What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 14 December 2019 12:28

ရင်သား ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ချပေးမယ့် ကင်ဆာဆေးတစ်မျိုးတွေ့ရှိ



 


 


 


 





 


 


 


 

Written By Aung Win (Health Products Directory)

 

{Unicode}

======

ရင်သာ ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ချပေးမယ့် ဆေးတစ်မျိုးတွေ့ရှိ

အမျိုးသမီး အများစုက ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျော့ချဖို့အတွက် ဆေးဝါးများအသုံးပြုပြီးတော့ ရပ်တန့်ဖို့အတွက် လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ သုတေသီများက ပြောလာကြပါတယ်။ ဒီ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို ကြီးထွားစေတဲ့ Anastrozole က တားဆီးပေးပါတယ်။ ထို Anastrozole ကို သွေးဆုံးပြီးချိန်မှာလည်း သောက်သုံးနိုင်ပါတယ်။ သုတေသီများက ရင်သားကင်ဆာကို ရှာဖွေတွေ့ရှိပြီးနောက် ရင်သားကင်ဆာ ဖြစ်ပွားမှုပိုပြီး ဂရုစိုက်လာတာကိုလည်း တွေ့ရပါတယ်။

 

ရင်သားကင်ဆာအတွင် သုတေသီများက Anastrozole ဆေးကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အဆိုပါ Anastrozole ဆေးဟာဆိုရင် ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်ကြောင်း သုတေသနပြုလုပ်ချက်အရ သိရှိခဲ့ရပါတယ်။ သုတေသီများက အမျိုးသမီး ၃,၈၆၄ ဦး အား ၇ နှစ်အကြာ စမ်းသပ်ချက်ပြုလုပ်ပြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို ၄၉ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ထိုစမ်းသပ်ချက်တွေကို အင်္ဂလန် နှင့် အမေရိကန် နိုင်ငံတို့တွင် ရင်သားကင်ဆာ တိုက်ဖျက်ရေး အစီစဉ်များပြုလုပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။

 

လန်ဒန်မြို့ရှိ Queen Mary တက္ကသိုလ်မှ Prof Jack Cuzick မှ BBC ကို ပြောကြားချက်အရ " အမျိုးသမီးတွေမှာ အများစုဖြစ်ပွားတတ်သော ရောဂါက ရင်သားကင်ဆာဖြစ်ပြီး ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာတယ်လို့" ပြောကြားခဲ့ပါတယ်။ anastrozole ကို ပေးထားတဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းက Anastrozole ကို သောက်သုံးပြီး သဘာဝနည်းလမ်းဖြစ်တဲ့ တရားထိုင်ခြင်းနည်းလမ်းကို အသုံးပြုကြပါတယ်။

 

အချို့သော အမျိုးသမီးများက Anastrozole ဆေးကို Suger pill (ဆေးအချို) အဖြစ် ထုတ်လုပ်ပေးဖို့ တောင်းဆိုလာကြတယ်လဲ ဆိုပါတယ်။ ဆေးဝါးသုတေသန ပညာရှင်များက အဆိုပါ ဆေးဝါးက အမျိုးသမီးများ မူးယစ်ဆေးဝါး သုံးစွဲတာထက် မပြင်းထန်မှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

 

ကင်ဆာ ရောဂါသည် တစ်သျှူးများ ပျက်စီး ယိုယွင်းမှုကို ဖြစ်ပေါ်စေတဲ့ Virus တစ်မျိုးဖြစ်ပါတယ်။ ကင်ဆာရောဂါဆိုတာ ကျန်းမာနေတဲ့ လူတစ်ယောက် နေ့ချင် ညချင်း မဖြစ်နိုင်ပါဘူး။ တစ်ချို့တွေမှာဆိုရင် မျိုးရိုးဗီဇက ဆင်းသက်လာခြင်း ၊ ကင်ဆာအဖြစ် အသွင်းပြောင်းလာတဲ့ ဗီဇာတွေကနေ တဆင့် ကင်ဆာကို ဖြစ်ပေါ်လာစေတာပါ။ ဒီလို ဖြစ်ပေါ်လာတဲ့ ကင်ဆာမျိုးတွေကို Anastrozole က တိုက်ဖြတ်ပေးနိုင်ပါတယ်။

" သွေးတိုးကျစေဖို့အတွက် စားသုံးသင့်သော အစာအစားများ " ဖတ်ရှုရန် နှိပ်ပါ။


ရင်သားကင်ဆာကို ကြိုတင်ကာကွယ်ခြင်းထက် ကင်ဆာဖြစ်ပွားပြီးနောက် ဆေးသောက်သောက်သုံးခြင်းက ကင်ဆာဖြစ်ပွားမှုနှုန်းကို ပိုမို ထိခိုက်စေနိုင်ပါတယ်။ ရင်သားကင်ဆာကို တိုက်ဖျတ်ဖို့အတွက် အသုံးပြုတဲ့ တခြားသော ဆေးဝါးတစ်မျိုး အီစထရိုဂျင် ဟော်မုန်း နှင့် ပေါင်းစပ်ထားတဲ့ Tamoxifen ဖြစ်ပါတယ်။ သုတေသီများက အမျိုးသမီး ၄၉ ယောက်ဝန်းကျင်ကို Tamoxifen နဲ့ Anastrozole တိုက်ကျွေးပြီး စမ်းသပ်ချက်များ ပြုလုပ်ခဲ့ပါတယ်။

 

ထိုအမျိုးသမီး ၄၉ ယောက်တွင် Anastrozole သောက်သုံးထားသော အမျိုးသမီးတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၄၉ ရာခိုင်နှုန်းလောက်ကို ၁၂ နှစ်အထိ ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိပါတယ်။ Tamoxfien ကို သောက်သုံးထားသော အမျိုးသမီးတွေမှာ ၂၈ ရာခိုင်နှုန်းလောက်ကို ၅ နှစ်အထိသာ ကာကွယ်ပေးနိုင်ကြောင်း Queen Mary တက္ကသိုလ်မှ Dr. Ivana Sestak ပြောကြားချက်အရ သိရပါတယ်။

 

Anastrozole ဆေးလုံးတစ်လုံးလျှင် အင်္ဂလန်ငွေကျပ် 4p (ပေါင်) ရှိပြီး Tamoxifen ၏ ဈေးနှုန်းကတစ်ပြားလျှင် 9p (ပေါင်) ခန့်ရှိပါတယ်။ ဗြိတိန်နိုင်ငံက ကင်ဆာ သုတေသနဌာနကြီးအကဲ ပါမောက္ခချားလ်စ်ဆွန့်တန် ပြောကြားချက်အရ Tamoxifen က ရေရှည်အတွက် ဘေးထွက်ဆိုးကျိုးများရှိပြီးပေမယ့်လည်း အခုအချိန် ရှာဖွေတွေ့ရှိတဲ့ ရေရှည်အတွက် ဘေးထွက်ဆိုးကျိုးနည်းတဲ့ Anastrozole ကို သုံးစွဲခြင်းကို ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အချို့သော ဆရာဝန်များက Tamoxifen ဆေးသည် အမျိုးသမီးများအတွက် ပိုမိုသင့်လျော်သည် ဟု မှတ်ချတ်ထားတာကိုလည်း တွေ့တယ်လို့ သုတေသီများ၏ ပြောဆိုချက်အရ သိရပါတယ်။

Read times Last modified on Saturday, 14 December 2019 12:44
Rate this item
(0 votes)