What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 November 2019 16:48

မွတ္ဉာဏ္အားကို ⁠ေလ်ာ့နည္း⁠ေစနိုင္တဲ့ အစားအစာ⁠မ်ား

ျမန္မာလူမ်ိဳးေတြရဲ႕ အဓိကစားသံုးကုန္ျဖစ္တဲ့ ထမင္းျဖဴဟာ ကာဘိုဟိုက္ဒရိတ္ ၾကြယ္ဝၿပီး ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္အပိုင္းကို အက်ိဳးသက္ေရာက္မႈ ႐ွိေစႏိုင္ ပါတယ္။

ဒါ့အျပင္ ထမင္းျဖဴကစိတ္က်ေရာဂါနဲ႔လည္း ဆက္ႏြယ္ေနႏိုင္ပါေသးတယ္။ ဒါေၾကာင့္ထမင္းခ်က္စားရင္ ဆန္ညိဳထမင္းကိုလည္း ေရာေႏွာစားသံုးေပး သင့္ပါတယ္။

 

တူနာငါးထဲမွာ ပ႐ုိတိန္းဓာတ္ ၾကြယ္ဝစြာပါဝင္ၿပီး ခႏၶာကိုယ္တစ္ခုလံုး က်န္းမာေရးအတြက္ အထူးအက်ိဳး ျဖစ္ထြန္းေစႏိုင္ပါတယ္။ သို႔ေသာ္ ပမာဏနည္းနည္းနဲ႔ ခ်င့္ခ်ိန္စားသံုးေပးသင့္ပါတယ္။ တူနာငါးကို အလြန္အကြ်ံစားသံုးမိမယ္ဆိုရင္ မာက်ဴရီဓာတ္ မ်ားျပားမႈေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္မႈေတြကို ထိခိုက္ ေစႏိုင္ၿပီး မွတ္ဉာဏ္အားနည္းေစႏိုင္ပါတယ္။

 

ပဲပုပ္နဲ႔ျပဳလုပ္တဲ့ တို႔ဟူး၊ ပဲျပား၊ ပဲငံျပာရည္၊ ပဲငပိ စတာေတြဟာ သင့္အတြက္ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုပဲ ပိုျဖစ္ေစႏိုင္ပါတယ္။ ပဲပုပ္ထဲမွာ ဆိုဒီယမ္နဲ႔ ဆား ပမာဏမ်ားစြာ ပါဝင္ၿပီး ဦးေႏွာက္ကို ထိခိုက္ေစႏိုင္တဲ့ ဂုဏ္သတၱိ႐ွိပါတယ္။ ပဲပုပ္ကို အလြန္အကြ်ံ စားသံုးမယ္ဆိုရင္ ေသြးတိုးေရာဂါလည္း ျဖစ္ေစႏိုင္ၿပီး ဦးေႏွာက္ထဲကို ေသြးနဲ႔ေအာက္ဆီဂ်င္ေတြ စီးဆင္းမႈကို ပိတ္ပင္တားဆီး ႏိုင္တဲ့အတြက္ မွတ္ဉာဏ္ဆံုး႐ႈံးျခင္းလိုမ်ိဳး၊ စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္း ေလ်ာ့က်ျခင္း လိုမ်ိဳး ျပႆနာေတြကို ၾကံဳေတြ႕ႏိုင္ပါတယ္။

 

အရက္ေသာက္ျခင္းဟာ ဦးေႏွာက္ေပၚကို ေရ႐ွည္အက်ိဳးသက္ေရာက္မႈ ႐ွိႏိုင္ပါတယ္။ အရက္ကို ပမာဏတစ္ခုနဲ႔ ခ်င့္ခ်ိန္ေသာက္သံုးျခင္းကေတာင္ ဦးေႏွာက္ဆဲလ္ေတြကို အားနည္းေစႏိုင္ၿပီး မွတ္ဉာဏ္ဆံုး႐ႈံးျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

 

