What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 07 February 2020 10:43
ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ ဗိုင်းရပ်စ် ၉ မျိုး
ကျွန်တော်လူသားတွေ ကို ခေတ်ကာလ မပြောင်းလဲလာခင် အရင်ထဲက လူသားမျိုးစိတ်တွေဟာ ဗိုင်းရပ်စ်ရောဂါပိုးတွေကို အမြဲခုခံနေခဲ့ ရပါတယ်။
ဒါပေမယ့် တစ်ချို့သောဗိုင်းရပ်စ်ရောဂါ ပိုးတွေကို ဗိုင်းရက်ပ် ကာကွယ်ဆေးဝါးတွေ ၊ ဗိုင်းရပ်က် မပြန့်ပွားအောင် ခုခံတဲ့ဆေးဝါးတွေနဲ့ ကာကွယ်တားစီးနိုင်ပါတယ်။ ဒါ့အပြင် အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါ ကို ကျနော်တို့အနေနဲ့ ခုခံကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး ။ ဒါ့အပြင် အီဘိုလာဗိုင်းရစ်ပ် က ကူးစပ်ခံရတဲ့သူတွေ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါ့အပြင် အခြားသော ဗိုင်းရပ်စ်တွေက လူကိုသေစေနိုင်တဲ့အပြင် သေဆုံးမှုဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တွေလည်း ရှိပါတယ်။ ဒါကြောင့်အောက်ဖော်ပြပါ ဗိုင်းရပ်စ် ၉ မျိုးက ကူးစက်ခံရရင် ရောဂါကိုကြီးထွားမှု ဖြစ်ပေါ်စေပြီး သေဆုံးသည်အထိ ဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ် များဘဲ ဖြစ်ပါတယ်။
Marburg Virus (Marburg ဗိုင်းရပ်စ်ပိုး)
Marburg ဗိုင်းရပ်စ်ပိုးကို ၁၉၆၇ ခုနှစ်တွင် ယူဂန်ဒါမှ တင်သွင်းလာတဲ့ မျောက်တွေကိုထိတွေ့လုပ်ကိုင်နေရတဲ့ ဂျာမနီ ဓာတ်ခွဲခန်း လုပ်သားတွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးက ကူးစက်ခံထားရတဲ့ လူတွေကို အဖျားတတ်ခြင်း ၊ ခန္ဓာကိုယ်မှ သွေးများထွက်ခြင်း ၊ ကိုယ်လက်များ လှုပ်ရှားခြင်းမပြုလုပ်နိုင်ခြင်း နဲ့ သေဆုံးသည်အထိကို ဖြစ်စေနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အဆိုအရ ပထမရောဂါဖြစ်ပွားမှုမှာ သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၉၈ - ၂၀၀၀ ခုနှစ် ကွန်ဂို နှင့် အင်ဂိုလာတွင် သေဆုံးမှုနှုန်း ၈၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
Ebola virus ( အီဘိုလာ ဗိုင်းရပ်စ်ပိုး)
Ebola virus ( အီဘိုလာ ဗိုင်းရပ်စ်ပိုး) ကို ဆူဒန်နိုင်ငံ နှင့် ကွန်ဂို တွင် ၁၉၇၆ ခုနှစ်တွင် ပထမဆုံးလူသိများတဲ့ အီလိုလာရောဂါဖြစ်ပွားမှုဖြစ်ပွားခဲ့ပါတယ်။ အီဘိုလာဗိုင်းရပ်စ်က သွေး ဒါမှမဟုတ် ခန္ဓာကိုယ်မှ အရှည်များ (သရေ ၊ ချွေ ) ဒါမှမဟုတ် လူသား၏ တစ်သျှူးများ နှင့် တိရစ္ဆာန် များမှ တစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ Muhlberger ရဲ့ ပြောဆိုချက်အရ အဆိုပါ အီဘိုလာရဲ့ မျိုးကွဲ ဗိုင်းရပ်စ်တွေက ကူးစက်ခံရရင် သေဆုံးနိုင်ကြောင်း သိရပါတယ်။
