What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 April 2020 10:41

မြန်မာနိုင်ငံတွင် Covid-19 စောင့်ကြည့်လူနာ (၇၀၀) နီးပါးရှိပြီး (၆၀၀) ကျော် ပိုးမတွေ့

90251442_832926683874316_4730726126572273664_n.png

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Surveillance Dashboard ရှိ ဧပြီလ ၃ ရက်နေ့၊ ည ၈ နာရီ စာရင်းများအရ လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 စောင့်ကြည့်လူနာ (၆၈၈) ဦးနှင့် သံသယလူနာ (၂) ဦးရှိပြီး ၄င်းတို့အနက် (၆၁၆) ဦးမှာ ပိုးမတွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၅၄) ဦးရှိပြီး မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ (၁) ဦး ရှိသည်။

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက်...

- ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊

- ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး၊

- မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊

- နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊

- ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊

- ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄) ဦး

စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးကို အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ သွားလာနေထိုင်ခဲ့သော ခရီးလမ်းကြောင်းများနှင့် ၄င်းတို့နှင့် ထိတွေ့ခဲ့သူများအနေဖြင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဆိုဒ်တွင် ထုတ်ပြန်ထားသည်။

 

90165828_212716063139335_1462378197545910272_n.png

Yangon Directory

Read times
Rate this item
(1 Vote)