What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 January 2017 10:53

နှာစေး ၊ နှာပိတ် မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အစားအစာ (၁၀) မျိုး

နှာစေး ၊ နှာပိတ် မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အစားအစာ (၁၀) မျိုး Google.com

နှာစေးနှာပိတ်ဖြစ်တဲ့အခါ အသက်၀၀မရှူနိုင်တာကြောင့် သက်တောင့်သက်သာ မဖြစ်တဲ့အပြင် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားရစေပါတယ်။ 

 

ညဘက်တွေလည်း ကောင်းကောင်းမအိပ်ရတဲ့အပြင် မနက်နိုးလာရင်လည်း အာခေါင်တွေခြောက်ပြီး နေရထိုင်ရ ခက်စေပါတယ်။လူအများစုက ဖျားနာပြီး နှာစေးရာမှတစ်ဆင့် နှာခေါင်းပိတ်ခြင်း ဖြစ်တယ်လို့ထင်ကြပါတယ်။ နှာခေါင်းပိတ်ခြင်းအများစုဟာ ဖျားနာတာက တစ်ဆင့် ဖြစ်ရတာမှန်ပေမယ့် စားသောက်မှုပုံစံကြောင့်လည်း နှာစေးနှာပိတ် ဖြစ်တတ်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် စားသောက်မှုအပေါ် ဓာတ်မတည့်ဖြစ်တာချင်း မတူကြပါဘူး။

 

နှာစေးနှာပိတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဓိက အစားအစာများ

၁. ပူစပ်တဲ့ အစားအစာများ

အပူအစပ်တွေစားတဲ့အခါ ဟီစတာမင်း (histamine) ဆိုတဲ့ allergy ဖြစ်စေတဲ့ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးပြီး နှာခေါင်းပိတ်စေပါတယ်။

 

၂. အနီရောင် အသားများ

အနီရောင်အသားတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှာခေါင်းပိတ်စေနိုင်ပါတယ်။

 

၃. ငှက်ပျောသီး

ငှက်ပျောသီးဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေနိုင်ပေမယ့် ဓာတ်မတည့်တဲ့သူတွေ စားမိရင် histamine ကို ပိုမိုထုတ်လွှတ်ပေးပြီး နှာခေါင်းပိတ်စေပါတယ်။

 

၄. နွားနို့

နှာစေးနေတဲ့အချိန်မှာ နွားနို့သောက်မိရင် နှာခေါင်းထဲက အကျိအချွဲတွေကို ထူပျစ်သွားစေနိုင်ပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

 

၅. ဒိန်ခဲ

ဒိန်ခဲကလည်း နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် နှာပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

၆. ပြု ပြင်ထားတဲ့သကြား

အသင့်စား စားစရာတွေမှာ ပါဝင်တဲ့ သကြားတွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေများစွာ ဖြစ်စေနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေထဲမှာ နှာခေါင်းပိတ်ခြင်းလည်း ပါဝင်ပါတယ်။

 

၇. ချောကလက်

ချောကလက်မှာပါဝင်တဲ့ သကြားဓာတ်အတွင်းက တဆေးဓာတ်ပမာဏကို မြင့်တက်စေပြီး ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေနိုင်ပြီး နှာခေါင်းပိတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

၈. တူနာငါး

တူနာငါးမှာပါဝင်တဲ့ histamine ဓာတ်က ဓာတ်မတည့်တဲ့လူတွေကို နှာခေါင်းပိတ်စေနိုင်ပြီး အသက်ရှူမဝတာမျိုး ဖြစ်စေနိုင်ပါတယ်။

 

၉. ပီဇာ

ပီဇာမှာပါဝင်တဲ့ ဒိန်ခဲတွေ၊ အားလူတွေနဲ့ အခြားပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းက histamine ပမာဏကို မြင့်တက်စေတဲ့အပြင် ခန္ဓာကိုယ်ကနေ အပျစ်အချွဲတွေကို ပိုမိုထုတ်လွှတ်စေပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

 

၁၀. ဝိုင်နဲ့ဘီယာ

ဝိုင်နဲ့ဘီယာမှာ သကြားဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် နှာခေါင်းတစ်သျှူးတွေကို ပွလာစေပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

HPD.png

(Zawgyi)

=====
ႏွာေစး ၊ ႏွာပိတ္ မျဖစ္ေအာင္ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာ (၁၀) မ်ိဳး

 

ႏွာေစးႏွာပိတ္ျဖစ္တဲ့အခါ အသက္၀၀မရွဴႏိုင္တာေၾကာင့္ သက္ေတာင့္သက္သာ မျဖစ္တဲ့အျပင္ တစ္ေန႕တာလုံး ပင္ပန္းႏြမ္းနယ္ေနသလုိ ခံစားရေစပါတယ္။ ညဘက္ေတြလည္း ေကာင္းေကာင္းမအိပ္ရတဲ့အျပင္ မနက္ႏိုးလာရင္လည္း အာေခါင္ေတြေျခာက္ၿပီး ေနရထုိင္ရ ခက္ေစပါတယ္။ 

