What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 November 2019 17:19

ေသြးတိုးေရာဂါ ကုသျခင္းတြင္ ေသြးေၾကာက်ယ္ေဆးမ်ား အသုံးရျခင္း အေၾကာင္း

ေသြးတိုးကုသနည္းမ်ား တြင္ အခ်ိဳ႕ေသာေဆးမ်ား ဟာ သင္နဲ႔ ရင္းနီးၿပီးသားျဖစ္ပါလိမ့္မယ္။

သည္ေဆာင္းပါးက ေသြးေၾကာက်ယ္ေဆးမ်ား နဲ႔ ပက္သက္ၿပီး သိသင့္သည့္ အခ်က္အခ်ိဳ႕ကို ေဖၚျပသြားမွာ ျဖစ္ပါတယ္။ ေသြးေၾကာက်ယ္ေဆးမ်ားမွာ Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို႔ျဖစ္ပါတယ္။


ေသြးေၾကာက်ယ္ေဆးမ်ားကို ေအာက္ပါ အေျခအေနမ်ားတြင္ အသုံးျပဳပါတယ္။ ေသြးတိုးျခင္း ၊ ကိုယ္ဝန္ဆိပ္ တက္ျခင္း ၊ အဆုပ္ေသြးေၾကာ ဖိအားမ်ားျခင္း ၊ ႏွလုံးအားနည္းျခင္း တို႔ပဲ ျဖစ္ပါတယ္။ ထိုေဆးမ်ားသည္ ေသြးေၾကာမ်ားရဲ႕ နံရံကို ေျပေလ်ာ့ေစၿပီး ေသြးေၾကာက်ဥ္းျခင္းမွ ကာကြယ္ေပးပါတယ္။ ေသြးေၾကာမ်ားကို က်ယ္ေစပါတယ္။

 

ထိုသို႔ျဖင့္ ေသြးမ်ားကို ေကာင္းမြန္စြာ စီးဆင္းေစၿပီး ဖိအားေလ်ာ့နည္းေစပါတယ္။ အျခာေဆးမ်ား ႏွင့္ အလုပ္မျဖစ္ပါက ေသြးေၾကာက်ယ္ေဆးမ်ားကို အသုံးျပဳပါတယ္။ ေသြးေၾကာက်ယ္ေဆးမ်ားဟာ ေသြးေၾကာနံရံမ်ား ေပၚသက္ေရာက္ပါတယ္။ ျဖစ္ႏိုင္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ားမွာ သည္ေဆးမ်ားသည္လည္း အျခားေဆးမ်ားကဲ့သို႔ ေဘးထြက္ဆိုးက်ိဳးမ်ား ရွိပါတယ္။ အေပ်ာ့စားမွ ျပင္းထန္အဆင့္ထိ ရွိပါတယ္။

 

အျဖစ္အမ်ားဆုံးမွာ

Hydralazine သည္ ေခါင္းကိုက္ျခင္း၊ ႏွလုံးခုန္ ပုံမမွန္ျခင္း၊ မ်က္လုံးမ်ား ပတ္လည္တြင္ ေရာင္ရမ္းျခင္း၊ အဆစ္မ်ား နာက်င္ျခင္း တို႔ျဖစ္ပါတယ္။ Minoxidil သည္ ေရမ်ားစုၿပဳံျခင္း နဲ႔ အေမႊးမ်ား ထူျခင္းတို႔ကို ျဖစ္ေစပါတယ္။ ထို႔ျပင္ အသက္ရႉခက္ျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ မ်က္ႏွာနီျခင္း တို႔ကိုလည္းျဖစ္ေစပါတယ္။ အမ်ားစုဟာ အေပ်ာ့စား အဆင့္သာျဖစ္ၿပီး ရက္အနည္းငယ္ၾကာေသာ္ ေပ်ာက္သြားႏိုင္ပါတယ္။ ထို႔ေၾကာင့္ ေဆးကို မရပ္သင့္ပါ။

 

