What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 13:51

ကိုဗစ်ဆေးစက်ကိရိယာများ တင်ဆောင်သည့် ရုရှားစစ်လေယာဉ် အမေရိကန်သို ဆိုက်ရောက်

ထရန့် -ပူတင် ဖုန်းဖြင့် ပြောဆိုခြင်း၏ ရလဒ်အဖြစ် ရုရှားစစ်လေယာဉ်တစ်စင်းသည် ဆေးဘက်သုံး စက်ကိရိယာများတင်ဆောင်ပြီး

Thursday, 02 April 2020 09:34

ဆာဂျီကယ်မတ်စ် မှာ ဘာအတွက် သုံးလွှာ ထည့်ပေးထားတာလဲ

ဆာဂျီကယ်မတ်စ် မှာ ဘာအတွက် သုံးလွှာ ထည့်ပေးထားတာလဲ ခွဲစိတ်ခန်းသုံး နှာစည်း(ဆာဂျီကယ်မတ်စ်)တို့ကို ယခုအခါ အကာအကွယ်ဖြင့် ဝတ်ဆင်ကြရသည်။ ယင်း နှာစည်း တို့သည် အရွယ်အတန်ကြီးသော အရည်စက်တို့ကို ကာကွယ်ရန် ဒီဇိုင်းထုတ်ပေး ထားသည်။. လူတစ်ဦး၏ ပါစပ်မှ ထွက်စင်သော အရည်စက်များကို ကာကွယ်ပေးနိုင်သည်။ သို့ဖြစ်ရာ ပါးစပ်မှတစ်ဆင့် ထုတ်လွှတ်သော ရောဂါပိုးများကို ကူးစက်ခြင်း မပြုအောင် တားဆီး ပေးသည်။ ယင်း ဆာဂျီကယ်မတ်စ်တို့သည် အရွယ်အစား ၂ မိုက်ခရွန် (ဝ.၀၀၂ မီလီမီတာ)အချင်းထက် သေးငယ်သည့် အမှုန်အမွှား အသေးစားများကို ကာကွယ်ပေးနိုင်ခြင်း မရှိချေ။ နှာခေါင်းပေါ် အုပ်ကာသည့်နေရာအစွန်းတွင် ချောင်ချိနေပါ လုံခြုံမှု မရှိနိုင်ပါ။ 1 အပြင်လွှာသည် hydrophobic layer ရေငြင်းဆန်အလွှာ ရေ၊ အရည်၊ သွေး၊ ကိုယ်ခန္ဓာမှ ထွက်သည့်အရည်တို့ကို တားဆီးတွန်းလှန်ပေးသည်။ 2 အလယ်လွှာသည် ဘက်တီးရီးယားများကို ဇကာစစ်ပေးသည်။ 3 အတွင်းလွှာသည် hydrophilic layer ရေစုပ်လွှာ ဖြစ်သည်။ ပါးစပ်မှ ထွက်သည့် သွားရည် တံတွေး၊ မျက်နှာမှ ထွက်သည့် ချွေးတို့ကို စုပ်ယူသည်။  

Thursday, 02 April 2020 08:43

ဗီယက်နမ် လော့ဒေါင်းစတင်

ဗီယက်နမ် လော့ဒေါင်းစတင်

Thursday, 02 April 2020 08:14

(၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ   ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၃၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁-၄-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၆) ဦး ရှိပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁-၄-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၆)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိပါသည်။ ၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၄) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိ ပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။ ၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်ှနှိုးဆော် အပ်ပါသည်။