What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 August 2021 09:30

ရုရှားပြန် လေယာဉ်မှ ကူးစက်မှု ပြည်နယ် ၁၅ ခု ပျံ့နှံ့

ရုရှားပြန် လေယာဉ်ဖြင့် ပါလာသည့် ကိုဗစ် Delta မျိုးကွဲက တရုတ်ပြည်မှာ ပြည်နယ် ၃၂ ခု ရှိသည့်အနက် ၁၅ ခုတွင် ကူးစက်ပျံ့နှံ့ နေပါသည်။

Saturday, 31 July 2021 13:07

အောက်ဆီဂျင် အရှူလွန်ပြီး အဆုတ်ကွဲ သေတယ်ဆိုတာ မဟုတ်ပါဘူ:

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်က အွန်လိုင်းမှာ မေးမြန်းမှုများကို ဖြေကြားပေးနေပြီး၊

Friday, 30 July 2021 16:31

ကိုဗစ် Delta ကူးစက်မှု ဘီဂျင်းမြို့တော်သို့ ရောက်ရှိ

၂၀၂၀ အစောပိုင်းတွင်ကမ္ဘာ့ပထမဦးဆုံး ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု ဝူဟံမြို့မှာ စတင်ဖြစ်ပွားပြီး တစ်ကမ္ဘာလုံး ပျံ့နှံ့ရောက်ရှိနေစဉ် တရုတ်နိုင်ငံသည် ကပ်ရောဂါကို ထိန်းချုပ်နှိမ်နင်းနိုင်ခဲ့သည့် အောင်မြင်မှုကို ဂုဏ်ယူခဲ့သည်။

Sunday, 25 July 2021 11:30

မြန်မာလုပ်သားများ လုပ်ကိုင်နေသည့် ကြက်စက်ရုံတွင် ပိုးရှိလူနာ တစ်ထောင်ကျော်တွေ့

ထိုင်းနိုင်ငံ Bung Sam Phan ခရိုင်ရှိ ကြက်သား ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် coronavirus ကူးစက်ခံထားရသူ ၁,၀၀၀ ကျော် တွေ့ရှိခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။

Saturday, 24 July 2021 12:49

Sinopharm ကုမ္ပဏီထုတ် COVID-19 ရောဂါကာကွယ်ဆေးများရောက်ရှိ

  တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများ ပေကျင်း- ရန်ကုန်ပြေးဆွဲသည့် Air-China CA-589 လေယာဉ် ဖြင့်

Thursday, 22 July 2021 15:38

FDA မှ COVID-19 ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လိုသော/မလိုသော ဆေးပစ္စည်းအမျိုးအမည်စာရင်း

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ဖြေလျော့ပေးမှုများစာရင်းကို ဖော်ပြအပ်ပါသည်။

Wednesday, 14 July 2021 08:47

Covid19ရောဂါ ခံစားနေရသူများအား အိမ်တွင် ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့် ၅ ဆင့်

