What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 17:45

အိမ်ဖြူတော်က အသက်၅နှစ် မှ ၁၁နှစ်ကြား ကလေးငယ်များအား ကာကွယ်ဆေးထိုးမည့်အစီအစဉ် ထုတ်ဖော်ပြောကြား

အမေရိကန်အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာန (FDA) ၏အတည်ပြုချက်ရရှိရန် ဆိုင်းငံ့ထားသော

အသက်၅နှစ် မှ၁၁နှစ်ကြားကလေးများအတွက် COVID-19 ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို အိမ်ဖြူတော်ကအောက်တိုဘာလ၂၀ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။
အောက်တိုဘာ၂၆ရက်တွင်ကျင်းပမည့် FDA ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေးနှင့် နို၀င်ဘာ၂ရက်မှ၃ရက်အထိ ကျင်းပမည့် CDC's (အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ) ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေး မတိုင်မီကြိုတင်မျှော်မှန်းလျက် အောက်တိုဘာ၂၀ရက်တွင်ဘိုင်ဒန်အစိုးရအဖွဲ့ကအကယ်၍အသက်၅နှစ်မှ၁၁နှစ်ကြား ကလေးငယ်များအတွက်ကာကွယ်ဆေးတစ်မျိုးအား အတည်ပြုချက်ရပါက ကာကွယ်ဆေးထိုးနှံရန်အတွက် သေချာသည့်အစီအစဉ်အားကြေညာခဲ့ခြင်းဖြစ်ပြီးကာကွယ်ဆေးအားနိုင်ငံတစ်ဝန်းရှိမိသားစုများအား အဆင်ပြေစွာနှင့် မျှတစွာ လျင်လျင်မြန်မြန် ဖြန့်ဖြူးပေးနိုင်ကြောင်း အိမ်ဖြူတော်ကကြေညာချက်တွင်ဖေါ်ပြထားသည်။
အသက်၅နှစ်မှ၁၁နှစ်ကြားကလေးများအတွက် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည်လွတ်လပ်သော FDA နှင့် CDC လုပ်ငန်းစဉ်နှင့်အချိန်ဇယား ပေါ်မူတည်ကြောင်းအိမ်ဖြူတော်ကပြောကြားခဲ့ပြီး နောက်ဆုံးတွင် CDC ၏ထောက်ခံချက်အရ နိုင်ငံတွင်ကာကွယ်ဆေးများစတင်ထိုးနှံနိုင်ရန် အသင့်ဖြစ်နေမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖြည့်စွက်ဖော်ပြထားသည်။
ဘိုင်ဒန်အစိုးရသည်နိုင်ငံအတွင်းရှိအသက်၅နှစ်မှ၁၁နှစ်ကြားကလေးငယ် ၂၈ သန်းအတွက်ကာကွယ်ဆေးထိုးရန်လုံလောက်သောကာကွယ်ဆေးများအား ဝယ်ယူထားပြီးဖြစ်ကြောင်းအိမ်ဖြူတော်၏ထုတ်ပြန်ချက်အရသိရသည်။

(Xinhua)

Read times
Rate this item
(0 votes)