What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 18:00

ကိုဗစ် lockdown ချိုးဖောက်သူ ပစ်သတ်ခံရမည်ဟု ဒူတာတေး သတိပေး

90251442_832926683874316_4730726126572273664_n.png

 

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ရဲတပ်ဖွဲ့နှင့ ်စစ်တပ်တို့ကို ကိုဗစ် လော့ဒေါင်း စီမံချက်ကို ချိုးဖောက်ပြီး ပြဿနာလုပ်သည့်သူများကို ပစ်သတ်ရန် အမိန့်ပေးလိုက်သည်။

 

ဒူတာတေးက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ အိမ်မှာ နေခိုင်းသည့် ကွာရင်တိုင်းစီမံချက်ကို လူတိုင်း လိုက်နာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ပူးပေါင်းကူညီခြင်း မရှိပါက ကြီးလေးသည့်ပြစ်မှုဖြစ်သည်ဟု သူက ပြောကြားသည်။


“ကျွန်တော် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို အမိန့်တွေ ပေးထားတယ်။ အဲဒီမှာ တကယ်လို့ ပြန်လည်တိုက်ခိုက်ရင်ဖြစ်ဖြစ်၊ လုံခြုံရေးဝန်ထမ်းတွေ အသက်အန္တရယ် ရှိရင်ဖြစ်ဖြစ် အသေပစ်သတ်ဖို့ ပြောထားတယ်” ဟု ပြောကြားလိုက်သည်။ “အဲဒါကို နားလည်လား။ သေမယ်။ ပြဿနာတော့ အတက်မခံဘူး။ ခင်ဗျားတို့ကို မြေမြှုပ်သဂြိုလ်မယ်”

 

ယခုလို သတိပေး ပြောကြားရသည်မှာ အကြောင်းရှိသည်။ မနီလာမြို့တော်ရှိ Quezon City တွင် ဗုဒ္ဓဟူးနေ့က လူ နှစ်ဆယ်ဝန်းကျင်က ဆန္ဒပြခဲ့ပြီး ရဲနှင့် ပဋိပက္ခများ ထိပ်တိုက် ဖြစ်ပွားခဲ့သည်။

 

မနီလာသည် ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး လူဇွန်ကျွန်းပေါ်တွင် တည်ရှိသည်။ လူဦးရေ ၅၇ သန်း ကျော် နေထိုင်လျက် ရှိသည်။ ယခုအခါ တစ်လကြာ လော့ဒေါင်းစီမံချက်ကို ပြဋ္ဌာန်းထားသည်။

 

လမ်းများကို ပိုးသတ်ဆေးပါသည့် ရေများဖြင့် ထိုးဆေးခြင်း အပါအဝင် စီမံချက် အမျိုးမျိုးကို ဆောင်ရွက်လျက် ရှိသည်။

 

ပြီးခဲ့သည့် သောကြာနေ့အထိ လူဦးရေ ၁၀၇ သန်း ရှိသော နိုင်ငံအတွင်း အတည်ပြု ပိုးကူးစက်သူ ၂၃၁၁ ဦး ရှိပြီး သေဆုံးသူ ၉၆ ဦး ရှိပြီ ဖြစ်သည်။

 

“ပိုပိုဆိုးလာနေတယ်။ ဒီတော့ ခင်ဗျားတို့ကို ကျွန်တော် ထပ်ပြောမယ်။ ပြဿနာက ပြင်းထန်တယ်။ ဒီတော့ ခင်ဗျားတို့ လိုက်နာကြမှ ဖြစ်မယ်” ဟု ဒူတာတေးက ပြောသည်။

 

ရဲချုပ်က သတင်းဌာနအချို့တို့ကို ဒူတာတေး မိန့်ခွန်းပြောခဲ့ပြီး နောက်တစ်နေ့တွင် ပြောကြားရာ၌ ဒူတာတေးသည် လူထုသည် အမိန့်ကို လိုက်နာဖို့အတွက် အလေးအနက်ထားစေရန် ယခုလို ပြောကြားခြင်း ဖြစ်ကြောင်း၊ တကယ့်လက်တွေ့တွင် ပစ်သတ်ခြင်း မရှိကြောင်း ရှင်းလင်းပြေကြားခဲ့သည်။

90165828_212716063139335_1462378197545910272_n.png

Ref: Fox News

Read times Last modified on Thursday, 02 April 2020 22:49
Rate this item
(1 Vote)