ်ယောက် ခြေကုန်လက်ပန်းကျပြီး အိမ်ကိုပြန်ရောက်လာပါတယ်။ သူမဟာ တစ်စုံတစ်ယောက်ကို အသက်ကယ်နိုင်တဲ့ ကျောက်ကပ်အလှူရှင် ဖြစ်လာဖွယ်ရှိသူနှစ်ယောက်နဲ့အတူ ဆေးရုံမှာ အချိန်ကုန်ခဲ့ပါတယ်။

 

တစ်ကယ်တော့ သူတို့တွေက ရေနာအတွက်လည်း အပိုဝင်ငွေ မြိုးမြိုးမြက်မြက် ရစေနိုင်သူတွေပါ။ ရေနာက ကျောက်ကပ်ရှာဖွေသူတစ်ဦးဖြစ်ပြီး မနီလာမြို့ရဲ့ အဆင်ရဲဆုံး လူတန်းစားတွေရှိရာ နေရာတွေမှာ လှည့်ပတ်သွားလာရင်း ကျောက်ကပ်ထုတ်ရောင်းမယ့်သူကို ရှာဖွေလေ့ရှိပါတယ်။ တစ်ကယ်တမ်းမှာ သူမရဲ့ အလုပ်က တရားမဝင်ပါဘူး။

Related image

ဖိလစ်ပိုင် ဥပဒေအရ သူမ လုပ်နေတာက ကိုယ်တွင်းအင်္ဂါအတွက် လူကုန်ကူးမှုမြောက်ပါတယ်။ ဒီပြစ်မှုက သူမကို ထောင်ဒဏ် နှစ် ၂၀ နဲ့ ကြီးမားတဲ့ ငွေဒဏ်ကျခံရစေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဆင်းရဲမွဲတေမှုက ရေနာရဲ့ဘဝကို ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီအောင် နေရနိုင်တဲ့ အန္တရာယ်ကို စိန်ခေါ်လှုပ်ရှားနေရသူ ဖြစ်စေခဲ့ပါတယ်။

 

ရေနာက ကော်မရှင်ခယူပြီး ကျောက်ကပ်ရှာဖွေရေးလုပ်ပါတယ်။ သူမက ကျောက်ကပ်ပေးနိုင်ဖွယ်ရှိသူတွေကို ရှာဖွေပြီး ကျောက်ကပ်ယူမယ့်သူရှိလာပါက သူတို့ကို ဆေးစစ်မှုတွေမှာ လိုက်ပါဆောင်ရွက်ပေးပါတယ်။ ကျောက်ကပ်ပေးမယ့်သူတစ်ယောက်ကို ဆေးစစ်ရန်အတွက် ခေါ်ဆောင်လာမှုအတွက် ရေနာက ဖိလစ်ပိုင်ပီဆိုငွေ ၅၀၀ (မြန်မာကျပ်ငွေ ၁၅,၀၀၀ ဝန်းကျင်) ရရှိပါတယ်။

 

ကျောက်ကပ်ပေးမယ့်သူဟာ ကျောက်ကပ်အစားထိုးမှု မတိုင်မီ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ တသီတသန်း လုပ်ဆောင်ရပါတယ်။ ထိုလုပ်ငန်းစဥ်ဟာ တစ်နှစ်ကြာနိုင်ပြီး ရေနာအတွက် ငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အကျိုးခံစားခွင့်ကပဲ ရေနာကို ဖိလစ်ပိုင်တစ်ဝှမ်း ဆင်းရဲသူတွေနဲ့ ငွေလိုအပ်တဲ့ အားနည်းချက်ရှိနေသူတွေကို သားကောင်အဖြစ် ပစ်မှတ်ထားလှုပ်ရှားနေတဲ့ တရားမဝင် ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး လုပ်ဖြစ်နေစေခဲ့ပါတယ်။

 

“အစိုးရက ဒါကို အမှန်တစ်ကယ် မရပ်တန့်နိုင်ပါဘူး၊ လိုအပ်နေသူတွေကို သူတို့ မတားမြစ်နိုင်ပါဘူး၊ လိုအပ်တဲ့ငွေရဖို့ ကြိုးပမ်းနေကြသူတွေကိုပေါ့” လို့ ရေနာက သူမရဲ့ အိမ်စုတ်လေးထဲမှာ ပြောခဲ့ပါတယ်။ ရေနာရဲ့အိမ်က မနီလာမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုအတွင်း ညစ်ပတ်နေတဲ့ ရေမြောင်းတစ်ခုနီးမှ အခန်းကျဥ်းလေးမျှသာ ဖြစ်ပါတယ်။

