What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 April 2018 15:26

ခန္ဓာကိုယ်တွင် ဖြစ်တတ်သော အမဲကွက်ပြဿနာများအတွက်

ခန္ဓာကိုယ်တွင် ဖြစ်တတ်သော အမဲကွက်ပြဿနာများအတွက် google.com

ယောကျ်ားလေးပဲဖြစ်ဖြစ် ၊မိန်းခလေးပဲဖြစ်ဖြစ် လူမမြင်ကွယ်ရာ နေရာနဲ့ လူမြင်တဲ့နေရာ တွေမှာမဲနေတာတွေ အညိုအမဲကွက် စွဲနေတာတွေ၊ အမာရွက်တွေကို ကုသပေးနိုင်တဲ့ body chemical peeling လေးအကြောင်း ဖော်ပြပေးချင်ပါတယ်။ 

body chemical peeling ဆိုတာကတော့ အချိန်ကုန်သက်သာတဲ့အပြင် ကုန်ကျစရိတ်နည်းပြီး သိသာတဲ့ရလဒ်ကို ရစေနိုင်မှာပါ။ အရေပြားအပေါ်ယံက မဲညစ်မှုတွေကို ကွာကျစေရုံသာမက ဖြူစင်ပြီး ကြည်လင်တဲ့ အသားအရေကို အမှန်တကယ်ပြောင်းလဲပေးနိုင်စွမ်းပါတယ်။

 

ချိုင်းကြား၊ တံတောင်ဆစ်၊ ပေါင်ကြား၊ တင်ပါးနဲ့ ဒူးခေါင်းမဲနေတာတွေ၊ ခြေမျက်စိမဲနေတာတွေကို ကုသနိုင်တဲ့ အပြင်ကျောကုန်းနဲ့ရင်ဘတ်တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွက်အမဲစက်တွေကိုပါ ပျောက်အောင် body chemical peeling လုပ်ပြီး ကုသနိုင်ပါတယ်။ Body Chemical Peeling ကုသမှုကို တတ်ကျွမ်းနားလည်တဲ့ အလှအပဆရာဝန် ဒါမှမဟုတ် အရေပြားရောဂါ အထူးကုဆရာဝန်တို့နဲ့ ကုသမှုခံယူမှသာ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်မှာပါ။ ခန္ဓာကိုယ် ဖြစ်တဲ့အတွက် မျက်နှာကို အသုံးပြုတဲ့ peeling acid အမျိုးအစားမဟုတ်ပဲ သူ့ထက်နဲနဲ ပြင်းတဲ့အမျိုးအစားတွေကိုသာ အသုံးပြုလေ့ ရှိပါတယ်

 

Alpha hydroxy acid, Trichloroacetic acid, Phenol acid, Jessner’s, Lactic acid စတဲ့ acid အမျိုးအစားတွေကို သုံးတဲ့အတွက် အသားအရေအမျိုးအစားအလိုက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က ရွေးချယ်ပြီး ကုသရမှာပဲဖြစ်ပါတယ်။ ကုသမှုခံယူပြီး ၁ပတ် မှ ၂ပတ်အတွင်း မဲနေတဲ့ အရေပြားတွေက တစ်ဖြည်းဖြည်းချင်း ကွာသွားမှာပါ။ moisturizer ကောင်းကောင်းလေးတွေဖြစ်တဲ့ Cetaphil, Eucerin, ဒါမှမဟုတ် သံလွင်ဆီတို့ကို အမြဲလိမ်းပေးနေဖို့တော့ လိုအပ်ပါတယ်နော်။

 

မဲနေတဲ့အရေပြား အကုန်ကွာသွားပြီ ဆိုရင်တော့ နူးညံ့ပြီး ဖြူအိနေတဲ့ အသားလေးကို ပိုင်ဆိုင်နိုင်မှာပါ။ အရေပြား ကွာနေစဉ်အတွင်းတော့ ကုတ်တာ ဖဲ့တာတွေ, နေပူထဲ တိုက်ရိုက်ထွက်တာတွေ ရှောင်ရမှာပဲဖြစ်ပါတယ်။ မဲနေတာက သိပ်မထူဘူးဆိုရင်တော့ တစ်ကြိမ်ထဲနဲ့ မဲနေတာတွေ ကျွတ်သွားမှာပါ။

 

ဒါပေမယ့် မဲနေတာက ဂျွတ်လိုမျိုး တစ်အားထူနေရင်တော့ ၆ပတ်ကနေ ၈ပတ်လောက်ထိ ခြားပြီး နောက်ထပ်တစ်ကြိမ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကိုယ်နဲ့ မသင့်တော်တဲ့ peeling အမျိုးအစား သုံးမိတာတွေ (အထူးသဖြင့် အသားညိုတဲ့သူတွေ) ဒါမှမဟုတ် ကုသမှုနည်းလမ်းမှားယွင်း တာတွေဖြစ်ခဲ့မယ်ဆိုရင် ကုရခက်တဲ့ အမဲကွက်တွေ ကျန်ခဲ့နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပဲ ကုသဖို့လိုအပ်ပါတယ်။

 

Source: my doctor

Read; ညဘက္ေသာက္ၿပီး မနက္အိပ္ယာႏိုးရင္အရက္နာက်တတ္တဲ့ ဘဒိုေတြအတြက္

ညဘက္ေသာက္ၿပီး မနက္အိပ္ယာႏိုးရင္အရက္နာက်တတ္တဲ့ ဘဒိုေတြအတြက္

{Zawgyi}

======

ခႏၶာကိုယ္တြင္ ျဖစ္တတ္ေသာ အမဲကြက္ျပႆနာမ်ားအတြက္

 

