What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 May 2018 17:42

ချွေးထုတ်ခန်းသွားခြင်း၏ ကောင်းကျိုးများ

ချွေးထုတ်ခန်းသွားခြင်း၏ ကောင်းကျိုးများ Google.com

ဦးနှောက်အာရုံကြော ဘာသာရပ်ဂျာနယ်မှာ ဖော်ပြချက်တစ်ခုအရပုံမှန်ချွေထုတ်ခန်းသွားခြင်း သည် လေဖြတ်နိုင်ခြေကို သိသိသာသာ ကာကွယ်နိုင်ကြောင်းသိရပါတယ်။

တစ်ပတ်လျင် ၄ ကြိမ် မှ ၇ ကြိမ်အထိ ချွေးထုတ်ခန်း အမြဲသွားလေံရှိသူများဟာ တစ်ပတ်လျင် တစ်ကြိမ်သာလျင် ချွေးထုတ်ခန်းသါားသူတွေထက် လေဖြတ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းပို၍ လျော့နည်းတယ်လို့ဆိုပါတယ်။

ဤလေ့လာာချက်အရဖင်လန်နိုင်ငံမှာ နေထိုင်ကြတဲ့သူတွေဟာ သူတို့ရဲ့ အိမ်တွေမှာ ချွေးထုတ်ခန်းတွေ ထားလေ့ရှိပြီး ထိုချွေးထုတ်ခန်းမှာ ရေချိုးလေ့ရျိကြောင်းသိရပါတယ်။

၁၅ နှစ်ခန့်ကြာအောင် သုတေသီနျားက အရွယ်ရောက်သူပေါင်း ၁၆၂၈ ဦးအားဆော်နာနဲ့ ပက်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြရာ တချိုမှာ ၁ ပတ်လျင် ၁ ကြိမ် ၊ တစ်ချို့က ၁ ပတ်လျင် ၂ – ၃ ကြိမ် ၊ တချို့မှာ တစ်ပတ်လျင် ၄ ကြိမ် ၊ တချို့မှာ တပတ်လျင် ၇ ကြိမ် အထိ သွားကြကြောင်း သိရပါတယ်။

ဆော်နာ ချွေးထုတ်ခန်းမှ ချွေးထုတ်ခြင်း ရေချိုးတက်တဲ့သူတွေမှာ တစ်ပတ်လျင် တစ်ကြိမ် သာပြုလုပ်သူများတွင် လူ ၁၀၀၀ လျင် ၈.၁ ဦး လေဖြတ်တာတွေ့ရပြီး တစ်ပတ်လျင် ၄ ကြိမ်မှ ၇ကြိမ် အထိ ဆော်နာလုပ်သူများကတော့ လူ ၁၀၀၀ လျင် ၂.၈ ဦးသာ လေဖြတ်ခဲ့ကြောင်း နှိုင်းယှဉ်တွေ့ရှိခဲ့ပါတယ်။

ဤ တွေ့ရှိချက် က ဆော်နာလုံးဝ မသုံးဘူးတွေနဲ့ အနည်းဆုံး အသုံးပြုတွေမှာ သိသာထင်ရှားပါတယ်။ ဆော်နာအသုံးပြုခြင်းဖြင့်နှလုံးကျန်းမာ အသက်ရှည်နိုင်သလိုသွေးတိုးရောဂါကိုလည်းကျဆင်းစေနိုင်ပါတယ်။

source:'Health Digest Journal"

Read:အဖျားရှိရင် ရေချိုးလို့ရလား?

အဖျားရှိရင် ရေချိုးလို့ရလား?

Read times Last modified on Wednesday, 30 May 2018 17:56
Rate this item
(1 Vote)