Covid19ရောဂါ ခံစားနေရသူများအား အိမ်တွင် ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့် ၅ ဆင့်အများပြည်သူအတွက်World Health OrganizationMyanmar အများအားဖြင့် Covid19 ရောဂါဖြစ်ပွားမှုများမှာ မပြင်းထန် သော အဆင့် သို့မဟုတ် အလယ်အလတ်အဆင့်မျိုးဖြစ်ကြပြီး နေအိမ်တွင် ပြုစုစောင့်ရှောက်၍ ရနိုင်ပါသည်။ သင်သည် Covid19 ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိပြီး သင့်တွင် ရောဂါလက္ခဏာများ ခံစားတွေ့ကြုံရလာပါက သို့မဟုတ် သင်သည် Covid19 ရောဂါပိုးရှိနေပြီဟု သံသယရှိပါက သင့်ကိုယ်သင် ဂရုစိုက်နိုင်ပြီး လိုအပ်ပါက ဆေးရုံသို့သွားရန် သိထားသင့်သည့် အချက် (၅) ချက်ကို အောက်ပါအတိုင်း ရှင်းလင်း တင်ပြအပ်ပါသည်။ အဆင့် (၁)#Covid19 ရောဂါ လက္ခဏာများအား သတိထား စောင့်ကြည့်ပါ။Covid19 ရောဂါလက္ခဏာများမှာ ကွဲပြားနိုင်ပါသည်။ အများအားဖြင့် တွေ့ရှိရသော လက္ခဏာများမှာ ကိုယ်ပူခြင်း၊ အဖျားရှိခြင်း ၊ ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ မျက်စိနီခြင်းနှင့် ခေါင်းကိုက်ခြင်း တို့ဖြစ်ပါသည်။အသက်ရှူရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်၍ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သို့မဟုတ် မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်း၊ မှိန်းခြင်းများဖြစ်ပေါ် လာပါက ရောဂါပြင်းထန်သော လက္ခဏာများဖြစ်ပါသည်။ ထိုကဲ့သို့ ပြင်းထန်သော လက္ခဏာများတွေ့ရှိရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူများကို ချက်ချင်း အကူအညီတောင်းပါ။သင့်တွင် Covid19 ရောဂါလက္ခဏာများတွေ့ကြုံခံစားလာရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူ တစ်ဦးနှင့် တိုင်ပင်ပါ၊ Covid19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေး ပါ၊ အဆင့် (၂)#မိမိကိုယ်ကိုဂရုစိုက်ပါ။ကောင်းစွာ အနားယူပါ၊ အခြားသူများနှင့် ခပ်ခွာခွာ နေပါ။ သို့မဟုတ် လေကောင်း လေသန့် ကောင်းမွန်စွာရရှိသောအခန်းတွင် သီးခြားနေထိုင်ပါ၊ရေဓာတ်အလုံအလောက်ရရှိစေရန် အရည်များများသောက်ပါ။ အခြားသူများနှင့်အတူ အခန်းတွင်းရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ထားပါ၊အာဟာရပြည့်ဝအောင် စားသုံးပါ။ကိုယ်ပူ၍ အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း (သို့) ခေါင်းကိုက်ခြင်းများ ခံစားရပါက ပါရာစီတမောသောက်ပါ။ (သောက်ရမည့် ပမာဏနှင့်အကြိမ် အရေအတွက်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူတစ်ဦးထံမှ အကြံဉာဏ်တောင်းပါ) အဖျားမကျပါက နဖူးပေါ်တွင် အေးသော အဝတ်စ တစ်ခုကို တင်ထားပေးပါ။ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားပါက Oxygen တိုင်း ကိရိယာဖြင့် Oxygen level ကို စစ်ဆေးပါ (အဆင့် ၄ နှင့် ၅ တွင် အသေးစိတ် ရေးထားပါသည်)ကိုယ်ပူ၍ အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းများ အတွက် ပါရာစီတမော သောက်ရာမှလွှဲ၍ ဆေးများကို ကိုယ်တိုင်ဆုံးဖြတ်၍ သောက်ခြင်းကို ရှောင်ကြဉ်ပါ၊အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှ မထနိုင်၍ မိမိကိုယ်ကို ဂရုမစိုက်နိုင် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သို့မဟုတ် မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်းများ ဖြစ်ပေါ် လာပါက ရောဂါပြင်းထန်သော လက္ခဏာများဖြစ်ပါသည်။ ထိုကဲ့သို့ လက္ခဏာများ တွေ့ရှိရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ချက်ချင်း အကူအညီတောင်းပါ၊ အဆင့် (၃)#အတူနေသူများကိုကာကွယ်ပါ။လေဝင်လေထွက်ကောင်းသော အခန်းတွင် သီးသန့်နေထိုင်ခြင်း ဖြင့် အခြားသူများနှင့် ခပ်ဝေးဝေးနေပါ။ သို့မဟုတ် ဖြစ်နိုင်ပါက အနည်းဆုံး တစ်မီတာ အကွာတွင် နေထိုင်ပါ။ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပါ။ တစ်မိုးအောက် အတူနေ အခြားသူများကိုလည်း ပါးစပ်၊နှာခေါင်းစည်း ဝတ်ဆင်ပါစေ။ဆပ်ပြာနှင့်ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်ပါ။အစာစားခြင်း၊ အရည်သောက်ခြင်းများအတွက် ပန်းကန် ခွက်ယောက်ကို သီးသန့် ခွဲသုံးပါ။သင်၏ စွန့်ပစ်ပစ္စည်းများကို သေချာစွာ ထုတ်ပိုးပြီး အဖုံးပါသော အမှိုက်ပုံးထဲ သီးသန့် စွန့်ပစ်ပါ။ ထို့နောက် သီးသန့် ဖယ်ရှားပေးပါ။မိမိကို ပြုစုစောင့်ရှောက်ပေးသူအား ပါးစပ်၊နှာခေါင်းစည်း သေချာ ဝတ်ဆင်စေပါ။ ဆပ်ပြာနှင့်ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောငစပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်စေပါ။လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။ အဆင့် (၄)#သွေးတွင်း အောက်ဆီဂျင်တိုင်း တာစက် (pulse oximeter) အသုံးပြုရန် အကြံပြုချက်ရရှိပါကစိတ်ချ လုံခြုံစွာ မည်သို့ အသုံးပြုရမည်ကို သေချာသိအောင် လုပ်ပါ။ သင့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူက သေချာ ပြောပြပေးပါလိမ့်မည်။ ထိုသို့မဟုတ်ပါက မေးပါ။သွေးတွင်း အောက်ဆီဂျင်တိုင်းတာစက် (pulse oximeter) ကို အသုံးပြုပြီး တစ်နေ့ (၃) ကြိမ် သွေးတွင်းရှိ အောက်ဆီဂျင် ကို တိုင်းတာပါ။ (သို့) သင့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေး သူက ပေးသည့် အကြံပြုချက်ကို လိုက်နာပါ။ အဆင့် (၅)#သွေးတွင်း အောက်ဆီဂျင် အနည်းအများ ပမာဏသည် အလွန်အရေးကြီးသည်။ အောက်ပါ အချက်များမှာ အထွေထွေ ညွှန်ကြားချက်များဖြစ်သည်။ သို့သော် သင့် အခြေအနေပေါ်မူတည်ပြီး သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ပေးသည့်အကြံပြုချက်များကို လိုက်နာပါ။သွေးတွင်း အောက်ဆီဂျင် မည်မျှရှိသည်ဖြစ်စေ - အသက်ရှူရခက်ခဲခြင်း၊ အိပ်ရာမှ မထနိုင်ခြင်း သို့မဟုတ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို မိမိကိုယ်တိုင် မလုပ်နိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အာရုံထွေပြား / အိပ်ငိုက် / မှိန်းနေခြင်းတို့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ထံမှ ချက်ချင်း အကူအညီ ရယူပါ။ သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၄) ရာခိုင်နှုန်းနှင့်အထက်ရှိပါက အထက်တွင် ပြောထားသည့်အတိုင်း သွေးတွင်း အောက်ဆီဂျင်ပမာဏကို ဆက်လက်တိုင်းတာနေပါ။ သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်းနှင့် အထက်ရှိသော်လည်း (၉၄) ရာခိုင်နှုန်းနှင့် အောက်ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပါ၊ သို့မဟုတ် ဆေးရုံတက်ရောက် ကုသခွင့်ရယူပါ။ သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အောက်ဆီဂျင်ရှူရန် အကြံပြုပါက (မလိုအပ်နိုင်သော်လည်း) အောက်ဆီဂျင်ရှူပါ။ သင်၏ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးသူက စတီးရိုက် (steroid) ဆေးများ ညွှန်ကြားပါက ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ စတီးရိုက် (steroid) ဆေးများကို မိမိ သဘောဖြင့် သောက်သုံးခြင်း မပြုရပါ။ အိပ်ရာတွင် ဟိုဘက်သည်ဘက်(ဘယ်၊ညာ)လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း ပက်လက်အိပ်ခြင်းထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ၊ပြုလုပ်ပေးပါ။ သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်းနှင့်အောက်ရှိပါက ပြင်းထန်သော Covid19 ရောဂါ ဖြစ်သည်။ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပြီး ချက်ချင်း ဆေးရုံတက်ရောက် ကုသမှု ခံယူပါ။သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အကြံပြုချက်အတိုင်း အောက်ဆီဂျင်ရှူပါ။သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ညွန်ကြားချက်အတိုင်း စတီးရိုက် (steroid) ဆေးများ သောက်သုံးပါ။အိပ်ရာတွင် ဟိုဘက်သည်ဘက်(ဘယ် ၊ညာ)လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း၊ ပက်လက်အိပ်ခြင်း၊ ထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ပြုလုပ်ပေးပါ။     " class="img-responsive"   " class="img-responsive"   " class="img-responsive"   " class="img-responsive"   " class="img-responsive"

Friday, 09 July 2021 14:10

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး သန်း ၃၀ တွင် နှစ်သန်း ရရှိထားပြီး နောက်ထပ် ၂၈ သန်း ရရှိရန် ရှိကြောင်းသိရ

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါကာကွယ်ဆေး သန်း ၃၀ တွင် နှစ်သန်းရရှိထားပြီး နောက်ထပ်၂၈ သန်း ရရှိရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုရောဂါကူးစက်တိုက် ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အိန္ဒိယက ဝယ်ထားတဲ့ဆေးက သန်း ၃၀ ဝယ်ထားတယ်။

Tuesday, 06 July 2021 13:49

Covid-19 ကန့်သတ်ချက်များ အားလုံးနီးပါး အင်္ဂလန်တွင် ရုပ်သိမ်းတော့မည်

Covid-19 ကန့်သတ်ချက်များ အားလု့းနီးပါး အင်္ဂလန်တွင် ရုပ်သိမ်းတော့မည်။