What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 July 2022 12:43

ကျောက်ကပ်တွင် ကျောက်မဖြစ်စေရန် ကာကွယ်ခြင်း

ကျောက်ကပ်တွင် ကျောက်မဖြစ်စေဖို့အတွက် ကာကွယ်နိုင်မည့် နည်းလမ်းများတဲ့ ဆောင်ရန် ရှောင်ရန် များကို ဖော်ပြပေးလိုက်ပါတယ်။

ရှောင်ရန်

ဝမ်းတွင်းသား ကလီစာများ၊ နီသောအသား (ဥပမာ - အမဲသား ၊ ဆိတ်သား)၊ အရိုးပါဝါးစား၍ရသော ငါးကလေး၊ ပုစွန်ကျော့၊ ကွမ်း၊ ဘီယာ၊ မှို၊ မျှစ်၊ မျှစ်ချဉ်၊ အရက်၊ မြေအောက်ဥ၊ ငါးဥ။

လျှော့စားရန်

ချဉ်ပေါင်၊ စီးသီး၊ ဟင်းနုနွယ်ရွက်၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်းသီး။

BI1.jpg

လျှော့သောက်ရန်

လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ချောကလတ် အလွန်အမင်းသောက်ခြင်းကို ရှောင်ဖို့လိုပါတယ်။

ဆောင်ရန်

ရေများများသောက်ရန်၊ ရေသည် ဆေးဖြစ်သည်။ ရေများများသောက်ခြင်းဖြင့် ကျောက်အတုံးအခဲမဖွဲ့စည်းနိုင်မီ အမှုန့်ဘဝမှာပင် ဆီးများများဖြစ်သဖြင့် ဆေးချလိုက်သကဲ့သလို့ ဖြစ်သည်။

တနေ့လျှင်အနည်းဆုံး ရေသန့်ဗူး အရွယ် ဗူး ၂ဗူးခန့် ရေအနေဖြင့် သောက်ရန် (ဖျော်ရည်ဖျော်၍ သောက်ခြင်းမျိုး ၊ ဖျော်ရည်ကို ရေအစားသောက်ခြင်းမျိုး မပြုလုပ်ရ)။

ပါမောက္ခ ဦးမင်းသူ

M.B.,B.S,M.MED.Sc(Surgery)

F.R.C.S(Glasgow),Dr.MedSc(Urology)

BI.jpg

Read times
Rate this item
(1 Vote)