What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 17 August 2021 14:17

ဂျာမန်သူနာပြု ကာကွယ်ဆေးအစား ဆားရည်ထိုးပေးသည့်ဖြစ်ရပ် ဖြစ်ပွား

ဂျာမနီနိုင်ငံမှာ ဂျာမန်သူနာပြုတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ထိုးဆေး ထိုးပေးရမယ်အစား ဆားပျော်ရည် saline ထိုးပေးခဲ့ကြောင်း

ဝန်ခံပြောကြားခဲ့ပြီးတဲ့နောက်မှာ အထိုးခံရသူ ကိုးထောင်နီးပါးကို ဆေးပြန်ထိုးခဲ့ရပါတယ်။

အဆိုပါ သူနာပြု မည်သူမည်ဝါဆိုသည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
စစချင်းမှာ လူခြောက်ဦးကိုသာ ဆားပျော်ရည် ထိုးပေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဧပြီလမှာ သင်္ကာမကင်း ဖြစ်ကြရာမှ မေးမြန်းစစ်ဆေးခဲ့တာမှာ Pfizer ထိုးဆေးပုလင်း လွတ်ကျခဲ့လို့ ဆားရည်ဖြင့် အစားထိုးပြီး ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
သေချာအောင် ပဋိဇီဝဆေးစစ်ချက် antibody test ကို ဆေးထိုးပြီးသူတို့အား ဆေးစစ်ခဲ့ရာမှာ ဆားရဉ အထိုးခံရသူတွေ ပိုများလိမ့်မယ်လို့ မသင်္ကာ ဖြစ်ခဲ့ကြတယ်။ ထိုသူနာပြုက ကြက်ခြေနီမှာ လုပ်ကိုင်သူ ဖြစ်ပြီး ကာကွယ်ဆေးကို အပြစ်မြင်တဲ့ ပို့စ်တွေကို ဆိုရှယ်မီဒီယာမှာ တင်ထားကြောင်း ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့တယ်။

ဒေသခံအာဏာပိုင်တို့အနေဖြင့် လူ ၈,၅၇၇ ဦးတို့မှာ ဘယ်နှဦးက တကယ်ကာကွယ်ရေးထိုးဆေး မထိုးခဲ့ရသလဲဆိုတာ မသိရတာကြောင့် စိတ်ချရအောင် အားလုံးကို နောက်တထပ်တစ်ကြိမ်စီ ထပ်ထိုးကြဖို့ အကြံပြုထားပါတယ်။
အဆိုပါ လူစာရင်းမှာ ပါဝင်ကြသူတွေ အကုန်လုံးစာ အသက် ၇၀နှစ်အထက် ရှိကြသူများဖြစ်ပြီး သူတို့ကို ဦးစားပေးစနစ်အရ အရင်ဆုံး ဆေးထိုးနှံစေခဲ့တာ ဖြစ်ပါတယ်။

 

Source: washingtonpost.com

Read times Last modified on Tuesday, 17 August 2021 14:18
Rate this item
(0 votes)