အီဘိုလာရဲ့ မျိုးကွဲ ဗိုင်းရပ်စ်ဖြစ်တဲ့ Ebola Restonက လူတွေကို ဖျားနာခြင်းကို ဖြစ်ပေါ်စေတတ်ပြီး WHO ရဲ့ ပြောဆိုချက်အရာ Bundibugyo အီဘိုလာရဲ့ မျိုးကွဲ ဗိုင်းရပ်စ်က လူတွေကို သေဆုံးနိုင်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး Sudan (ဆူဒန်)အီဘိုလာ မျိုးကွဲဗိုင်းရပ်စ် က သေဆုံးနိုင်မှုနှုန်း ၇၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ 
WHO ရဲ့ ပြောဆိုချက်အရ ၂၀၀၄ ခုနှစ် အစောပိုင်းမှာ အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့ အီဘိုလာဗိုင်းရပ်စ်က အဆိုးဆုံးနဲ့ အရှုပ်ထွေးဆုံး ရောဂါ တစ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Rabies (ခွေးရူးပြန် ဗိုင်းရပ်စ်ပိုး)
၁၉၂၀ ပြည့်နှစ်မှာ အိမ်မွေးတိရစ္ဆာန်များကနေတဆင့် စတင်ဖြစ်ပွားခဲ့တဲ့ Rabies (ခွေးရူးပြန် ဗိုင်းရပ်စ်ပိုး) စတင်ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာ့မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ နဲ့ အာဖရိက ဒေသတစ်အချို့တွေမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကူညီဖို့အတွက် ပြဿနာတွေ ရှိနေဆဲပါပဲ။
အဆိုပါ Rabies (ခွေးရူးပြန် ဗိုင်းရပ်စ်ပိုး)က ဦးနှောက်ပို ဖျက်ဆီးပစ်တဲ့ ဗိုင်းရပ်စ်ဖြစ်တာကြောင့် တော်တော်ကို ဆိုးဝါးတဲ့ ဗိုင်းရပ်စ်ပိုး လို့ ဆိုနိုင်ပါတယ်။ တစ်စုံတစ်ယောက် တိရစ္ဆာန်တစ်ကောင်း ကိုက်ခံရရင်သူအတွက် ရောဂါကုသဖို့အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးရှိတဲ့ အပြင် ဗိုင်းရပ်စ်အတွက် Antibody (ခုခံကာကွယ်ဆေး) တွေ ရှိနေပါပြီး။
Rabies (ခွေးရူးပြန် ဗိုင်းရပ်စ်ပိုး) နဲ့ ပတ်သက်ပြီး ဆေးကုသမှု မခံယူဘူးဆို သေဆုံးနိုင်ချေကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။
HIV (အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး)
မျက်မှောက်ခေတ်ကာလတွင်ထဲမှာ လူကို သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေမှာ HIV (အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး) လည်း ပါဝင်ပါတယ်။ အမေရိက ရဲ့ HIV အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ရောဂါပိုး နှင့်ဆိုင်ရာ ပြောရေးဆိုရေးရှိသူ ဒေါက်တာ Amesh Adalja က HIV အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ရောဂါပိုး က လူသတ်မှုကြီးမားတဲ့ ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် ၁၉၈၀ ပြည့်နှစ်အစောပိုင်းက လူဦးရေ ၃၆ သန်းဟာ HIV ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ "အခုအချိန်မှာ လူသားတွေကို အကြီးအကျယ်ထိခိုက်စေတဲ့ ကူးစက်ရောဂါဟာ အိပ်ချ်အိုင်ဗွီပိုးပဲ" ဟု Adalja ကပြောကြားခဲ့ပါတယ်။