 

လတ်တလော ရေနာ ရရှိထားတဲ့ ကျောက်ကပ်အမှာစာကတော့ ကျောက်ကပ်ပျက်စီးမှုနေသူ အငြိမ်းစား အစိုးရဝန်ထမ်း အမျိုးသားတစ်ယောက်ထံမှ ဖြစ်တယ်လို့ဆိုပါတယ်။ ထိုအမျိုးသားက နေ့စဥ် ကျောက်ကပ် ဆေးကြောသန့်စင်နေရသူဖြစ်ပြီး ကျန်းမာရေးသတ်မှတ်ချက်ပြည့်စုံတဲ့ ကျောက်ကပ်တစ်လုံးကို သက်ရှိထင်ရှား ကျောက်ကပ်ပေးသူထံမှ ပီဆိုငွေ ၁၂၀,၀၀၀ (မြန်မာကျပ်ငွေ ၃၅ သိန်း) ပေးပြီး ရယူအစားထိုးကာ ကုသမှုခံယူလို‌နေပါတယ်။

 

“တစ်ကယ်လို့သာ ကျောက်ကပ်ပေးသူတစ်ယောက် အသည်းအသန်းလိုအပ်နေတဲ့ တစ်နိုင်ငံတည်းသားကို ကျွန်မ မကူညီနိုင်ခဲ့ရင် ဒါက မတရားရာကျပါတယ်” လို့ ရေနာကဆိုပါတယ်။ ရေနာရဲ့ လည်ပင်းမှာဆွဲထားတဲ့ ဝန်ထမ်းကတ်ချိတ်တဲ့ ကြိုးအရ သူမဟာလည်း အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်ကိုင်သူလို့ သိနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး တရားမဝင် လုပ်ကိုင်မှုတွေရှိနေတဲ့ နေရာတစ်ခုအဖြစ် နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organisation – WHO) ရဲ့ ၂၀၀၇ ခုနှစ် အစီရင်ခံစာအရ ဖိလစ်ပိုင်ဟာ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ အီဂျစ်နဲ့ ကိုလံဘီယာ နိုင်ငံတွေနည်းတူ ကိုယ်တွင်းအင်္ဂါတင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ ထိုနိုင်ငံတွေမှာ နိုင်ငံခြားသားတွေကလည်း ကျောက်ကပ်ဝယ်ယူမှုတွေလည်း ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ဖိလစ်ပိုင်အစိုးရက ပိုမိုတင်းကြပ်တဲ့ လူကုန်ကူးမှုဥပဒေတစ်ရပ်ကို ၂၀၀၉ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေပြဌာန်းမှုက သက်ရှိထင်ရှား အလှူရှင်ရဲ့ ကိုယ်တွင်းအင်္ဂါဖြင့် အစားထိုးကုသမှုနှုန်းကို လျော့ကျစေခဲ့တယ်လို့ WHO က ပြောပါတယ်။

 

ဆေးရုံတွေမှာ စည်မျဥ်းစည်းကမ်းများ တိုးမြှင့်ခဲ့ခြင်းကလည်း ထိုသို့ အစားထိုးကုသမှုနှုန်း လျော့ကျစေရန် အထောက်အကူပြုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက ကိုယ်တွင်းအင်္ဂါရောင်းဝယ်သူတွေအတွက် ပိုမိုခက်ခဲစေရန် ဆောင်ရွက်ခဲ့သော်လည်း အကျိုးအမြတ်များတဲ့ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေး မြေအောက်ဈေးကွက်ကို နိုင်ငံမှာ အမြစ်ပြတ် ရှင်းလင်းနိုင်ခဲ့တာ မဟုတ်ပါဘူး။

“ကိုယ်တွင်းအင်္ဂါရောင်းဝယ်တာကို တိုင်ကြားမှုမရှိတဲ့အချက်က ဥပဒေစိုးမိုးရေး အရာရှိတွေအတွက် စိန်ခေါ်မှုဖြစ်နေပါတယ်၊ ဒီလိုပဲ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေးမှာ ပစ်မှတ်ထားခံရသူတွေကလည်း သူတို့အကြောင်းကို မပြောကြဘူးလေ” လို့ အဆိုပါကိစ္စကို တာဝန်ယူဆောင်ရွက်နေတဲ့ Inter-Agency Council Against Trafficking (IACAT) မှ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး Yvette T Coronel က ပြောပါတယ်။ ဖိလစ်ပိုင်မှာ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုဟာ လက်ခံသူနဲ့ ပေးလှူသူတို့ ဆွေမျိုးတော်စပ်ပါက တရားဝင်ဖြစ်ပါတယ်။ ဥပဒေသတ်မှတ်ချက်အရ မိဘများနဲ့ ကလေးများ၊ ညီအစ်ကိုနဲ့ ညီအစ်မများ၊ အဖိုးအဖွားများနဲ့ တူ၊ တူမများကြား ကိုယ်တွင်းအင်္ဂါပေးလှူမှုဟာ တရားဝင်ပါတယ်။

