What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 June 2020 11:54

အစားအဆိပ်သင့် စမ်းသပ်ကိရိယာမှ ၁၀မိနစ်အတွင်း ကိုဗစ်အဖြေသိနိုင်သည့် စက်ပစ္စည်းအဖြင့် ပြောင်းလဲထုတ်လုပ်

ဂျပန်နိုင်ငံ - တိုကျိုမြို့တွင် အစားအစာ အဆိပ်သင့်ခြင်းအတွက် စစ်ဆေးစမ်းသပ်ရန် ပြုလုပ်ထားတဲ့ ကိရိယာ ( Nippon Sheet Glass) ကို ၁၀ မိနစ်အတွင်း အဖြေရရှိဖို့ ကိုဗစ် ၁၉ ရောဂါ စမ်းသပ်ပစ္စည်းအဖြင့် ပြောင်းလဲလိုက်ပါတယ်။ 

 

အဆိုပါ ကိုဗစ်စမ်းသပ် ကိရိယာ (Nippon Sheet Glass) ကို ဇူလိုင်လတွင် အမြန်ဆုံး ရောင်းချနိုင်ရန် စီစဉ်ထားပြီး ကိုဗစ်စမ်းသပ်ကိရိယာများ ရောင်းချနေသည့် ကုမ္မဏီများနှင့် အပြိုင် ရောင်းချသွားမှာဖြစ်ပြီး ၎င်းစက်ကိရိယာရဲ့ အနှိမ့်ဆုံးစျေးကတော့ တစ်ယူနစ်ကို ယန်း ၈ သောင်း (အမေရိကန်ဒေါ်လာ ၇,၄၆၀) ဖြစ်ပါတယ်။

 

အဆိုပါ ထုတ်ကုန်ရောင်းချသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးမှ " ယန်း ၂ မီလီယံ နှင့် ၁၀ မီလီယံ ရောင်းချနေတဲ့ တခြားထုတ်ကုန်များထက်စာရင် ဒါက စျေးသက်သာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ Nippon Sheet Glass ကဟာဆိုရင် သေးသယ်တဲ့ မျိုးဗီဇစစ်ဆေးပြုလုပ်တဲ့ အခါ Polymerase ကို တုန့်ပြန်တဲ့ Techinque ကို အသုံးပြုထားတာကြောင့် သေးငယ်တဲ့မျိုးရိုးဇီဝသက်ရှိများရဲ့ DNA ကိုလည်း ဆုံးဖြတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် အစားအစာများကို သန့်ရှင်းသော အစားအစာများအဖြင့် အသုံးပြုနိုင်အောင် အစားအစာများထဲမှာ သေးငယ်တဲ့ ပိုးမွှားများနှင့် ညစ်ညစ်သောအရာများကိုလည်း ခွဲခြားစိတ်ဖြာနိုင်အောင် အဓိက ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီပစ္စည်းကိုတော့ နှစ်ကုန်ပိုင်းလောက်မှ ရောင်းချသွားမယ်လို့ သိရပါတယ်။ 

 

ဒီကိုဗစ် စမ်းသပ်ပစ္စည်းရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုင်းတာဖို့အတွက် ကျွမ်းကျင်ပညာရှင်များကလည်း ပြန်လည်စမ်းသပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဖော်ပြချက်တွေအရ အဆိုပါ စက်ပစ္စည်းကို အစ္စရေးနှင့် တခြားပင်လယ်ရပ်ခြားနေရာ ဒေသတွေကို ရောင်းချသွားမှာ ဖြစ်ပြီး ဒီနှစ်ကုန်မှာလည်း ပြည်တွင်း ထုတ်ကုန်အဖြစ် ရောင်းချသွားမယ်လို့ သိရပါတယ်။

 

CPR (သေးငယ်ပြီး သန်းပေါင်းများစွာသော မျိုးရိုးဗီဇရှာဖွေရေးပေးသော DNA စစ်ခြင်းတစ်မျိုး) ရောဂါရှာဖွေရေးကဲ့သို့ အဆိုပါ Nippon Sheet Glass ကို COVID-19 အတွက် စမ်းသပ်နမူနာယူခြင်းဖြစ်တဲ့ နှာခေါင်း နှင့် တံတွေးတို့မှ နမူနာရယူပြီး စမ်းသပ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဂျပန်ကုမ္ပဏီ စက်ပစ္စည်း ကတော့ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း သင့်ရဲ့ ရလာဒ်ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

Nippon Sheet Glass က CPR စမ်းသပ် ကိရိယာကဲ့သို့ ချဲ့ထွင်လှတဲ့ နည်းပညာ ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သင့်ကိုယ်တိုင် အိမ်မှာနေရင်နဲ့လည်း COIVD-19 ကို စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစက်ကတော့ သင့်ရဲ့ စမတ်ဖုန်းအရွယ် အစားလောက်သာရှိပြီး စျေးနှုန်းကလည်း ယန်း ၂ သောင်းထက် မများပါဘူး။ အဆိုပါ COVID-19 စမ်းသပ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှ နောက်ထက် ၆ နှစ်အကြာမှာ PCR ရောင်းရအမြတ်ငွေဟာ ၄၅ ဘီလီယံ ရရှိမယ်လို့ မျှော်လင့်ထားပြီး ဘဏ္ဍာနှစ်တိုင်းနှစ်တိုင်းရဲ့ အချုပ်ဖြစ်တဲ့ မတ်လ တိုင်းမှာ ယန်း ၂၀၀ မီလီယံ ထက်ရရှိဖို့ မျှော်လင့်ထားကြပါတယ်။

 

လက်ရှိတွင် COVID-19 test Kit အမျိုးပေါင်း ၁၁ မျိုးရှိပါတယ်။

Nippon Sheet Glass Co.,Ltd (NSG Group) အကြောင်း

NSG Group ကို ၁၉၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ဇွန်လတွင် ယူကေတွင် အခြေစိုက် ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့တွင် ကုမ္ပဏီက နိုင်ငံပေါင်း ၁၀၀ ကျော်ကို သူတို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချနေပြီး ၆၀၀ ဘီလီယံကျော် ရောင်းအားများ ရှိခဲ့ပါတယ်။ NSG အနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားစေဖို့ ၊ လုံခြုံမှု ၊ စိတ်ချမ်းသာမှု နှင့် စွမ်းအင်ထုတ်လုပ်ခြင်း နှင့် ထိန်းသိမ်းခြင်းတို့အတွက် အထောက်အကူပြု အရည်သွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

 

Ref: Asia.Nikkei

Health Products Directory 

Read times Last modified on Friday, 19 June 2020 12:11
Rate this item
(0 votes)