What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 September 2022 13:45

ကျောက်ကပ် ရောင်းပြီး iPhone ဝယ်တဲ့ Meme ကို ဆရာဝန်တွေ ရှုတ်ချ

ကျောက်ကပ် ရောင်းပြီး iPhone ဝယ်တဲ့ Meme ကို ဆရာဝန်တွေ ရှုတ်ချ ဘန်ကောက်လမ်းညွန်ကိုစိုင်း

လာအိုက Facebook ပို့စ်တစ်ခုမှာ ကျောက်ကပ် ရောင်းပြီး တန်ဖိုးကြီး iPhone အသစ်ကို ဝယ်လိုက်တာကို ပြသထားပါတယ်။

 

ကပ်ရှင်မှာ iPhone 14 အတွက်လို့ ရေးသားထားပြီး လူသုံးယောက်ဟာ iPhone အသစ်တွေကို ကိုင်ထားကြပါတယ်။ သူတို့ရဲ့ အင်္ကျီတွေကို မတင်ထားပြီး ဝမ်းဗိုက်က ပတ်တီးတွေကို မြင်ရပါတယ်။ တန်ဖိုးကြီး iPhone ဝယ်ဖို့ ကျောက်ကပ် ရောင်းလိုက်တာလို့ ဆိုလိုထားပါတယ်။

youtube1.jpg

အဲဒီ ဓါတ်ပုံဟာ Facebook မှာ နာမည်ကြီးနေပြီး အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ လာအိုက အလှအပ ဆေးခန်း တစ်ခုက တင်ထားတာ ဖြစ်ပြီး ဟာသ အနေနဲ့ တင်ထားတာလို့ ပြောပါတယ်။ လာအိုမှာ အဲဒီပို့စ်ကို ဟာသ အနေနဲ့ သဘောထားကြပြီး ကျောက်ကပ် ရောင်းရင် ဘယ်လောက်ရသလဲလို့ ကွန်းမန့်မှာ မေးမြန်းထားကြပါတယ်။

 

ထိုင်းမှာလည်း အဲဒီ ပို့စ်ဟာ နာမည်ကြီးသွားခဲ့ပေမယ့် ဝေဖန်မှုတွေ ရှိနေပါတယ်။ Thai Red Cross Society လက်အောက်က Organ Donation Centre က မန်းနေးဂျင်း ဒါရိုက်တာက အဲဒီ Meme ဟာ ကျင့်ဝတ်နဲ့ မညီဘဲ မသင့်တော်ဘူးလို့ ရှုတ်ချပါတယ်။

 

ထိုင်းမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ဆွေမျိုးတွေကပဲ လှူဒါန်းနိုင်ပြီး Thai Red Cross က ကြီးကြပ်ပါတယ်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ရောင်းချတာဟာ ဥပဒေနဲ့ မညီပါဘူး။ ဆေးသိပ္ပံသုတေသနအတွက် ကိုယ်ခန္တာအစိတ်အပိုင်းတွေကို လက်မှတ်ထိုးကာ လှူဒါန်းနိုင်ပြီး အသည်း၊ နှလုံးနဲ့ မျက်လုံးတို့လို အစိတ်အပိုင်းတွေကို သေဆုံးပြီးနောက်မှ ထုတ်ယူကြပါတယ်။

 

Ref : thethaiger

ဘန်ကောက်လမ်းညွန်ကိုစိုင်း

youtube.jpg

Read times
Rate this item
(0 votes)