Smallpox (ကျောက်ရောဂါ)
၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးညီလာခံက ကမ္ဘာကြီးကို ကျောက်ရောဂါကင်းရှင်း ကြောင်းကြေငြာခဲ့ပါတယ်။ ကြေငြာခင်အရင်က ထောင်ပေါင်းများစွာသောလူတွေ ကျောက်ရောဂါကို တိုက်ဖျက်ခဲ့ပြီး ရောဂါကူးစက် ခံရသူ ၃ ယောက်တွင် ၁ ယောက်သေဆုံးခဲ့ပါတယ်။ လေ့လာမှုတွေ့ရှိချက်တွေအရ အမေရိကတိုက်ရဲ့ လူဦးရေ တော်တော်များများက ကျောက်ရောဂါကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
"ဒါဟာ ကမ္ဘာဂြိုဟ်ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေရုံသာမကဘဲ သေဆုံးခြင်း နှင့် မျက်ကန်းခြင်းလည်း ပါ၀င်ပါတယ်။ ဒါကြောင့်ကမ္ဘာကြီးမှ အမြစ်ပြတ်တိုက်ထုတ်ပစ်ရန်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ "
Hantavirus (ဟန်းတာ ဗိုင်းရပ်စ်)
၁၉၉၃ ခုနှစ်တွင်အမေရိကန်မှာ Hantavirus အဆုတ် syndrome ရောဂါ (HPS) နဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ထိုအချိန်တွင်ကျန်းမာသော၊ လူငယ် Navajo လူမျိုးနှင့် အမေရိကန်ပြည်ထောင်စု၏ ထောင့်လေးနေရာတွင်နေထိုင်သောသူဟာ အသက်ရှုကြပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ရက်အနည်းငယ်တွင် သေဆုံးမှု ဖြစ်ပေါ်စေခဲ့ပါတယ်။
လအနည်းငယ်အကြာတွင် ကျန်းမာရေးအာဏာပိုင်များက ရောဂါကူးစက်ခံထားရသူ တစ်ဦး၏ အိမ်တွင် နေထိုင်တဲ့ သမင် ၊ ကြွက်များမှ ဟန်းတာဗိုင်းရပ် (စ်) ရှင်းထုတ်လိုက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ လူပေါင်း ၆၀၀ ကျော်သည် ယခုအခါ HPS ကူးစက်ခံထားရပြီး ၃၆ ရာခိုင်နှုန်းမှာ ရောဂါမှ သေဆုံးသွားကြောင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ ပြောကြားခဲ့ပါတယ်။
Influenza (တုပ်ကွေး)
WHO ကထုတ်ပြန်သည့်အရ ပုံမှန်တုပ်ကွေးရာသီအတွင်း ကမ္ဘာအနှံ့ရှိ လူပေါင်း ၅၀၀၀၀၀ အထိ ရောဂါမှသေဆုံးကြလိမ့်မည်ဟု ပြောကြားခဲ့သည်။ သို့သော်တခါတရံတွင် တုပ်ကွေးရောဂါအသစ်တစ်ခု ပေါ်ပေါက်လာသည့်အခါရောဂါပျံ့နှံ့မှုနှင့် ရောဂါကူးစက်မှုပိုမိုမြန်ဆန်ခြင်းနှင့်ကူးစက်ရောဂါတစ်ခုဖြစ်ပွားလေ့ရှိသည်။
တစ်ခါတစ်ရံတွင်စပိန်တုပ်ကွေးဟုခေါ်သောတုပ်ကွေးရောဂါသည် ၁၉၁၈ ခုနှစ်တွင်စတင်ခဲ့ပြီးကမ္ဘာ့လူ ဦး ရေ၏ ၄၀ ရာနှုန်းအထိဖျားနာခဲ့ပြီးခန့်မှန်းခြေအားဖြင့်လူသန်း ၅၀ သေဆုံးခဲ့သည်။ “ ၁၉၁၈ ခုနှစ်တုပ်ကွေးရောဂါဖြစ်ပွားမှုနောက်တစ်ကြိမ်ထပ်မံဖြစ်ပွားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ "အသစ်တခုတုပ်ကွေးရောဂါပိုးမျိုးလူ့လူဦးရေအတွက်၎င်း၏လမ်းတွေ့ပါလျှင် နှင့် လူသားအချင်းချင်းအလွယ်တကူကူးစက်ခံရနိုင်တယ်လို့ နှင့် ပြင်းထန်သောနာမကျန်းစေသောကျနော်တို့ကြီးမားတဲ့ပြဿနာရှိလိမ့်မယ်။ "
