What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 March 2020 19:56

(၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် နေထိုင်သော အသက် (၂၇) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ (၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ မူဆယ်မြို့နယ်စပ်ဝင်ထွက်ဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများမှ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကိုယ်အပူ ချိန်မြင့်တက် လျက်ရှိကြောင်းတွေ့ရှိရသဖြင့် လူနာအားစစ်ဆေးခဲ့ရာ (၂-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်းသိရှိရသည့်အတွက် မူဆယ်ပြည်သူ့ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအမျိုးသမီး၌ လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

 

၃။ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော -

(က) ဝေဘာဂီ အထူးကုဆေးရုံမှ အသက် (၃၂) နှစ် အရွယ် အမျိုးသမီး (၁) ဦး နှင့်

(ခ) မူဆယ်ပြည်သူ့ဆေးရုံမှ အသက် (၉) နှစ်အရွယ် အမျိုးသား (၁) ဦး၊

စုစုပေါင်း (၂) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၄။ ယနေ့ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၃) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

၅။ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုခံယူနေသော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယနေ့၊ ညနေစစ်ဆေးချက်များအရ ကျန်းမာရေးအခြေအနေကောင်းမွန်ပါသည်။

 

၆။ (၅-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

(Zawgyi)

=======

(၅-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ ၊ COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံ (၇၇) ႏိုင္ငံတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ား ႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၂၇) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွ (၄-၃-၂၀၂၀) ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့ရာ မူဆယ္ၿမိဳ႕နယ္စပ္ဝင္ထြက္ဂိတ္၌ က်န္းမာေရး ဝန္ထမ္းမ်ားမွ အဖ်ားေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနခ်ိန္တြင္ ကိုယ္အပူ ခ်ိန္ျမင့္တက္ လ်က္ရွိေၾကာင္းေတြ႕ရွိရသျဖင့္ လူနာအားစစ္ေဆးခဲ့ရာ (၂-၃-၂၀၂၀) ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း ေရာဂါလကၡဏာမ်ား ခံစားခဲ့ရေၾကာင္းသိရွိရသည့္အတြက္ မူဆယ္ျပည္သူ႔ ေဆး႐ုံသို႔ ၫႊန္းပို႔ခဲ့ပါသည္။ ၎အားေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈ ေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔ စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ အဆိုပါအမ်ိဳးသမီး၌ လတ္တေလာျပင္းထန္အသက္ရႉ လမ္းေၾကာင္း ဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။

 

၃။ (၅-၃-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ ဓာတ္ခြဲအေျဖျပန္ၾကားခ်က္အရ သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိေသာ -

(က) ေဝဘာဂီ အထူးကုေဆး႐ုံမွ အသက္ (၃၂) ႏွစ္ အ႐ြယ္ အမ်ိဳးသမီး (၁) ဦး ႏွင့္

(ခ) မူဆယ္ျပည္သူ႔ေဆး႐ုံမွ အသက္ (၉) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦး၊

စုစုေပါင္း (၂) ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။

 

၄။ ယေန႔ (၅-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ လူနာ (၃) ဦးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

 

၅။ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ေဆး႐ုံတြင္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈခံယူေနေသာ အသက္ (၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦးသည္ ယေန႔၊ ညေနစစ္ေဆးခ်က္မ်ားအရ က်န္းမာေရးအေျခအေနေကာင္းမြန္ပါသည္။

 

၆။ (၅-၃-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ႏိုင္ငံ (၇၇) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာ ေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Read times
Rate this item
(0 votes)