What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 July 2021 09:44

Sinovac Biotech ရဲ့ ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးဖို့ လိုအပ်မည်

Sinovac Biotech ၏  Covid-19 ကာကွယ်ဆေးမှ အစပျိုးပေးလိုက်သော ပဋိပစ္စည်းတွေဟာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသည့်နောက် ၆ လအကြာဝန်းကျင်တွင် ရှိသင့်ရှိထိုက်သည့်စံ၏ အောက်သို့ လျော့ကျသွားကြောင်းကို

ဆေးထိုးခံထားသူ အများစုတွင် တွေ့ရပြီး ဆေးရှိန်မပျက်အောင် ဆက်ပေးသည့် အနေဖြင့် ကာကွယ်ဆေးကို တတိယအကြိမ်မြောက် ထိုးပေးပါက အားပြန်ကောင်းပြီး ဆေးရှိန်တက်သည့် အကျိုးရလဒ်ကို ရရှိစေသည်ဟု ဓာတ်ခွဲခန်းလေ့လာမှုက ပြသသည်။ 

 

တရုတ်နိုင်ငံမှ သုတေသီများက တွေ့ရှိချက်များကို အစီရင်ခံခဲ့သည်။ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိ ကျန်းမာသော အရွယ်ရောက်ပြီးသူထံမှ သွေးနမူနာများကို လေ့လာခြင်းထံမှ တွေ့ရှိချက်များ ဖြစ်သည်။ ထိုအစီရင်ခံစာကို ဇူလိုင်လ ၂၅ ရက် တနင်္ဂနွေက ထုတ်ဝေခဲ့ကြောင်း straitstimes.com တွင် သတင်းဖော်ပြခဲ့သည်။ 

 

လေ့လာမှုတွင် ပါဝင်သူများမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ် နှစ်ပတ် သို့မဟုတ် လေးပတ် အချိန်ခြားပြီး ထိုးခဲ့သည်။ နှစ်ကြိမ်ထိုးပြီးသည့်နောက် ခြောက်လအကြာတွင် နှစ်ပတ်အချိန်ခြားပြီး ထိုးသူများတွင် ၁၆.၉% နှင့် လေးပတ်အချိန်ခြားပြီး ထိုးသူများတွင် ၃၅.၂% သာလျှင် ရှိသင့်ရှိထိုက်သည့်စံ အထက်တွင် ပဋိပစ္စည်းများ ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

လေ့လာမှုတွင် ပါဝင်သူများသည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးသည့်နောက် ခြောက်လအကြာတွင် တတိယအကြိမ် Sinovac ထိုးကြသူများသည် ဒုတိယအကြိမ်ဆေးထိုးပြီး လေးပတ်အကြာတွင် ရှိသော ပဋိပစ္စည်းရေချိန်ထက် ၃ မှ ၅ ဆ ဝန်းကျင် တိုးသည်ကို နောက်ထပ် ၂၈ ရက် ကြာပြီးချိန်တွင် တွေ့ရသည်။  

 

လေ့လာမှုကို Jiangsu  ပြည်နယ်ရှိ ရောဂါထိန်းချုပ်ရေး အာဏာပိုင်များ၊ Sinovac နှင့် အခြားတရုတ်အဖွဲ့အစည်းများမှ သုတေသီများက လုပ်ဆောင်ခဲ့ကြသည်။ 

 

အခြား Covid-19 ကာကွယ်ဆေး ပြုလုပ်သူများကလည်း အရှိန်တင်ရန် တတိယအကြိမ် ထိုးဖို့ အာဏာပိုင်တို့ကို တိုက်တွန်းပြောကြားကြသည်။ booster shot အဖြစ် တတိယအကြိမ် ဆေးထပ်ထိုးရန်  Pfizer, BioNTech, 

Johnson & Johnson တို့က အမေရိကန်နှင့် ဥရောပတို့မှ ကြီးကြပ်ရေးအာဏာပိုင်တို့ကို ပြောကြားခဲ့ကြသည်။ 

 

အင်ဒိုနီးရှားနိုင်ငံတွင် Sinovac နှစ်ကြိမ်ထိုးထားသူများကို booster shot အဖြစ် Moderna ကိုဗစ်ကာကွယ်ဆေးကို ယခုလတွင် တတိယအကြိမ်ဆေးထိုးခြင်း စတင်ခဲ့သည်။ 

 

တူရကီကလည်း booster shot ထိုးပေးနေပြီဖြစ်ပြီး Sinovac နှစ်ကြိမ်ထိုးထားသူများကို တတိယအကြိမ်တွင် Sinovac သို့မဟုတ်  Pfizer ထိုးပေးသည်။


Source: straitstimes.com

Read times
Rate this item
(1 Vote)