What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 July 2024 12:09

လိုအပ်သည့် ဆေးဝါးများကို ဆေးကုမ္ပဏီများမှ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ယနေ့ ဇူလိုင်လ (၁၇) ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဆေးကုမ္ပဏီများမှ ပြည်သူများထံသို့ တိုက်ရိုက် ဆေးနှင့် ဆေးဝါးများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ ရောင်းချခြင်း ဖြစ်ပြီး အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ ( တနင်္ဂနွေနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ ) မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ရောင်းချပေးမည် ဖြစ်သည်။ 

 

ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများ လေ့လာ ကြည့်ရှု ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

 

လက်ရှိတွင် ကုမ္ပဏီပေါင်း (၄၀) ကျော်က ဆိုင်ခန်းပေါင်း (၄၀) ကျော် ပြသ‌ ရောင်းချပေးမည်ဖြစ်ပြီး နေ့စဉ်သုံး မရှိမဖြစ် ဆေးဝါးများဖြစ်သည့် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေး အခြေခံဆေးဝါးများကို ရောင်းချပေးသွားမည် ဖြစ်ကြာင်း သိရသည်။

Read times Last modified on Wednesday, 17 July 2024 12:24
Rate this item
(0 votes)