သို႔ေသာ္ ထိုလကၡဏာမ်ား ျပင္းထန္ပါက သို႔မဟုတ္ မသက္သာပါက ဆရာဝန္ႏွင့္ အတတ္ႏိုင္ဆုံး လ်င္ျမန္စြာ သြားျပသင့္ပါတယ္။ ေသြးေၾကာက်ယ္ေဆးမ်ားကို ေသြးတိုးျခင္းအတြက္ အျခားေဆးမ်ားႏွင့္ ေရာသုံးေလ့ရွိပါတယ္။ သို႔ေသာ္ ပထမဦးစားေပး အသုံးျပဳေသာ ေဆးမ်ားေတာ့ မဟုတ္ပါ။ ေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ေစႏိုင္ေသာ္လည္း ေဆးကို မရပ္ဘဲ ဆရာဝန္နဲ႔ သြားျပသင့္ပါတယ္။

 

Hello Health Group

{Unicode}

======

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း အကြောင်း

 

သွေးတိုးကုသနည်းများ တွင် အချို့သောဆေးများ ဟာ သင်နဲ့ ရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ သည်ဆောင်းပါးက သွေးကြောကျယ်ဆေးများ နဲ့ ပက်သက်ပြီး သိသင့်သည့် အချက်အချို့ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ သွေးကြောကျယ်ဆေးများမှာ Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို့ဖြစ်ပါတယ်။


သွေးကြောကျယ်ဆေးများကို အောက်ပါ အခြေအနေများတွင် အသုံးပြုပါတယ်။ သွေးတိုးခြင်း ၊ ကိုယ်ဝန်ဆိပ် တက်ခြင်း ၊ အဆုပ်သွေးကြော ဖိအားများခြင်း ၊ နှလုံးအားနည်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ထိုဆေးများသည် သွေးကြောများရဲ့ နံရံကို ပြေလျော့စေပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပါတယ်။

 

ထိုသို့ဖြင့် သွေးများကို ကောင်းမွန်စွာ စီးဆင်းစေပြီး ဖိအားလျော့နည်းစေပါတယ်။ အခြာဆေးများ နှင့် အလုပ်မဖြစ်ပါက သွေးကြောကျယ်ဆေးများကို အသုံးပြုပါတယ်။ သွေးကြောကျယ်ဆေးများဟာ သွေးကြောနံရံများ ပေါ်သက်ရောက်ပါတယ်။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ သည်ဆေးများသည်လည်း အခြားဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။

 

အဖြစ်အများဆုံးမှာ

Hydralazine သည် ခေါင်းကိုက်ခြင်း၊ နှလုံးခုန် ပုံမမှန်ခြင်း၊ မျက်လုံးများ ပတ်လည်တွင် ရောင်ရမ်းခြင်း၊ အဆစ်များ နာကျင်ခြင်း တို့ဖြစ်ပါတယ်။

 

Minoxidil သည် ရေများစုပြုံခြင်း နဲ့ အမွှေးများ ထူခြင်းတို့ကို ဖြစ်စေပါတယ်။ ထို့ပြင် အသက်ရှူခက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာနီခြင်း တို့ကိုလည်းဖြစ်စေပါတယ်။ အများစုဟာ အပျော့စား အဆင့်သာဖြစ်ပြီး ရက်အနည်းငယ်ကြာသော် ပျောက်သွားနိုင်ပါတယ်။ ထို့ကြောင့် ဆေးကို မရပ်သင့်ပါ။

 

သို့သော် ထိုလက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် မသက်သာပါက ဆရာဝန်နှင့် အတတ်နိုင်ဆုံး လျင်မြန်စွာ သွားပြသင့်ပါတယ်။ သွေးကြောကျယ်ဆေးများကို သွေးတိုးခြင်းအတွက် အခြားဆေးများနှင့် ရောသုံးလေ့ရှိပါတယ်။ သို့သော် ပထမဦးစားပေး အသုံးပြုသော ဆေးများတော့ မဟုတ်ပါ။

 

ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သော်လည်း ဆေးကို မရပ်ဘဲ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

Read times Last modified on Thursday, 28 November 2019 17:27
Rate this item
(1 Vote)