ေဆးသၾကားမ်ားတဲ့ အခ်ိဳရည္ေတြအသင့္ေဖ်ာ္စပ္ ေသာက္သံုးႏိုင္တဲ့ အခ်ိဳရည္ေတြမွာ အခ်ိဳဓာတ္နဲ႔ ေဆးသၾကားပါဝင္မႈ အလြန္မ်ားျပားပါတယ္။ အဲဒီ အခ်ိဳဓာတ္ ေတြဟာ ဆီးခ်ိဳေရာဂါတစ္ခုတည္းကို ျဖစ္ေစႏိုင္တာ မဟုတ္ပါဘူး။ ေသြးတြင္း အခ်ိဳဓာတ္မ်ားျခင္းဟာ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာဆိုင္ရာ လြဲေခ်ာ္မႈေတြကို ျဖစ္ေစႏိုင္ၿပီး မွားယြင္းတဲ့ဆံုးျဖတ္ခ်က္ေတြကို ခ်မိေစႏိုင္ပါတယ္။ ဒါ့အျပင္ ခ်င့္ခ်ိန္ေတြးေခၚႏိုင္စြမ္းနဲ႔ စနစ္တက် အလုပ္လုပ္ကိုင္ႏိုင္စြမ္း ကိုလည္း ဆံုး႐ႈံးေစပါတယ္။

 

Pissaya

{Unicode}

======

မှတ်ဉာဏ်အားကို ⁠လျော့နည်း⁠စေနိုင်တဲ့ အစားအစာ⁠များ

 

မြန်မာလူမျိုးတွေရဲ့ အဓိကစားသုံးကုန်ဖြစ်တဲ့ ထမင်းဖြူဟာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်အပိုင်းကို အကျိုးသက်ရောက်မှု ရှိစေနိုင် ပါတယ်။ ဒါ့အပြင် ထမင်းဖြူကစိတ်ကျရောဂါနဲ့လည်း ဆက်နွယ်နေနိုင်ပါသေးတယ်။ ဒါကြောင့်ထမင်းချက်စားရင် ဆန်ညိုထမင်းကိုလည်း ရောနှောစားသုံးပေး သင့်ပါတယ်။

 

တူနာငါးထဲမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထူးအကျိုး ဖြစ်ထွန်းစေနိုင်ပါတယ်။ သို့သော် ပမာဏနည်းနည်းနဲ့ ချင့်ချိန်စားသုံးပေးသင့်ပါတယ်။ တူနာငါးကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် မာကျူရီဓာတ် များပြားမှုကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက် စေနိုင်ပြီး မှတ်ဉာဏ်အားနည်းစေနိုင်ပါတယ်။

 

ပဲပုပ်နဲ့ပြုလုပ်တဲ့ တို့ဟူး၊ ပဲပြား၊ ပဲငံပြာရည်၊ ပဲငပိ စတာတွေဟာ သင့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုဖြစ်စေနိုင်ပါတယ်။ ပဲပုပ်ထဲမှာ ဆိုဒီယမ်နဲ့ ဆား ပမာဏများစွာ ပါဝင်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပဲပုပ်ကို အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးတိုးရောဂါလည်း ဖြစ်စေနိုင်ပြီး ဦးနှောက်ထဲကို သွေးနဲ့အောက်ဆီဂျင်တွေ စီးဆင်းမှုကို ပိတ်ပင်တားဆီး နိုင်တဲ့အတွက် မှတ်ဉာဏ်ဆုံးရှုံးခြင်းလိုမျိုး၊ စဉ်းစားချင့်ချိန်နိုင်စွမ်း လျော့ကျခြင်း လိုမျိုး ပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။

 

အရက်သောက်ခြင်းဟာ ဦးနှောက်ပေါ်ကို ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အရက်ကို ပမာဏတစ်ခုနဲ့ ချင့်ချိန်သောက်သုံးခြင်းကတောင် ဦးနှောက်ဆဲလ်တွေကို အားနည်းစေနိုင်ပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

ဆေးသကြားများတဲ့ အချိုရည်တွေအသင့်ဖျော်စပ် သောက်သုံးနိုင်တဲ့ အချိုရည်တွေမှာ အချိုဓာတ်နဲ့ ဆေးသကြားပါဝင်မှု အလွန်များပြားပါတယ်။ အဲဒီ အချိုဓာတ် တွေဟာ ဆီးချိုရောဂါတစ်ခုတည်းကို ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ သွေးတွင်း အချိုဓာတ်များခြင်းဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လွဲချော်မှုတွေကို ဖြစ်စေနိုင်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ချမိစေနိုင်ပါတယ်။ ဒါ့အပြင် ချင့်ချိန်တွေးခေါ်နိုင်စွမ်းနဲ့ စနစ်တကျ အလုပ်လုပ်ကိုင်နိုင်စွမ်း ကိုလည်း ဆုံးရှုံးစေပါတယ်။

Read times
Rate this item
(0 votes)