What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 October 2019 16:42

နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ ရှောင်ရမည့် အစာအစားများ

သင့်နှလုံးကျန်းမာရေးသည် အစားအသောက်ပုံစံတွင် များစွာ မူတည်ပါသည်။ အကယ်၍ သင်သည် နှလုံးရောဂါ ခံစား နေရပြီဆိုလျှင် အောက်ပါအစားအစာများကို ရှောင်ကြဉ် သင့်ပါတယ်။

၁။ တာရှည်ခံအောင် ပြုလုပ်ထားသော အသား

ဆားစိမ်ထားသောအသား၊ အခြောက်ခံထားသောအသား၊ စည်သွတ်ထားသော အသားများသည် တာရှည်ခံအောင် ပြု လုပ်ထားသော အသားများဖြစ်သည်။ ဝက်အူချောင်း၊ ဝက် ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဟောဒေါ့နှင့် တခြား စည်သွတ်အသားများလည်း ပါဝင်သည်။ ထိုသို့ တာရှည်ခံအောင် ပြုလုပ်ထားသော အသားများသည် အာ ဟာရ ပါဝင်မှုနည်းပါး သွားသည်။

 

ထိုအစားအစာများသည် အသားဓာတ်ပါဝင်မှု နည်းပါးပြီး မကောင်းသောအဆီနှင့် ဘေးဖြစ်စေသော ဓာတု ပစ္စည်း များစွာပါဝင်တယ်။ ထိုအစားအစာများကို အမြောက်အမြား စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရန် အကြံပြုချင်ပါသည်။ သင် မဖြစ်မနေစားရမည် ဆိုလျှင် တစ်ပတ်လျှင် (၆) အောင်စ ထက်ပို၍ မစားသင့်ပါဘူး။ အေးခဲထားသော အသားများသည် ပို၍ ဘေးကင်းနိုင်ပါတယ်။

 

၂။ သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်

သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (ပေါင်မုန့်၊ ဆန်)နှင့် ကစီဓာတ် (အာလူး) များသည် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို များစေပါတယ်။ ယနေ့ခေတ်တွင် လူအများစုသည် သကြားဓာတ် ကို ကြိုက်နှစ်သက်နေသောကြောင့် ကာဗိုဟိုက်ဒရိတ်ပါသော အစားအစာများကို ပို၍စားသုံးလာ ကြတယ်။ ဦးနှောက်သည် ချိုသောအစားအစာများ စားရန် တွန်းအားပေးတယ်။ အဘယ်ကြောင့်ဆိုသော် အချိုဓာတ် သည် ဦးနှောက်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးနိုင်တယ်။

 

သို့သော်လည်း အချို များများစားလေ သင့်ကျန်းမာရေး ပိုဆိုးလေ ဖြစ်သည်။ သကြားဓာတ်သည် ခန္ဓာကိုယ်တွင် အဆီအဖြစ်သို့ပြောင်းလဲသိုလှောင်ရုံမျှမက ဆီးချိုရောဂါ ကိုလည်းဖြစ်စေနိုင်သည်။ သင့်နှလုံး ကျန်းမာရေးအတွက် ဂျုံပါသော အစားအစာများကို ပြောင်းလဲစားသုံးသင့်ပါတယ်။

ဖျော်ရည်တွေထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ရွေးချယ်သင့်တဲ့ အကြောင်းရင် ဖတ်ရှုရန် နှိပ်ပါ။

ေဖ်ာ္ရည္ေတြထက္ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေတြကို ေရြးခ်ယ္သင့္တဲ့ အေၾကာင္းရင္

 

ဂျုံအပြည့်ပါသော အစားအစာသည် သွေးပေါင် ချိန်နှင့် သွေးအတွင်း ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပြီး သင်၏ သွေးကြောများကို ကာကွယ်ပေးမှာပါ။ ဂျုံအစားအစာ များစားသုံးသော လူများသည် အဝလွန်ခြင်း၊ ဆီးချိုနှင့်လေဖြတ်ခြင်းများ အဖြစ်နည်း ကြသည်။ သတ်မှတ်ထားသော သန့်စင်ပြုပြင်ကာဗိုဟိုက်ဒရိတ် (Refined Carbohydrate) ပမာဏသည် တစ်ပတ်ကို (၇)အောင်စအောက်သာ ဖြစ်ပါတယ်။

 

၃။သကြားပါသောအချိုရည်များ

သကြားပါသောအချိုရည်များမှာ ဆိုဒါ၊ ရယ်ဒီမိတ် သစ်သီး ဖျော်ရည်နှင့် အားဖြည့်အချိုရည်များပါဝင်သည်။ ၎င်း အချိုရည်များတွင် သကြားပမာဏအမြောက အမြား (လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းအထက်) ပါဝင်သောကြောင့် သင့် နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။ ကြော်ငြာများတွင် ပါဝင်သော ကာဗွန်အချိုရည်များသည် သကြားမပါသောအချိုရည်များ ဖြစ်တယ်။ သို့သော်လည်း အာဟာရဓာတ် လုံးဝမပါဝင်ပါဘူး။

