What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 October 2020 13:39

ဆေးနှင့်ဆေးပစ္စည်းသယ်ယူပို့‌ဆောင်မှု ကုန်တင်ယာဉ်မောင်း များ နှင့် ယာဉ်နောက်လိုက်များအား COVID- 19 ဆေးစစ်ခြင်း ဆောင်ရွက်ရန် အသိပေးကြေညာ

ဆေးနှင့်ဆေးပစ္စည်းသယ်ယူပို့‌ဆောင်မှု အဆင်ပြေချောမွေစေရေးအတွက် ကုန်တင်ယာဉ်မောင်း များ နှင့် ယာဉ်နောက်လိုက်များအား

COVID- 19 ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ Myanmar Chamber Of Commerce for Pharmaceutical and Medical Device မှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။

အသင်းဝင်ကုမ္ပဏီများအားလုံးသိသာရန်

အကြောင်းအရာ။ ။ ဆေးနှင့်ဆေးပစ္စည်းသယ်ယူပို့‌ဆောင်မှု အဆင်ပြေချောမွေစေရေးအတွက် ကုန်တင်ယာဉ်မောင်း များ နှင့် ယာဉ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်ကိစ္စ။
◾အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ထွက်ခွာမည့် ကုန်စည်ဖြတ်ကျော် ပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီလမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနတို့မှတာဝန်ယူ၍ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင် ယနေ့ ၄.၁၀.၂၀၂၀ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရ ပါသည်။
◾ထိုသို့လုပ်ဆောင်ပေးရာတွင် တစ်ရက်ကိုပျမ်းမျှ(၂၀၀)ဦးခန့် စစ်ဆေးဆောင်ရွက်ပေးနိုင်ကြောင်းသိရှိရပါသည်။ ထို့အပြင် ဦးစားပေးကုန်စည်များ အများအပြားရှိသည့်အားလျှော်စွာ ဆေးနှင့်ဆေးပစ္စည်း သယ်ယူပို့ဆောင်မှုအတွက် ဦးစားပေးအနေဖြင့် အဆင်ပြေချောမွေစေရန် တစ်နေ့ကို ယာဉ်အစီး(၃၀)ခန့် ပါဝင်စစ်ဆေး ပေးစေရန်အတွက် ပါဝင်ကူညီဆောင်ရွက်ပေးနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ ခွဲတမ်းချထားပေးပါရန် မေတ္တာရပ်ခံ တင်ပြထားပါသည်။
◾သို့ပါ၍ အသင်းဝင်ကုမ္ပဏီများအနေဖြင့် မိမိတို့၏ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပူးတွဲပါဇယားတွင် ဖြည့်စွက်ပြီး၊ ရောဂါ စစ်ဆေးခံမည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့၏ လိုင်စင်ဓါတ်ပုံ တစ်ပုံစီပူးတွဲ၍ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း
Email : This email address is being protected from spambots. You need JavaScript enabled to view it. သို့ စောလျှင်စွာဖြင့် ပေးပို့ပေးကြပါရန် အကြောင်းကြားအပ်ပါသည်။
◾အသင်းဝင်ကုမ္ပဏီများမှ ပေးပို့လာသောစာရင်းအား မိမိတို့အသင်းမှ ပြန်လည်စုစည်းပြီး UMFCCI သို့ ပေးပို့ရမည် ဖြစ်ပြီး ၎င်းမှတဆင့် ရောဂါစစ်ဆေးပေးမည့်အဖွဲ့ထံသို့ ဆက်လက်တင်ပြကာ တန်းစီစနစ်ပုံစံဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
◾သို့ဖြစ်ပါ၍ ဆေးနှင့်ဆေးပစ္စည်းသယ်ယူပို့ဆောင်မှုအတွက် အဆင်ပြေချောမွေစေရေးအတွက် အသင်းဝင် ကုမ္ပဏီများအားလုံးမှ သတ်မှတ်ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

MCCPMD

အသုံးပြုရမည့် ဖောင်ပုံစံ

form_say_war.jpg

 

Read times
Rate this item
(0 votes)