What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 July 2020 15:19

Coronavirus ကို ထိန်းချုပ်ရန် စျေးသက်သာပြီး ရိုးရှင်းသောနည်းလမ်း

Coronavirus ကို ထိန်းချုပ်ရန် စျေးသက်သာပြီး ရိုးရှင်းသောနည်းလမ်း The New York Time

အသုံးပြုရ လွယ်ကူသော စစ်ဆေးမှုများနှင့် အတူ လူတိုင်းသည်

နေ့စဉ်မိမိကိုယ်ကို အိမ်မှာ coronavirus စစ်ဆေးနိုင်သည့် ဆေးရည်ထည့်ထားသည့် ပြွန်ငယ်ထဲ တံထွေး ထွေးထည့်ပြီး ဆေးစစ်သည့်နည်းအပါအဝင် ဆေးစစ်နည်းများကပ်ရောဂါ ကူးစက်ပျံ့နှံ့ခြင်းကို နှောင့်နှေးစေမည့်အပြင် ဆေးစစ်မှုကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်စေမည်ဖြစ်ရာ FDA က အားပေးသင့်ပြီး ဆေးစစ်နည်းအား အတည်ပြုပေးသည့်လုပ်ငန်းစဉ်ကိုလည်း မြန်ဆန်အောင် လုပ်သင့်သည်ဟု ဘော်စတွန်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခဖြစ်သူ Mr. Kotlikoff နှင့် Harvard T.H. Chan School of Public Health၏ ရောဂါကူးစက်ရောဂါဆိုင်ရာလက်ထောက်ပါမောက္ခ Dr. Mina တို့က ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့ကြသည်။ 

 

နည်းလမ်းတစ်သွယ်မှာ စက္ကူပိုင်းငယ် ဆေးစစ်နည်းများဖြစ်ပြီး နေ့စဉ်ဆေးစစ်မှု ခံယူရန် လွယ်ကူနေစေပြီး ဈေးလည်း မကြီး။


ဆေးပျော်ရည်ထည့်ထားသည့် ပြွန်ငယ်ထဲ တံထွေး ထွေးထည့်ပြီး ပရိုတင်းသုတ်လိမ်းထားသေ စက္ကူစကို အရည်ထဲ ထိုးနှစ်ပြီး ဆေးစစ်ကြည့်နိုင်သည်. ဗိုင်းရပ်စ်ကူးစက်မှု ရှိနေလျှင် စက္ကူသည် ၁၅ မိနစ်အတွင်း အရောင်ပြောင်းလဲသွားလိမ့်မည်။

 

နောက်တစ်ဆင့်မှာ မိမိဘာသာ quarantine ရန်ဖြစ်ပြီး ပိုသေချ‌ာအောင် အာခေါင်မှ တို့ဖတ်ရယူပြီး ဆေးစစ်မှု ခံယူရမည် ဖြစ်သည်။ ပိုးကူးစက်ခံရသည်မှာ သေချာလျှင် quarantine ဆက်လက် နေထိုင်ပြီး နေ့စဉ် ဆေးစစ်ချက်တို့ ပိုးမရှိကြောင်း ပြသမှ ပြီးဆုံးမည် ဖြစ်သည်။

 

E25Bio, Sherlock Biosciences, Mammoth Biosciences တို့သည် သုတေသနများ လုပ်ကိုင်လျက်ရှိရာ နေ့စဉ် Covid-19 ဆေးစစ်နည်း ရိုးရိုးရှင်းရှင်းများကို စက္ကူစဖြင့် အဖြေထုတ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အချို့နည်းလမ်းများကို နေ့စဉ်ဆေးစစ်နည်းအဖြစ် လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်နေပြီး ထိရောက်မှု မြင့်မားကြောင်း အတည်ပြုပေးခဲ့သည်။

 

ဆေးစစ်စက္ကူစကို အမြောက်အမြား ထုတ်လုပ်မည် ဆိုပါက ဈေးနှုန်းသည် တစ်ကြိမ်စာကို ဒေါ်လာ ၁ မှ ၅ အထိသာ ကုန်ကျမည်။ ကုန်ရကျိုး ထိရောက်မှု ရှိသည်။


အာခေါင်တို့ဖတ် ဆေးစစ်ခြင်းသည် ဒေါ်လာ ၅၀ မှ ၁၅၀ အထိ ကုန်ကျစရိတ်အထိ အစားစား ရှိသည်။ ထို့ပြင် ပိုးလုံသည့် ဓာတ်ခွဲခန်း ရှိဖိုံလိုသည်။ ရက်အတန်ကြာမှ အဖြေကို သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ပိုးကူးးစက်ခံလူနာ ၁၀ ဦးလျှင် ၉ ဦးသည် ဆေးစစ်ခံထားခြင်း မရှိကြဟု Centers for Disease Control and Prevention ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆေးးစစ်ဖူးသူတို့မှာလည်း များသောအားဖြင့် တစ်ကြိမ်သာ ဆေးစစ်ခံဖူးသည်ဟု ဖော်ပြထားသည်။

 

Ref: The New York Time

Read times
Rate this item
(3 votes)