What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 August 2021 16:45

အိန္ဒိယက မြန်မာအတွက် ကိုဗစ်ကာကွယ်ရေးအကူအညီပစ္စည်းတွေ ဒုတိယအကြိမ်ပေးပို့

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်စပ်ပစ္စည်းတွေကို

သြဂုတ်လ ၂၀ ရက်နေ့မှာ လေကြောင်းကနေတဆင့် ဒုတိယအကြိမ်ပေးပို့လာပါတယ်။

အောက်စီဂျင်အိုးအလွတ် အလုံး ၄၀၀၊ အောက်စီဂျင်စက် ၂၄ လုံးအပြင် ထောင်နဲ့ချီတဲ့ ခွဲစိတ်ခန်းသုံးလက်အိတ်၊ နှာခေါင်းစည်း၊ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ(PPE)စတဲ့ပစ္စည်းတွေပါဝင်တယ်လို့ သတင်းစာတွေမှာဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဟာ သြဂုတ်လ ၁၅ ရက်တုန်းကလည်း မြန်မာပြည်တွင်းက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ကုန်တန်ချိန် ၅ တန်ကျော်ရှိတဲ့ ဆေးပစ္စည်းတွေကို မြန်မာကို ပထမ တစ်ကြိမ် လှူဒါန်းထားတဲ့အပြင် နောက်တစ်ကြိမ်ထပ်လှူဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

 

BBC

 
Read times Last modified on Saturday, 21 August 2021 16:49
Rate this item
(0 votes)