What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 April 2020 11:14

ဗိုင်းရပ်စ်အခက်က လေကြောင်းလိုင်းအတွက် အမြတ်ကြီးစားဖို့ အချက်လေလား

90251442_832926683874316_4730726126572273664_n.png

 

နာမည်ကြီးပြင်သစ်ဆရာဝန် ၂ ယောက်တို့ရဲ့ တယ်လီဗေးရှင်းအစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စမ်းသပ်မှု ကို အာဖရိကမှာလုပ်ရင် မကောင်းဘူးလားဆိုတဲ့ ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး နာမည်ကျော်ဘောလုံးအားကစားသမားဟောင်းဖြစ်တဲ့ Didier Drogba က ပြင်းပြင်းထန်ထန်တုန့်ပြန့်ဝေဖန်ခဲ့ပါတယ်။

 

Camille Locht နဲ့ Jean-Paul Mira တို့က ကိုဗစ်နဲ့ပတ်သက်တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ကိုဗစ်ကာကွယ် ဆေးအတွက် စမ်းသပ်မှုကို အာဖရိကမှလုပ်ဖို့အကြံပြုခဲ့ကြတာဖြစ်ပြီး အာဖရိကမှာလိင်လုပ်သားတွေရှိတဲ့ အတွက်သူတို့မှာ HIV ရှိပြီးသားဖြစ်လို့ ဒီလိုစမ်းသပ်ရင်မကောင်းဘူးလားဆိုပြီး တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Didier Drogba က အာဖရိကဆိုတာ အစမ်းသပ်ခံမဟုတ်ပါဘူး။

 

လူသားတွေပါပဲ။ လူမျိုးရေး ခွဲခြားမှုတစ်ခုလို့တောင်မြင်ပါတယ် ဆိုပြီးတုန့်ပြန်မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ အလားတူပင် Samuel Eto’o နဲ့အခြားသော နာမည်ကြီးဘောလုံးအားကစားသမားအချို့ကလည်း ဒါနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ကြပါတယ်။

 

Camille Locht နဲ့ Jean-Paul Mira တို့ကတော့ သူတို့ရဲ့ပြောဆိုမှုက အဲဒီလိုမဟုတ်ဘူးဆိုတဲ့အကြောင့် နားလည်မှုလွဲတာသာဖြစ်ကြောင်း တောင်းပန်ခဲ့ကြပါတယ်။

90165828_212716063139335_1462378197545910272_n.png

Ref : Times Live

Read times Last modified on Wednesday, 08 April 2020 11:21
Rate this item
(1 Vote)