What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 July 2021 20:04

Remdesivir Injection တစ်ကြိမ်တင်သွင်းခြင်းကိစ္စ အသိပေးကြေညာခြင်း

Remdesivir Injection တစ်ကြိမ်တင်သွင်းခြင်းကိစ္စ အသိပေးကြေညာခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် COVID-19 ကုသရေးအတွက် လိုအပ်သော Remdesivir Injection တစ်ကြိမ်တင်သွင်းခြင်းအား အောက်ပါအချက်များကို စိစစ်၍ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၁။ One Time Importation Permit ထုတ်ပေးရာတွင်
(က) မူရင်းကုမ္ပဏီနှင့် ထုတ်လုပ်ခွင့်သဘောတူညီချက် ရရှိထားခြင်း၊
(ခ) Country of Origin ၏ EUL စာရင်းတွင်ပါရှိခြင်း၊ (မှတ်ပုံတင်ရရှိခြင်း)
(0) FDA Myanmar တွင် မှတ်ပုံတင် လျှောက်ထားပြီး Preview ရရှိထားခြင်း

၂။ အမျိုးသားဆေးဝါးဥပဒေအရ ဆေးဝါးတင်သွင်းမည့်သူသည် ကောင်းမွန်သော ဆေးဝါးသိုလှောင်ဖြန့်ဖြူးမှုစနစ် (Good storage & distribution practices) နှင့် ပြည့်စုံပြီး DIAC ရရှိထားသူဖြစ်ရပါမည်။

၃။ အသင်းအဖွဲ့/ အခြားလုပ်ငန်းကုမ္ပဏီများအနေဖြင့် UMFCCI ၏ ညီနောင်ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပြီး လျှောက်ထားသင့်ပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Remdesivir_notice.jpg

Read times
Rate this item
(0 votes)