လူတိုင်းဟာ နာတာ၊ ကိုက်တာနဲ့ မကင်းကြပါဘူး။
ဒါအပြင် ခေါင်းမူး-ခေါင်းကိုက်၊ ခြင်ကိုက်၊ ပုရွက်ဆိတ်ကိုက် ၊ ဗိုက်အောင့် ၊ ရင်ပတ်နာ ၊ အဆစ်နာ ၊ ရူမက်တစ်နာ ၊ လည်ပင်း-ဂုတ်နာ ၊ ကြွက်သားနာ ၊ လူတိုင်းနဲ့ မကင်းတဲ့ ဝေဒနာတွေပါ။ တစုံတရာကြောင့် နာကျင်တာဘဲ ဖြစ်ဖြစ် ၊ ကိုက်ခဲတာဘဲ ဖြစ်ဖြစ် လူအများစုကတော့ ပုဆိန်ဆီ အရည်ကို ပွတ်ပေးပြီး အလွယ်တကူ အသုံးပြုလာကြတာကိုတွေ့ရပါတယ်။
အဲ့ဒီကမှ AXE BRAND UNIVERSAL OLI လို့နာမည်ရှိတဲ့ ပုဆိန်ဆီဆေးအရည် အကြောင်းကို ဗဟုသုတ ရစေရန်အတွင် တင်ပြပေးခြင်းပါတယ်။ Axe ပုဆိန်ဆီဟာ စင်္ကာပူနိုင်ငံက ထုတ်လုပ်တဲ့ ဆေးအရည်ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဖန်ပုလင်း အသားကြည် ထူထူဖြင့် ထည့်ပြီး ရောင်းချပါတယ်။ ပုဆိန် အမှတ်တံဆိပ်နဲ့ အမည်ကို အကြောင်းပြုပြီး ပုဆိန်ဆီလို့ အမည်တွင်ခဲ့ပါတယ်။
၎င်းပုဆိန်ဆီဆေးရည် ကို အစက်ချပုံစံမျိုးအသုံးပြုရတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ AXEပုဆိန်ဆီဆေးတွင် ပရုပ်အေး ၊ ယုကလစ်ပင်အဆီ ၊ ငှက်ခြောက်ပင်အဆီ ၊ ပရုပ် အပြင် လိုအပ်တဲ့ ဆေးအဆီများကို အသုံးပြုထားတဲ့ အဆီဆေးရည်ပဲ ဖြစ်ပါတယ်။
၎င်းပုဆိန်ဆီဆေးရည်ကို မကြာခဏ ခေါင်းကိုက်ခြင်း ၊မူးဝေခြင်း ၊ နှာပိတ်ခြင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း ၊ အဆစ်အမြစ်များနာခြင်း ၊ ကိုက်ခြင်း ၊ ဗိုက်နာခြင်း ၊ ဗိုက်အောင့်ခြင်း ၊ လေအောင့်ခြင်း ၊ ဝမ်းဗိုက်တွင် မအီမသာဖြစ်ခြင်း ၊ ဖျားခြင်းသလိုလိုဖြစ်ခြင်း ၊ ပိုးမွှားများကြောင့်ဖြစ်သော အရေးပြားယားယံခြင်း တို့အတွက်အသုံးပြုလိုရတဲ့ ဆေးပဲ ဖြစ်ပါတယ်။ ပုဆိန်ဆီကို ၂ နှစ်ငယ်ကလေးများ အသုံးပြုခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒါပြင် ပရုပ်ဆေးအပူကို မကြိုက်တဲ့သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါဘဲ။ AXE ပုဆိန်ဆီဟာ ဆေးတအားအပူ မဟုတ်တာကြောင့် ဆေးအပူ မကြိုက်တဲ့ သူတွေအတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။
ကိုယ်ဝန်ဆောင်မိခင် ၊ နို့တိုက်မိခင်များ ၊ ဓာတ်မတည့်သူများ အနေနဲ့ AXEပရုပ်ဆီဆေးကို အသုံးပြုခြင်း ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ ဒါပြင် ဆရာဝန်များ၏ ညွှန့်ကြားချက်အတိုင် အသုံးပြုဖို့လည်းလိုအပ်ပါတယ်။ AXE ပုဆိန်ဆီကို အသုံးပြုနေစဉ်ချိန်မှာ လက်ရှိ ရှိနေတဲ့အခြေအနေထက်ပိုဆိုးလာခြင်း ၊ ၎င်းဆေးနှင့်မတည့်ဘဲ ၇ ရက်ဆက်တိုက်အသုံးပြုမိခြင်း ဒါမဟုတ် ရက်အနည်းငယ်ထိ အသုံးပြုမိမယ်ဆိုရင် အရေပြားခြောက်သွေ့ခြင်း ၊ အရေပြားတွင် အကွက်များ ဖြစ်ပေါ်ခြင်း ဖြစ်ပေါ်လာရင် AXE ပုဆိန်ဆီကို လုံးဝအသုံးမပြုရပါဘူး။
AXE ပုဆိန်ဆီဆေးရည်ကို မျက်လုံးအတွက် အသုံးပြုခြင်း ၊ ပါးစပ်အတွင်းအသုံးပြုခြင်း ၊ နှာခေါင်းအတွင်း စတဲ့ နေရာတွေမှာ ပုဆိန်ဆီဆေးရည် ထည့်ခြင်း ၊ လိမ်းခြင်းတွေကို လုံးဝမပြုလုပ်ဖို့လိုအပ်ပါတယ်။ဒါပြင် အထူးသတိပြုရန်လိုအပ်တာက အရေပြား ရှခြင်း ၊ ခွဲခြင်း ၊ ထိခိုက်ဒဏ်ရာကြောင့်အရေပြားကွဲခြင်း စတဲ့နေရာတွေမှာ ဒဏ်ရာကြီးမားမယ်ဆိုရင်
AXE ပုဆိန်ဆီဆေးရည်ကို လုံးဝအသုံးမပြုမိဖို့ လိုအပ်ပါတယ်။
writting by:A.Win (Healthproductsdirectory)