 

အမေရိကန် အာဟာရဂျာနယ်တစ်ခုတွင် ပါသော လေ့လာမှုတစ်ခု၌ အမျိုးသမီး ၉သောင်း ကို နှစ် (၂၀)ကြာ လေ့လာထားရာ ယင်းတို့မှ တစ်နေ့လျှင် ကာဗွန်ပါသောအချိုရည် ၂ခွက်ထက်ပို၍ သောက်သုံးသောအမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ရန် ၄၀ ရာခိုင်နှုန်း ပိုများ ကြောင်း တွေ့ရှိရတယ်။

 

တာရှည်ခံ အသားများ၊ သန့်စင်ပြုပြင် ကာဗိုဟိုက်ဒရိတ် နှင့် အချိုရည်များ မစားသုံးသော်လည်း နှလုံးရောဂါကင်းစေမည်ဟု အာမ မခံပါဘူး။ သို့သော် သင့်ကျန်းမာရေး အခြေအနေကိုတော့ တိုးတက် စေမှာအမှန်ပါ။ ထိုအစားအစာများ ရှောင်ကြဉ်ပါက အဝလွန်ခြင်း၊ ဆီးချိုသွေးချို နှင့် သွေးတိုးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါ တယ်။

 

(Zawgyi)

=======

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ေရွာင္ရမည့္ အစာအစားမ်ား

 

သင့္ႏွလံုးက်န္းမာေရးသည္ အစားအေသာက္ပံုစံတြင္ မ်ားစြာ မူတည္ပါသည္။ အကယ္၍ သင္သည္ ႏွလံုးေရာဂါ ခံစား ေနရၿပီဆိုလွ်င္ ေအာက္ပါအစားအစာမ်ားကို ေရွာင္ၾကဥ္ သင့္ပါတယ္။

၁။ တာရွည္ခံေအာင္ ျပဳလုပ္ထားေသာ အသား

ဆားစိမ္ထားေသာအသား၊ အေျခာက္ခံထားေသာအသား၊ စည္သြတ္ထားေသာ အသားမ်ားသည္ တာရွည္ခံေအာင္ ျပဳ လုပ္ထားေသာ အသားမ်ားျဖစ္သည္။ ၀က္အူေခ်ာင္း၊ ၀က္ ဆားနယ္ေျခာက္၊ ၀က္ေပါင္ေျခာက္၊ ေဟာေဒါ့ႏွင့္ တျခား စည္သြတ္အသားမ်ားလည္း ပါ၀င္သည္။

 

ထိုသို႔ တာရွည္ခံေအာင္ ျပဳလုပ္ထားေသာ အသားမ်ားသည္ အာ ဟာရ ပါ၀င္မႈနည္းပါး သြားသည္။ ထိုအစားအစာမ်ားသည္ အသားဓာတ္ပါ၀င္မႈ နည္းပါးၿပီး မေကာင္းေသာအဆီႏွင့္ ေဘးျဖစ္ေစေသာ ဓာတု ပစၥည္း မ်ားစြာပါ၀င္တယ္္။ ထိုအစားအစာမ်ားကို အေျမာက္အျမား စားသံုးျခင္းသည္ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစေသာေၾကာင့္ တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ရန္ အႀကံျပဳခ်င္ပါသည္။ သင္ မျဖစ္မေနစားရမည္ ဆိုလွ်င္ တစ္ပတ္လွ်င္ (၆) ေအာင္စ ထက္ပို၍ မစားသင့္ပါဘူး။ ေအးခဲထားေသာ အသားမ်ားသည္ ပို၍ ေဘးကင္းႏုိင္ပါတယ္။

 

၂။ သန္႔စင္ထားေသာ ကာဗိုဟိုက္ဒရိတ္

သန္႔စင္ထားေသာ ကာဗိုဟိုက္ဒရိတ္ (ေပါင္မုန္႔၊ ဆန္)ႏွင့္ ကစီဓာတ္ (အာလူး) မ်ားသည္ ႏွလံုးေရာဂါျဖစ္ပြားမႈႏႈန္းကို မ်ားေစပါတယ္။ ယေန႔ေခတ္တြင္ လူအမ်ားစုသည္ သၾကားဓာတ္ ကို ႀကိဳက္ႏွစ္သက္ေနေသာေၾကာင့္ ကာဗိုဟိုက္ဒရိတ္ပါေသာ အစားအစာမ်ားကို ပို၍စားသံုးလာ ၾကတယ္။ ဦးေႏွာက္သည္ ခ်ဳိေသာအစားအစာမ်ား စားရန္ တြန္းအားေပးတယ္္။ အဘယ္ေၾကာင့္ဆိုေသာ္ အခ်ဳိဓာတ္ သည္ ဦးေႏွာက္ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ရန္ ကူညီေပးႏိုင္တယ္။

 