 

လူအမ်ားစုက ဖ်ားနာၿပီး ႏွာေစးရာမွတစ္ဆင့္ ႏွာေခါင္းပိတ္ျခင္း ျဖစ္တယ္လို႔ထင္ၾကပါတယ္။ ႏွာေခါင္းပိတ္ျခင္းအမ်ားစုဟာ ဖ်ားနာတာက တစ္ဆင့္ ျဖစ္ရတာမွန္ေပမယ့္ စားေသာက္မႈပုံစံေၾကာင့္လည္း ႏွာေစးႏွာပိတ္ ျဖစ္တတ္ပါတယ္။ လူတစ္ဦးခ်င္းစီအလုိက္ စားေသာက္မႈအေပၚ ဓာတ္မတည့္ျဖစ္တာခ်င္း မတူၾကပါဘူး။

 

ႏွာေစးႏွာပိတ္ျခင္းကို ျဖစ္ေစႏိုင္တဲ့ အဓိက အစားအစာမ်ား

၁. ပူစပ္တဲ့ အစားအစာမ်ား

အပူအစပ္ေတြစားတဲ့အခါ ဟီစတာမင္း (histamine) ဆုိတဲ့ allergy ျဖစ္ေစတဲ့ဓာတ္ကို ပိုမိုထုတ္လႊတ္ေပးၿပီး ႏွာေခါင္းပိတ္ေစပါတယ္။

 

၂. အနီေရာင္ အသားမ်ား

အနီေရာင္အသားေတြမွာ ပရိုတင္းဓာတ္ၾကြယ္၀စြာ ပါ၀င္တဲ့အတြက္ ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

 

၃. ငွက္ေပ်ာသီး

ငွက္ေပ်ာသီးဟာ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးျဖစ္ေစႏုိင္ေပမယ့္ ဓာတ္မတည့္တဲ့သူေတြ စားမိရင္ histamine ကို ပိုမိုထုတ္လႊတ္ေပးၿပီး ႏွာေခါင္းပိတ္ေစပါတယ္။

 

၄. ႏြားႏို႔

ႏွာေစးေနတဲ့အခ်ိန္မွာ ႏြားႏို႔ေသာက္မိရင္ ႏွာေခါင္းထဲက အက်ိအခၽြဲေတြကို ထူပ်စ္သြားေစႏိုင္ၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

 

၅. ဒိန္ခဲ

ဒိန္ခဲကလည္း ႏုိ႕ထြက္ပစၥည္းတစ္မ်ိဳးျဖစ္တာေၾကာင့္ ႏွာပိတ္ျခင္းကို ျဖစ္ေစႏုိင္ပါတယ္။

 

၆. ျပဳ ျပင္ထားတဲ့သၾကား

အသင့္စား စားစရာေတြမွာ ပါ၀င္တဲ့ သၾကားေတြဟာ ခႏၶာကိုယ္ကို ဆုိးက်ိဳးေတြမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။ အဲဒီဆုိးက်ိဳးေတြထဲမွာ ႏွာေခါင္းပိတ္ျခင္းလည္း ပါ၀င္ပါတယ္။

 

၇. ေခ်ာကလက္

ေခ်ာကလက္မွာပါ၀င္တဲ့ သၾကားဓာတ္အတြင္းက တေဆးဓာတ္ပမာဏကို ျမင့္တက္ေစၿပီး ဘက္တီးရီးယားေတြကို ပိုမိုေပါက္ဖြားေစႏုိင္ၿပီး ႏွာေခါင္းပိတ္ျခင္း ျဖစ္ေပၚေစႏိုင္ပါတယ္။

 

၈. တူနာငါး

တူနာငါးမွာပါ၀င္တဲ့ histamine ဓာတ္က ဓာတ္မတည့္တဲ့လူေတြကို ႏွာေခါင္းပိတ္ေစႏိုင္ၿပီး အသက္ရွဴမ၀တာမ်ိဳး ျဖစ္ေစႏုိင္ပါတယ္။

 

၉. ပီဇာ

ပီဇာမွာပါ၀င္တဲ့ ဒိန္ခဲေတြ၊ အားလူေတြနဲ႔ အျခားပါ၀င္ပစၥည္းေတြက ခႏၶာကိုယ္တြင္းက histamine ပမာဏကို ျမင့္တက္ေစတဲ့အျပင္ ခႏၶာကိုယ္ကေန အပ်စ္အခၽြဲေတြကို ပိုမိုထုတ္လႊတ္ေစၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

 

၁၀. ၀ိုင္နဲ႔ဘီယာ

၀ိုင္နဲ႔ဘီယာမွာ သၾကားဓာတ္ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ႏွာေခါင္းတစ္သ်ွဴးေတြကို ပြလာေစၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

Read times Last modified on Saturday, 09 May 2020 15:16
Rate this item
(3 votes)