Dengue (သွေးလွန်တုပ်ကွေးရောဂါပိုး)
သွေးလွန်တုပ်ကွေးရောဂါပိုးသည် ၁၉၅၀ ပြည့်နှစ်က ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ၏ အပူပိုင်းနှင့် အပူပိုင်းဒေသများ၌ ပျံ့နှံ့ခဲ့ပါတယ်။ ယခုအခါကမ္ဘာ့လူ ဦး ရေ၏ ၄၀ ရာခိုင်နှုန်းသည် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့်ဒေသများတွင် နေထိုင် ကြပြီးခြင်များနှင့်အတူ သယ်ဆောင်သည့်ရောဂါသည် ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှ ပျံ့နှံ့သွားနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည်တစ်နှစ်လျှင်လူ ဦး ရေသန်း ၅၀ မှ ၁၀၀ အထိဖျားနာနေကြောင်း WHO မှပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါအတွက် သေဆုံးမှုနှုန်းသည်အခြားဗိုင်းရပ်စ်များထက်နိမ့်သော်လည်း ၂.၅ ရာခိုင်နှုန်းမှာ အီဘိုလာကဲ့သို့သော ရောဂါသွေးလွန်တုပ်ကွေးရောဂါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်နိုင်ပြီး၊ ကုသမှုမရှိလျှင် ၂၀ ရာခိုင်နှုန်းသေဆုံးမှုနှုန်းရှိသည်။
Rotavirus (ရိုတာဗိုင်းရပ်စ်)
ကလေးငယ်များနှင့်ကလေးငယ်များအကြားပြင်းထန်ဝမ်းလျှောဝမ်းလျှောရောဂါ၏အဓိကအကြောင်းရင်းဖြစ်သောရိုတာဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးများသည် ရိုတာဗိုင်းရပ် (စ်) ပိုးကူးစက်ခဲ့ရပြီး သေဆုံးခဲသော်လည်း ထိုရောဂါသည်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လူသတ်သမား ဗိုင်းရပ်စ် တစ်မျိုးဖြစ်နေပါတယ်။
ကမ္ဘာတစ်ဝန်းတွင် WHO ကခန့်မှန်းထားသည်မှာ ၂၀၀၈ ခုနှစ်တွင်အသက် ၅ နှစ်အောက်ကလေး ၄၅၃၀၀၀ သည်ရိုတာဗိုင်းရပ် (စ်) ပိုးကူးစက်မှုကြောင့် သေဆုံးခဲ့ရသော်လည်း ကာကွယ်ဆေးထိုးပေးသောနိုင်ငံများသည်ရိုတာဗိုင်းရပ် (စ်) ကြောင့် ဆေးရုံတင် ကုသမှုနှင့်သေဆုံးမှုများ သိသိသာသာကျဆင်းနေကြောင်းအစီရင်ခံစာအရ သိရပါတယ်။
Written By Health Products Directory
Ref: LiveScience
(Zawgyi)
----------
HIV (အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး)
မျက်မှောက်ခေတ်ကာလတွင်ထဲမှာ လူကို သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေမှာ HIV (အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး) လည်း ပါဝင်ပါတယ်။ အမေရိက ရဲ့ HIV အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ရောဂါပိုး နှင့်ဆိုင်ရာ ပြောရေးဆိုရေးရှိသူ ဒေါက်တာ Amesh Adalja က HIV အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ရောဂါပိုး က လူသတ်မှုကြီးမားတဲ့ ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Smallpox (ကျောက်ရောဂါ)
Influenza (တုပ်ကွေး)
Ref: LiveScience
Read times
Rate this item
(0 votes)