ေဖ်ာ္ရည္ေတြထက္ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေတြကို ေရြးခ်ယ္သင့္တဲ့ အေၾကာင္းရင္ ဖတ္ရႈရန္ ႏွိပ္ပါ။

ေဖ်ာ္ရည္ေတြထက္ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေတြကို ေရြးခ်ယ္သင့္တဲ့ အေၾကာင္းရင္

 

သို႔ေသာ္လည္း အခ်ဳိ မ်ားမ်ားစားေလ သင့္က်န္းမာေရး ပိုဆိုးေလ ျဖစ္သည္။ သၾကားဓာတ္သည္ ခႏၶာကိုယ္တြင္ အဆီအျဖစ္သို႔ေျပာင္းလဲသိုေလွာင္ရံုမွ်မက ဆီးခ်ဳိေရာဂါ ကိုလည္းျဖစ္ေစႏိုင္သည္။ သင့္ႏွလံုး က်န္းမာေရးအတြက္ ဂ်ဳံပါေသာ အစားအစာမ်ားကို ေျပာင္းလဲစားသံုးသင့္ပါတယ္။ ဂ်ဳံအျပည့္ပါေသာ အစားအစာသည္ ေသြးေပါင္ ခ်ိန္ႏွင့္ ေသြးအတြင္း ကိုလက္စထေရာ ပမာဏကို ထိန္းညိွေပးၿပီး သင္၏ ေသြးေၾကာမ်ားကို ကာကြယ္ေပးမွာပါ။ ဂ်ဳံအစားအစာ မ်ားစားသံုးေသာ လူမ်ားသည္ အ၀လြန္ျခင္း၊ ဆီးခ်ဳိႏွင့္ေလျဖတ္ျခင္းမ်ား အျဖစ္နည္း ၾကသည္။ သတ္မွတ္ထားေသာ သန္႔စင္ျပဳျပင္ကာဗုိဟုိက္ဒရိတ္ (Refined Carbohydrate) ပမာဏသည္ တစ္ပတ္ကို (၇)ေအာင္စေအာက္သာ ျဖစ္ပါတယ္။

 

၃။သၾကားပါေသာအခ်ိဳရည္မ်ား

သၾကားပါေသာအခ်ဳိရည္မ်ားမွာ ဆိုဒါ၊ ရယ္ဒီမိတ္ သစ္သီး ေဖ်ာ္ရည္ႏွင့္ အားျဖည့္အခ်ဳိရည္မ်ားပါ၀င္သည္။ ၄င္း အခ်ဳိရည္မ်ားတြင္ သၾကားပမာဏအေျမာက အျမား (လက္ဖက္ရည္ဇြန္း ၁၀ ဇြန္းအထက္) ပါ၀င္ေသာေၾကာင့္ သင့္ ႏွလံုးက်န္းမာေရးအတြက္ မေကာင္းပါဘူး။ ေၾကာ္ျငာမ်ားတြင္ ပါ၀င္ေသာ ကာဗြန္္အခ်ိဳရည္မ်ားသည္ သၾကားမပါေသာအခ်ဳိရည္မ်ား ျဖစ္တယ္။

 

သို႔ေသာ္လည္း အာဟာရဓာတ္ လံုး၀မပါ၀င္ပါဘူး။ အေမရိကန္ အာဟာရဂ်ာနယ္တစ္ခုတြင္ ပါေသာ ေလ့လာမႈတစ္ခု၌ အမ်ဳိးသမီး ၉ေသာင္း ကို ႏွစ္ (၂၀)ၾကာ ေလ့လာထားရာ ယင္းတို႔မွ တစ္ေန႔လွ်င္ ကာဗြန္ပါေသာအခ်ိဳရည္ ၂ခြက္ထက္ပို၍ ေသာက္သံုးေသာအမ်ဳိးသမီးမ်ားသည္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ရန္ ၄၀ ရာခိုင္ႏႈန္း ပိုမ်ား ေၾကာင္း ေတြ႕ရိွရတယ္။

 

တာရွည္ခံ အသားမ်ား၊ သန္႔စင္ျပဳျပင္ ကာဗိုဟုိက္ဒရိတ္ ႏွင့္ အခ်ဳိရည္မ်ား မစားသံုးေသာ္လည္း ႏွလံုးေရာဂါကင္းေစမည္ဟု အာမ မခံပါဘူး။ သို႔ေသာ္ သင့္က်န္းမာေရး အေျခအေနကိုေတာ့ တိုးတက္ ေစမွာအမွန္ပါ။ ထိုအစားအစာမ်ား ေရွာင္ၾကဥ္ပါက အ၀လြန္ျခင္း၊ ဆီးခ်ဳိေသြးခ်ိဳ ႏွင့္ ေသြးတိုးေရာဂါျဖစ္ပြားမႈကို ေလ်ာ့က်ေစႏိုင္ပါ တယ္။

 

Hello Health Group

Read times Last modified on Friday, 07 February 2020 15:42
Rate this item
(1 Vote)