ဖိလစ်ပိုင်မှာ ဆွေမျိုးမတော်စပ်သူတွေ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုကိုလည်း နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေအတွက်ပါ ခွင့်ပြုထားပါတယ်။ သို့သော် ကိုယ်တွင်းအင်္ဂါပေးလှူသူတွေဟာ လက်ခံရယူမယ့်သူတွေနဲ့ ဆက်နွယ်မှုရှိကြောင်းနဲ့ ပေးလှူသူဟာ ပရဟိတစိတ်ဖြင့် ကိုယ်ကျိုးစွန့်မှုဖြစ်ကြောင်း သက်သေပြရတယ်လို့ ဆိုပါတယ်။

 

မည်သို့ပင်ဖြစ်စေ ဖိလစ်ပိုင်မှာ လျှို့ဝှက်လုပ်ဆောင်နေကြတဲ့ ကျောက်ကပ်အရောင်းအဝယ်ဈေးကွက်က ဖြစ်ထွန်းနေပါတယ်။ အွန်လိုင်းကြော်ငြာတွေအရ ကျောက်ကပ်တစ်လုံးရဲ့ ဈေးနှုန်းဟာ ညှိနှိုင်းမှုအပေါ်မူတည်ပြီး ပီဆိုငွေ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၄၀) အထိ ရှိနိုင်ပါတယ်။ ပုံမှန်ဈေးနှုန်းတွေကတော့ ပီဆိုငွေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀ နီးပါမှ ၈၉ သိန်းနီးပါး) ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ကျောက်ကပ်ရောဂါဖြစ်ပွားတဲ့ လူနာအရေအတွက်ကလည်း မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

 

၂၀၁၀ ပြည့်နှစ်မှာ ကျောက်ကပ်ပျက်စီးမှုကြောင့် ဆေးကြောသန့်စင်ရသူ လူနာအရေအတွက် ၉,၇၁၆ ဦးရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မှာတော့ ၂၁,၅၃၅ ဦး ဖြစ်လာခဲ့ပါတယ်။ ကျောက်ကပ် လုံးဝပျက်စီးသွားသူတွေနဲ့ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဆေးကြောသန့်စင်နေရသူဟာ ကျောက်ကပ်အစားထိုးကုသမှု ခံယူရန်လိုအပ်ပါတယ်။

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း ကျောက်ကပ်ဆေးကြောသန့်စင်နေရတဲ့ လူနာအရေအတွက် ၄၀,၀၀၀ ခန့်ရှိပေမဲ့ တစ်နှစ်လျှင် လူနာ ၅၀၀ မျှသာ ၎င်းတို့နဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ပေးလှူသူတွေ့ပြီး ကုန်ကျစရိတ်ကြီးမားတဲ့ အစားထိုးကုသမှု ပြလုပ်နိုင်တယ်လို့ မနီလာမြို့ရှိ National Kidney and Transplant Institute မှ ဒေါက်တာ ဘင်နီတာ ပတ်ဒီလာက ပြောပါတယ်။

 

ဖိလစ်ပိုင်မှာ ကျောက်ကပ်အစားထိုးကုသမှု ကုန်ကျစရိတ်ဟာ ပီဆိုငွေ ၆၀၀,၀၀၀ မှ တစ်သန်းအထိ (မြန်မာကျပ်ငွေ ၁၇၈ သိန်းကျော်မှ သိန်း ၃၀၀ နီပါးအထိ) ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဥ် ကျောက်ကပ်အစားထိုးမှု ၇၀,၀၀၀ ဝန်းကျင်ရှိပြီး ၎င်းအနက် ၂၀,၀၀၀ ထက်မနည်းဟာ သက်ရှိအလှူရှင်များထံဖြစ်ပြီး အနည်းဆုံး ကျောက်ကပ် ၁၀,၀၀၀ ဟာ တရားမဝင် ကျောက်ကပ်အရောင်းအဝယ်ဈေးကွက်မှ ဖြစ်ပါတယ်။

Read times Last modified on Tuesday, 26 November 2019 16:39
Rate this item
(0 votes)