ေယာက်္ားေလးပဲျဖစ္ျဖစ္ ၊မိန္းခေလးပဲျဖစ္ျဖစ္ လူမျမင္ကြယ္ရာ ေနရာနဲ႕ လူျမင္တဲ့ေနရာ ေတြမွာမဲေနတာေတြ အညိဳအမဲကြက္ စြဲေနတာေတြ၊ အမာရြက္ေတြကို ကုသေပးနုိင္တဲ့ body chemical peeling ေလးအေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။ body chemical peeling ဆိုတာကေတာ့ အခ်ိန္ကုန္သက္သာတဲ့အျပင္ ကုန္က်စရိတ္နည္းၿပီး သိသာတဲ့ရလဒ္ကို ရေစနုိင္မွာပါ။ အေရျပားအေပၚယံက မဲညစ္မႈေတြကို ကြာက်ေစရံုသာမက ျဖဴစင္ၿပီး ၾကည္လင္တဲ့ အသားအေရကို အမွန္တကယ္ေျပာင္းလဲေပးနုိင္စြမ္းပါတယ္။

 

ခ်ိဳင္းၾကား၊ တံေတာင္ဆစ္၊ ေပါင္ၾကား၊ တင္ပါးနဲ႕ ဒူးေခါင္းမဲေနတာေတြ၊ ေျခမ်က္စိမဲေနတာေတြကို ကုသနုိင္တဲ့ အျပင္ေက်ာကုန္းနဲ႕ရင္ဘတ္တို႕မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဝက္ျခံေၾကာင့္က်န္ခဲ့တဲ့ အမာရြက္အမဲစက္ေတြကိုပါ ေပ်ာက္ေအာင္ body chemical peeling လုပ္ၿပီး ကုသနုိင္ပါတယ္။ Body Chemical Peeling ကုသမႈကို တတ္က်ြမ္းနားလည္တဲ႕ အလွအပဆရာဝန္ ဒါမွမဟုတ္ အေရျပားေရာဂါ အထူးကုဆရာဝန္တို႕နဲ႕ ကုသမႈခံယူမွသာ ေကာင္းမြန္တဲ႕ ရလဒ္ကို ရ႐ွိနိုင္မွာပါ။

 

ခႏၶာကိုယ္ ျဖစ္တဲ႕အတြက္ မ်က္နွာကို အသံုးျပဳတဲ႕ peeling acid အမ်ိဳးအစားမဟုတ္ပဲ သူ႕ထက္နဲနဲ ျပင္းတဲ႕အမ်ိဳးအစားေတြကိုသာ အသံုးျပဳေလ့ ရွိပါတယ္။ Alpha hydroxy acid, Trichloroacetic acid, Phenol acid, Jessner’s, Lactic acid စတဲ႕ acid အမ်ိဳးအစားေတြကို သံုးတဲ႕အတြက္ အသားအေရအမ်ိဳးအစားအလိုက္ တတ္က်ြမ္းနားလည္တဲ႕ ဆရာဝန္က ေရြးခ်ယ္ျပီး ကုသရမွာပဲျဖစ္ပါတယ္။

 

ကုသမႈခံယူျပီး ၁ပတ္ မွ ၂ပတ္အတြင္း မဲေနတဲ႕ အေရျပားေတြက တစ္ျဖည္းျဖည္းခ်င္း ကြာသြားမွာပါ။ moisturizer ေကာင္းေကာင္းေလးေတြျဖစ္တဲ႕ Cetaphil, Eucerin, ဒါမွမဟုတ္ သံလြင္ဆီတို႕ကို အျမဲလိမ္းေပးေနဖို႕ေတာ့ လိုအပ္ပါတယ္ေနာ္။ မဲေနတဲ႕အေရျပား အကုန္ကြာသြားျပီ ဆိုရင္ေတာ့ နူးညံ႕ျပီး ျဖဴအိေနတဲ႕ အသားေလးကို ပိုင္ဆိုင္နိုင္မွာပါ။

 

အေရျပား ကြာေနစဥ္အတြင္းေတာ့ ကုတ္တာ ဖဲ႕တာေတြ, ေနပူထဲ တိုက္ရိုက္ထြက္တာေတြ ေရွာင္ရမွာပဲျဖစ္ပါတယ္။ မဲေနတာက သိပ္မထူဘူးဆိုရင္ေတာ့ တစ္ၾကိမ္ထဲနဲ႕ မဲေနတာေတြ က်ြတ္သြားမွာပါ။ ဒါေပမယ့္ မဲေနတာက ဂြ်တ္လိုမ်ိဳး တစ္အားထူေနရင္ေတာ့ ၆ပတ္ကေန ၈ပတ္ေလာက္ထိ ျခားျပီး ေနာက္ထပ္တစ္ၾကိမ္ ကုသမႈခံယူဖို႕ လိုအပ္ပါတယ္။

 

ေဘးထြက္ဆိုးက်ိဳး အေနနဲ႕ ကိုယ္နဲ႕ မသင့္ေတာ္တဲ႕ peeling အမ်ိဳးအစား သံုးမိတာေတြ (အထူးသျဖင့္ အသားညိဳတဲ႕သူေတြ) ဒါမွမဟုတ္ ကုသမႈနည္းလမ္းမွားယြင္း တာေတြျဖစ္ခဲ႕မယ္ဆိုရင္ ကုရခက္တဲ႕ အမဲကြက္ေတြ က်န္ခဲ႕နိုင္တဲ႕အတြက္ တတ္က်ြမ္းနားလည္တဲ႕ ဆရာဝန္နဲ႕ပဲ ကုသဖို႕လိုအပ္ပါတယ္။

 

Source: my doctor

Read times Last modified on Friday, 03 January 2020 16:40
Rate this item
(1 Vote)