What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 03 September 2018 14:21

Diclofenac Sodium အကိုက်ခဲပျောက်ဆေး အကြောင်း

ဒိုက်ကလိုဖနစ် အကိုက်အခဲ ပျောက်ဆေးဟာဆိုရင် မြန်မာနိုင်ငံမှာအသုံးများတဲ့ အကိုက်အခဲပျောက်ဆေး ဖြစ်ပါတယ်။

အသုံးများတယ် ဆိုပေမယ့်လည်း လူနည်းတဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ ၎င်း ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးကို အဆစ်အမြစ်ရောင်ရမ်းခြင်း ၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုများ ၊ အလုပ်ပင်ပန်းပြီး ကိုက်ခဲခြင်းများအတွက် အသုံးပြုလို့ ရတဲ့ ဆေးတစ်မျိုးလဲ ဖြစ်ပါတယ်။

ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးဟာ အဓိကသတိပြုရမဲ့အချက်ကတော့ အကိုက်ခဲပျောက်ဆေး ဖြစ်တဲ့အတွက် အစာနဲ့ တွဲသောက်ဖို့ လိုပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်းသောက်သုံးဖို့လည်း လိုအပ်ပါတယ်။ မိမိခံစားနေရတဲ့ နာကျင်မှု သက်သာရင် ဒိုင်ကလိုဖနစ် အသုံးပြုခြင်းကို ရပ်တန့်နိုင်ပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မိမိသဘောနဲ့ သောက်သုံးမယ်ဆိုရင် ပထမတစ်ခါ အသုံးပြုပြီး မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာပါက ဆရာဝန်ထံ သွားရောက် ပြသဖို့ လိုအပ်ပါတယ်။

health products

ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးသောက်တဲ့အခါ ဗိုက်အောင့်ခြင်း ၊ အန်ခြင်း ၊ ပျို့ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဝမ်းပျက်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးတွေရှိပါတယ်။ ဒါပြင် သွေးပေါင်တက်ခြင်း ၊ ခြေလက်ဖောရောင်ခြင်း ၊ နားအူခြင်း ၊ ဆီးနည်းခြင်း ၊ ဆီးအရောင်ရင့်လာခြင်း ၊ အသား၊ မျက်လုံးဝါခြင်း စတာတွေဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့လိုအပ်ပါလိမ့်မယ်။ ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးဟာ ဘေးထွက်ဆိုးကျိုးများရှိပေမယ့်လည်း လူအများစုမှာ ဘေးထွက်ဆိုးကျိုးများ မဖြစ်တာများပါတယ်။

ဆေးသောက်နေချိန်ကာလ အတွင်းမှာတော့ ဆေးသောက်ပြီးစဉ် ပုံမှန်မဟုတ်ဘဲ ယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတာ ခံစားရရင်တောာ့ ဆေးနဲ့ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ အာနိသင်တူ အကိုက်အခဲပျောက်ဆေးတွေနဲ့ မလိုအပ်ဘဲ တွဲသောက်ရင် ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးဝါးစေတာကြောင့်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသောက်ဖို့လည်းလိုအပ်ပါတယ်။

ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ အသုံးပြုဖို့ လိုအပ်လာရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုဖို့လိုအပ်ပါတယ်။

ဒိုင်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးကို လိုအပ်သည်ထက် ပိုသောက်မိရင်တော့ ဆေးအရှိန်လွန်ပြီး အသက်ရှူကျပ်ခြင်း၊ သတိမေ့ခြင်းတို့ စတာတွေဖြစ်တက်ပါတယ်။ အစာအိမ်သွေးယိုစီးမှု၏လက္ခဏာများတွေ့ရနိုင်ပါတယ်။ ကော်ဖီရောင်အန်ခြင်း ၊ ဝမ်းမဲမဲသွားခြင်း ၊ ဗိုက်အောင့်ခြင်း ၊ သတိမေ့လဲခြင်း စတာတွေဖြစ်လာရင်တော့ ဆေးရုံကို အရေးပေါ် သွားဖို့ လိုပါတယ်။ ဆေးတွေကို ဘယ်ဆေးမဆို ဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျသောက်သင့်သုံးဖို့လည်းလိုအပ်ပါတယ်။

ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးနဲ့ ပတ်သက်ပြီး သတိထားမည့်အချက်များကတော့ ဆေးမတည့်ခြင်း ၊ မိမိမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု၊ ရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးထွက်လွယ်ရောဂါ၊ သွေးမတိတ်ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ စသည်တို့ရှိနေရင် ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးကို ရှောင်းကြဉ်ခြင်း ၊ ဆရာဝန်များကို သတိပေးဖို့လိုအပ်ပါတယ်။

ဒိုက်ကလိုဖနစ် အကိုက်ခဲပျောက်ဆေးကို အသုံးပြုနေချိန်မှာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့က ဆေးရဲ့ အစာအိမ် သွေးယိုစေတတ်တဲ့ ဘေးထွက်ဆိုးကျိုးကို ပိုအားပေးတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုက ဆေးရဲ့ ကျောက်ကပ်ထိခိုက်နိုင်ခြေကို အားပေးတာကြောင့် ရေများများသောက်ပေးဖို့လဲ လိုအပ်ပါတယ်။

ဒိုက်ကလိုဖနစ် အကိုက်ခဲ ပျောက်ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန် ခံစားရရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Ref:kkmmonline (Health Products Directory)

Read: ငါးကြီးဆီဟာ နှလုံးရောဂါအတွက် ထိထိရောက်ရောက် မကာကွယ်နိုင်ဟုဆို

ငါးကြီးဆီဟာ နှလုံးရောဂါအတွက် ထိထိရောက်ရောက် မကာကွယ်နိုင်ဟုဆို - ကျန်းမာရေး

Read times
Rate this item
(1 Vote)