What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 March 2019 15:18

သွေးကင်ဆာ ခံစားနေရတဲ့ကလေးငယ်ဆီသို့ လူထောင်နဲ့ချီ ရောက်ရှိလာ

သွေးကင်ဆာ ခံစားနေရတဲ့ကလေးငယ်ဆီသို့ လူထောင်နဲ့ချီ ရောက်ရှိလာ google

 

လူထောင်ပေါင်းများစွာက ကင်ဆာရောဂါခံစားနေရတဲ့ အသက်၅ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ဖို့အတွက် မိုးထဲရေထဲမှာ စီတန်းရပ်နေခဲ့ပါတယ်။

သူနာမည်ကတော့ Oscar Saxelby-Lee ဖြစ်ပြီး လူကီးမီးယားခေါ် သွေးကင်ဆာရောဂါကို ခံစားနေခဲ့ရပါတယ်။ မိဘနှစ်ပါးကို ဆရာဝန်မှ အော်စကာရဲ့ ကြီးမားတဲ့သွေးကင်ဆာရောဂါ ကုသရန် သွေးအမျိုးအစားကိုက်ညီတဲ့ သွေးအလှူရှင်ရှာဖို့ အချိန် (၃) လသာလိုပါတော့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့နောက် ယခုလူအုပ်ကြီးက လိုအပ်နေတဲ့ သွေး လှူဒါန်းရန်အတွက် အော်စကာရဲ့ ကျောင်းရှေ့ကိုရောက်နေခဲ့တာဖြစ်ပါတယ်။

BBUlkSW

 

အော်စကာအား ကုသဖို့အတွက် ဓာတုကုထုံးဟာ ဒီဇင်ဘာလ ရောဂါရှောဖွေပြီးချိန်ထဲက ရှိခဲ့ပါတယ်။ သို့ပေမဲ့ ရောဂါကို ကျော်လွန်နိုင်ဖို့အတွက် ပိုမိုဆုံးဖြတ်ပေးမယ့် ကုသမှုတွေလိုအပ်ပါသေးတယ်။့  မိဘတွေဟာ ကိုက်ညီတဲ့ သွေးလှူနိုင်မယ် အလှူရှင်ကို အချိန်နဲ့အမျှရှာဖွေနေပြီး ရှာမတွေ့ခဲ့ရင်တော့ လွတ်မြောက်နိုင်ချေအရမ်းနည်းတယ်။

queue to save o 310348 e1551734103655

အခုတော့ လူ ငါးထောင်နီးပါးရှိတဲ့ လူအုပ်ကြီးက အော်စကာတတ်နေတယ် Pitmaston ကျောင်းရှေ့တွင် ရပ်စောင့်နေခဲ့ပြီး သူတို့ရဲ့သွေးနဲ့ကိုက်ညီလျှင် လှူဒါန်းနိုင်ဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဗြိတိန် လူတော်တော်များများ ရှားပါးတဲ့ နာမကျန်းဝေဒနာများ ခံစားရပြီး နှစ်စဉ်လူပေါင်း ၆၅၀ ဆယ်လောက် ယခုလို သွေးကင်ဆာ ခံစားရပြီး တစ်ဝက်လောက်က ကလေးသူငယ်များ ဖြစ်ပွားတတ်ကြပါတယ်။

 

Ref : Daily Mail

health product directory

 

Read times Last modified on Wednesday, 06 March 2019 15:28
Rate this item
(0 votes)